**PURPLE-COLOR (ခရမ်း)**
ခရမ်းကို တော်ဝင် အရောင် နန်းဆန်တဲ့ အရောင်လို့ဖွဲ့ဆိုပါတယ်။
ဒါပေမဲ့ဝိဥာဉ်လောကဒဏ္ဍာရီဆန်ဆန်စိတ်ကူးယဉ်လောကတို့နဲ့လဲယှက်နွယ်ပါသေးတယ်
ဆန့်ကျင်ဘက်အပူရောင်ဖြစ်တဲ့ အနီနဲ့အေးမြတဲ့ အပြာပေါင်းဖက်ပြီး
ထွက်ပေါ်လာတဲ့ ခရမ်းရောင် (or) ခရမ်းရောင်ဟာ ထူးခြားလှပတဲ့အရောင်တစ်ခု
ဖြစ်ပါတယ်။ စိတ်လှုပ်ရှားတက်ကြွစရာလဲ ကောင်းပါတယ်။
အနီ ၏တက်ကြွ ခြင်း အပြာ၏ညိမ်းချမ်းခြင်းတို့ခံစားချက် ၂မျိုးရောယှက်နေတဲ့
အရောင် ဖြစ်ပါတယ်။

ဒဏ္ဍာရီဆန်တယ်။မဟာဆန်တယ်လို့ ခံစားရပါတယ်။
စိတ်ကူးယဉ်ဆန်ပြီးတည်ထွင်ဖန်တည်းတတ်သူ နောက် ပြီးလူ ၀င်စားတချို့နဲ့
ပတ်သက်တဲ့ အရောင်ပါ။
**NATURE OF PURPLE**
ခရမ်းရောင်က ထူးခြားပါတယ်။
သဘာဝမှာကိုကlavender/orchid/lilac(ခရမ်းရောင်ကြာ)စတဲ့ခရမ်းရောင်ပန်းပွင့်တွေဟာ
ထူးခြားလှပတဲ့ အဆင်းရနံ့တို့နဲ့ ပြည့်စုံပါတယ်။
အင်အားရှိတဲ့အပူရောင်အနီအင်အားရှိတဲ့အအေးရောင်အပြာတို့ကအခြေခံပြီးလှပဆန်းကြယ်ဒဏ္ဍာရီဆန်တဲ့
ဲ့ခရမ်းရောင်ဟာ နှစ်ချိုက်စရာရောယှက် ထွက်ပေါ်လာခဲ့တာပါ ။

ခရမ်းရောင်ကကလေးတစ်ယောက်ရဲ့တွေးခေါ်တတ်သိမှုကိုမြှင့်တင်နိုင်စွမ်းရှိသလို
အနုပညာရှင်တစ်ယောက်ရဲ့ ဖန်တီးအားကိုလဲ မြှင့်တင်ပေးနိုင်တယ်လို့
ဆိုပါတယ်။
**Culture of PURPLE**
လူမျိုးအတော်များများရဲ့ရိုးရာဓလေ့ထုံးစံရဲ့အရောင်မှာခရမ်းပါလေ့ရှိပါတယ်။
နန်းတွင်းအဆင်တန်ဆာတွေမှာသုံးလေ့ရှိတဲ့အရောင်ဖြစ်ပါတယ်။
**USING - PURPLE - WITH OTHERS –**
ခရမ်းသီးရောင်ခရမ်းကို အသားရောင်၊အညိုဖျော့
များ၊ကြာရောင်များနှင့်တွဲဖက်ပေးလို့ပါတယ်။

-ပန်းရောင်နဲ့ခရမ်းကတော့မိန်းမသဘာဝကိုအပြည့်ဖော်ပြပါတယ်။
လှပတဲ့ ဖက်ရှင်အရောင်ဖြစ်ပါတယ်။
**Purple color palettes**
ခရမ်းကို အစိမ်း ၊ လိမ္မော် ၊ အပြာ ၊ အ၀ါ တို့နဲ့ တွဲစပ်ပေးနိုင်ပါတယ်။
**USING PURPLE –
ခရမ်းရင့်နဲ့ခရမ်းတောက်တောက်တွေကိုကြွယ်ဝချမ်းသာမှုတွေရဲ့နမိတ်အဖြစ်ပြပြီး
ခရမ်းဖျော့ကိုချစ်ခြင်းမေတ္တာသိမ်မွေ့မှုကိုဖော်ပြတဲ့ လိုဂိုဒီဇိုင်းပုံ
၊စာတမ်းတွေမှာ သုံးပါတယ်။
အနီသန်းတဲ့ခရမ်းကိုအပူရောင်လို့သတ်မှတ်ခြင်းထဲပါဝင်ပြိးအပြာရောင်သန်းတဲ့ခရမ်းက
တော့ အအေး ရောင်ဘက်ထဲ ၀င်သလိုလို ရှိတယ်လို့ ဆိုပါတယ်။

-
**LANGUAGE OF PURPLE **-
GOOD - PURPLE
ခရမ်းရောင် နဲ့ပါတ်သက်လို့ ကောင်းတဲ့ဝေါဟာရတွေကတော့
-purple cow -အသိအမှတ်ပြုစရာတစ်ခု၊ သာမန်မဟုတ်သော
-Born to purple-မင်းမျိုး ဆွေ မျိုး တော်ထဲ လူ ဖြစ်ရခြင်း
။
BAD - PURPLE
အဆိုးဝေါဟာရအဖြစ်သုံးတဲ့ ဝေါဟာရကတော့
-purple speech -အလေးအနက်မရှိသော စကား
-purple haze -ဆေးခြောက်တစ်မျိုး
-purple prose -လိမ်ညာမှု ၊ ချဲ့ကားပြောဆိုခြင်း
PURPLE - WORDS
ခရမ်းရောင်ရဲ့ အခြားတင်စားခေါ်ဝေါ်တဲ့ အမည်ကွဲများကတော့
violet
plum
lavender
lilac
puce
thistle
orchid
mauve
magenta
royal
amethyst
wine
pomegranate
egg plant
mulberry
တို့ဖြစ်ကြပါတယ်။

-**PURPLE AROUND THE GLOBE**
-အီဂျစ်အလှဘုရင်မကလီယိုပါထရာရဲ့အနှစ်ချိုက်ဆုံးအရောင်ဟာခရမ်းဖြစ်ပါတယ်။
-ရှေးခေတ်ယိုးဒယားမှာ ခင်ပွနသည် သေဆုံးလို့ ၀မ်းနည်းတမ်းတ ပူဆွေးနေရတဲ့
မုဆိုးမ ၀တ်ဆင်တဲ့ အရောင် ဖြစ်ပါတယ်။
-အမေရိကန်စစ်တပ်ရဲ့ တိုက်ပွဲမှာ ထိခိုက် ဒါဏ်ရာ ပြင်းပြင်းထန်ထန်ရသူ
စစ်သားတွေ အတွက် ဂုဏ်ထူးဆောင် ဆုတံဆိပ်က
ခရမ်းေ၇ာင်နှလုံးသားဆုဘဲဖြစ်ပါတယ်။
-ဂျပန်မှာတော့ ခရမ်းရောင်ဟာ ချမ်းသာမှုနဲ့ ရာထူး ဂုဏ်ရဲ့ အရောင် ပါ။
-ရောမ ဘုရင် ဆီဇာ တွေ ရဲ့ တော်ဝင် အရောင် ဖြစ်ခဲ့ပါတယ်။သူတို့တွေ
မင်းမူစိုးစံ ခဲ့တဲ့ အချိန် ကာလတွေ တုံးက ဧကရာဇ် ဖြစ်သူသာ ၀တ်ဆင် ခွင့်
ရှိတယ်လို့ ပြင်းပြင်းထန်ထန် အမိန့် ချ သတ်မှတ်ခဲ့တဲ့ အရောင်ပါ။
-အီရန်မှာတော့ နေ(သို့) လမှာ ခရမ်းရောင် သမ်းရင်
အဲဒီနှစ်မှာသွေးမြေကျမယ်။တိုင်းပြည် အတွက် မကောင်းနိုင်ဘူးလို့
ယုံကြည်ကြပါတယ်။
-ခရစ်ယာန် အယူဝါဒမှာ ဂုဏ်ယူ စရာ အရောင် ဖြစ်ပါတယ်။ဒါကြောင့် ကက်သလစ်
ဘုန်းတော်ကြီးတွေအပေါ်ရုံ ၀တ်ရုံရှေက ခရမ်းရောင်ပါ။
-နီ ရို ဘုရင် လက်ထက်မှာ ဧကရာဇ်ကလွဲ ခရမ်းရောင် ၀တ်ဆင်သူ အားလုံး အတွက်
သေမိန့် ချမှတ်ခဲ့ ပါတယ်။
-William hennery perkin ဆိုသူက ၁၈၅၆ မှာ စတင်
ထုတ်လုပ်ခဲ့တဲ့အရောင်ပါ။Mauveine လို့ခေါ်ပြီးဒီ ခရမ်းရောင်ကို
ကျောက်မီးသွေးက ထုတ်ယူခဲ့တာဖြစ်ပါတယ်။
-နောက်ပြီး ခရမ်းရောင် ဟာ ဂျူပီတာ ဂြိုလ်ရဲ့ အရောင်ပါ။
-ဖေဖေါ်ဝါရီ လရဲ့ အရောင် ကို ခရမ်းလို့ သတ်မှတ်ထားပါတယ်တဲ့။
-“လီယို နာဒို ဒါဗင်ချီ” က “ခရမ်းရောင်မီး”နဲ့ ဆို တရားရှုမှတ်တဲ့
စွမ်းအင်ဟာနဂိုထက် ၁၀ဆ ပို မြင့်လာမယ်လို့ ယုံ ကြည်စွာပြောခဲ့ ဘူးတယ်။
-အင်္ဂလိပ်လူမျိုးနာမည်ကြီး ကဗျာဆရာမ JENNY JOSEPT ရေးခဲ့တဲ့WARNINGဆိုတဲ့
ကဗျာ ထဲက when I ‘m an old woman……I shall wear purple( ကျမ အရွယ်လွန်
အဖွားကြီးဖြစ်တဲ့ အခါ..ခရမ်းရောင် ၀တ်စုံလေးကို ၀တ်ဆင်ရဦးမှာ…) ဆိုတဲ့
စာပုဒ်လေးက လူတိုင်းရွတ်ဆို ကြတဲ့ အထိ နာမည်ကြီးလူကြိုက်များခဲ့ဘူးပါတယ်။
-၂၀၀၅ ခုနှစ်ကအာကာသထဲ ယူဆောင်သွားတဲ့ မျိုးစေ့က အပင်ပေါက်လာခဲ့တဲ့
ကန်ဇွန်းဥပင်ကို [purple orchid -3](ခရမ်းရောင်သစ်ခွ နံပါတ် သုံး)လို့
နာမည်ပေးခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ SHENZHOU 4 rocket မှာဖြစ်ပါတယ်။
-Pop starတစ်ဦးဖြစ်တဲ့ လူမဲ အဆိုတော် PRINCEရဲ့ အနှစ်သက်ဆုံး
အရောင်ပါ။သူက ဒီ တရောင် ကို ဘဲ မြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့ ပြီး PURPLE
RAIN (ခရမ်းရောင်မိုး)ဆိုတဲ့ သီချင်းကိုလဲ ဆို ခဲ့ပါတယ်။
-မင်းသားကြီး ဂရေဂရီ ပက်တ်နဲ့ မြန်မာမင်းသမီးချောဝင်းမင်းသန်းတို့
တစ်ချိန်ကရိုက် ကူးခဲ့တဲ့ ရုပ်ရှင်ကား PURPLE PLAIN(ခရမ်းရောင်
လွင်ပြင်)ဟာ နာမည် ကြီးရုပ်ရှင်တကားပါ။
-ကလီယို ပါတရာကား ရိုက်ကူးပြီးနာမည် ကြီးခဲ့ တဲ့ မင်း သမီး ကြီး
အယ်လိစ်စဘက်တေလာ [ELIZABETH TAYLOR]ရဲ့ နဂို မျက်လုံးအရောင် အစစ်အမှန် က
ခရမ်းေ၇ာင် ဖြစ်ပြီး သူမရဲ့ က lucky color ကလဲခရမ်းလို့
သူမကပြောခဲ့ပါတယ်။
**PURPLE PHRASES & PURPLE –QUOTES***
• “Oh! I loved red. I am very loyal to my colors.I love violet.”
[ELIZABETH TAYLOR]
• “I think it pisses God off if you walk by the color purple
in a field somewhere and don’t notice it.”
[ALICE WALKER]
PURPLE SONGS
1. Pale purple [Ani Di Franco]
2. Purple[Slapshock]
3. Purple people easter[Sheb Wooley]
4. Purple rain[Prince]
5. Voice green & purple[ The Bee]
PURPLE – GEMSTONE
“amethyst”လို့ခေါ်တဲ့“ခရမ်းစွဲကျောက်”ဟာအထူးအာနိသင်ရှိတဲ့သလင်းကျောက်ဖြစ်ပါ
တယ်။အဲဒီကျောက်ကိုရက်ဘတ်မှာထိကပ်ဆွဲထားရင်လည်းကျန်းမာရေးအတွက်အာနိသင်သက်
ရောက်ပါတယ်။
ကျွန်မတို့ဆီမှာခရမ်းရောင်ကျောက်စိမ်းတစ်မျိုးကို “ ချွမ် ” လို့
ခေါ်တာရှိပါတယ်။အဲဒီ ခရမ်းရောင်
ကျောက်စိမ်းကိုကံကောင်းစေတယ်လာဘ်ဝင်စေတယ်လို့ယူဆပြီးအဆောင်အဖြစ်သိမ်းလေ့ရှိသူ
တွေရှိပါတယ်။ဈေးလည်းမကြီးတဲ့ကျောက်စိမ်းအသားဖြစ်ပါတယ်။
OTHER- PURPLE –
PURPLE TASTE & SMELL - -
ခရမ်းသီး၊
စပျစ်သီး၊
Blueberry
/blackberry
/wine/
ပိန်းဥရေခဲမုန့်
lavender ပန်း
၊ဗေဒါ၊
ကောက်လှိုင်းတီ၊
အိုင်းရစ်ပန်း၊
ပျဉ်းမပန်း၊
စပျစ်သီး၊ blueberry/blackberryရံ့တွေ ကို စားသောက်
ကုန်၊ကလေးကျောင်းသုံးပစ္စည်းတွေ
Aroma therapy ပစ္စည်းတွေ၊ အလှကုန် ရေချိုးခန်းသုံး ပစ္စည်းတွေ အတွက် သုံးပါတယ်။
လာဗင်ဒါနဲ့ အိုင်းရစ်က မြန်မာမှာ မပွင့်ပေမဲ့
ဗေဒါနဲ့ကောက်လှိုင်းတီကတော့ နယ်တွေ မှာ များမှ များပါ။
ကျမ အကြိုက် ဆုံး အစာကတော့ မြန်မာမုန့်တွေထဲ
ကကောက်လှိုင်းတီပါ။ကောက်လှိုင်းတီပွင့်ရဲ့ သဘာဝအရောင်ကိုယူ
ပြီးလုပ်တာပါ။ရန်ကုန်မှာတော့ အတု အယောင် ဆေးဆိုးတွေ ဖြစ်နေလို့
ဝယ်မစားဖြစ်တော့ပါဘူး။
**PURPLE - MAKEUP&FASHION**
ခရမ်းရောင်eye shadow/ lip stick /nail polish /hair colors
/မျက်တောင်အတု /mascara/အမျိုးမျိုး ရှိနေပါတယ်။ပါးနီ ပုလဲပန်းနုရောင်နဲ့
လိုက် ဖက်ပါတယ်။
ခရမ်းရောင် ၀တ်စုံကို အနက် ၊ အဖြူ၊ အ၀ါ၊ပန်းရောင် ၊ လိမ္မော်၊ အစိမ်းနု၊
ဖက်ဖူးတို့နဲ့တွဲလို့ရပါတယ်။
ခရမ်းဟာ သူု အလို လိုကို ဖက်ရှင် ကျနေတဲ့ အရောင်လို့ ဖက်ရှင်
ဒီဇိုင်းပညာရှင် တစ်ယောက်က ပြောပါတယ်။
**PURPLE FENG SHUI**
ဖုန်းရွှေမှာ ခရမ်းရဲ့ ဓါတ်က မီး ဓါတ်ဖြစ်ပါတယ်။
ဝိဥာဉ်လောကနဲ့လည်း ဆိုင်ပါတယ်။
ဖုန်းရွှေပညာရှင်တွေရဲ့ ယုံကြည်ချက် တစ်ခုကတော့ ခရမ်းရောင်အခန်းထဲမှာနေရင်
သွေးတိုးရောဂါ ကကာကွယ်နိုင်တယ်ဆိုတာပါပဲ။ဟုတ်မဟုတ်တစ်ကယ်မသိရပေမယ့်ဖုန်းရွှေပညာရှင်တော်တော်
များများကအဲဒီလိုပဲ ဆိုပါတယ်။
အဲဒီခရမ်းရောင်အိပ်ခန်းမှာတရားကျင့်မှတ်ရင်လည်းအာရုံပိုရတယ်လို့ဆိုပါတယ်။
(ခရမ်းဖျော့ရောင်ဖြစ်ရမှာဖြစ်ပါတယ်။ )
ဒါကတော့ ခရမ်းရောင်နဲ့ပါတ်သက်တဲ့ မှတ်စုတိုများဖြစ်ပါတယ်။

**CHAKARA**
CHAKRAဦးထိပ်သရဖူရဲ့နေရာအရောင်ပါ။
ဦးနှောက်နာဗ်ကြောမတွေနဲ့တွေးခေါ်မှုတွေနဲ့သက်ဆိုင်ပါတယ်။
ခရမ်းရောင်ဟာနာမ်လောကနဲ့ ဆိုင်တဲ့ တွေးခေါ်မှုပိုင်းတွေကိုပိုအားကောင်းစေပါတယ် ။
ဒါကြောင့်တရားကျင့်သူ၊ဗေဒင်အကြားအမြင်သမား၊နက္ခတ်ဟောဆရာ၊၀ိဥာဉ်ခေါ်သူ
၊နတ်ကတော်စတဲ့သူတွေရဲ့အခန်းအရောင်ပစ္စည်းအသုံးအဆောင်၊အ၀တ်စားတွေ
အတွက် အသင့်လျော်ဆုံးပါ။
**sandy artist**

No comments:
Post a Comment