**Public Health**အရပ်ရှည်သော သူများကအ ခြားသူများ ထက်ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ အောက်စဖို့ဒ်တက္က သိုလ်က လုပ်တဲ့သုတေသနတစ်ခုက ပြောလိုက်ပါတယ်။
အရပ်ရှည်တဲ့ သူတွေနဲ့ ကင် ဆာဆယ်မျိုးဖြစ်နိုင်ခြေ ဆက်စပ် နေ တယ်လို့ ဆိုပါတယ်။
အရပ်ငါးပေ အထက်ကို လေး လက်မ (၁၀ စင်တီမီတာ) ပိုတိုင်း ကင်ဆာ ဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း ပိုတယ်လို့ သုတေသနအရ သိရပါ တယ်။
အမျိုးသမီး တစ်သန်းကို လေ့ လာခဲ့ပြီး ဖော်ထုတ်ခဲ့တာပါ။ အချိန် ကိုလည်း ၁၉၉၆ ကနေ ၂၀၀၁ အထိ ငါးနှစ်ကြာ အောင်လုပ်ခဲ့တာ ပါ။ အရပ်ရှည်တာ နဲ့ဆက်စပ်တဲ့ ကင်ဆာ ကတော့ အူမကြီးကင်ဆာ၊ အူကင်ဆာ၊ ရင်သား ကင်ဆာ၊ သား အိမ်ကင်ဆာ၊ ကျောက်ကပ်ကင် ဆာနဲ့ သွေးကင်ဆာ တွေ ပါဝင်ပါ တယ်။

အရပ်အမြင့်ငါးပေ ကိုးလက်မ ရှိတဲ့သူ ၃၇ ရာခိုင်နှုန်း ကတော့ အရပ်ငါးပေအောက်ရှိသူတွေထက် ကင်ဆာ ဆိုင်ရာရောဂါတွေဖြစ်နိုင် ခြေပိုများပါတယ်။
သုတေသနကို အမျိုးသမီး တွေ နဲ့စမ်းသပ်တာ ဆိုပေမယ့် အမျိုးသား တွေမှာလည်း ရလဒ်တူပဲလို့ သုတေ သနပညာရှင် တွေကဆိုပါတယ်။
သုတေသန ခေါင်းဆောင် ဒေါက်တာဂျိမ်း ဂရင်းက အရပ်ရှည်ရုံ သက်သက် ကတော့ ကင်ဆာဖြစ်စေ တာ မဟုတ်ပါဘူး။ တခြားအကြောင်း က ဖြစ်တာပါ။
အရပ်မြင့်တဲ့အခါမှာ ရိုးရိုး လေးစဉ်းစားကြည့်ပါ။ ကိုယ်ထဲမှာ ဆဲလ်တွေ ပိုများမှာပဲ။ ဆဲလ်များရင် ပြောင်းလဲပြီး အသား ပိုဖြစ်တတ် တယ်။ ဆဲလ်ခွဲဝေမှုနဲ့ကြိမ်နှုန်းမြင့်ပြီး ကင်ဆာဖြစ်နိုင်ခြေမြင့်တာပါ။
သုတေသန အရ ကင်ဆာဖြစ် နိုင်ခြေတွေ ကတော့ အရပ်ငါးပေ အောက်ဆိုရင် အမျိုးသမီး ၁,၀၀၀ မှာ ၇ ဒသမ ၅ ယောက်က ကင် ဆာဖြစ်နိုင်ပါတယ်။ ငါးပေ သုံး လက်မဆိုရင် ၈ ဒသမ ၃ ယောက် ပါ။ ငါးပေကိုးလက်မအထက်ဆိုရင် တော့ ၁၀ ယောက်အထိဖြစ်နိုင်ပါ တယ်။ အမျိုးသမီးတွေနဲ့ စမ်းသပ် ထားလို့ ဒီလို အဖြေထွက်တာဆိုပေ မယ့် အမျိုးသားတွေကလည်း ဒီအ တိုင်းပဲဖြစ်နိုင်ချြေ ရှိတာပါ။

ဘာကြောင့်ဆိုတာ အတိအကျ မသိရ သေးပေမယ့် တွေ့ရှိချက်က တော့ခိုင်မာပါတယ်လို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။
**စစ်ငြိမ်းအေး (Ref; BBC) **
မြန်မာပို့စ် သတင်းဂျာနယ် မှ ပြန်လည်မျှဝေလိုက်ပါသည်။
BADBOY
t
**Public Health**
အရပ်ရှည်သော သူများကအ ခြားသူများ ထက်ကင်ဆာဖြစ်နိုင်ခြေ ပိုများတယ်လို့ အောက်စဖို့ဒ်တက္က သိုလ်က လုပ်တဲ့သုတေသနတစ်ခုက ပြောလိုက်ပါတယ်။

No comments:
Post a Comment