ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 15, 2011

တိမ်းစောင်းနေသော လုပ်ရပ်များ

>

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ဘယ်နိုင်ငံသား ဘယ်လူမျိုးမဆို ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေကို လိုက်နာကြ ရမှာဖြစ်တယ်။ အလားတူ မြန်မာနိုင်ငံမှာ နေထိုင်သူ ဟူသမျှ တို့ဟာလည်း မြန်မာနိုင်ငံက ဥပဒေအတိုင်း လိုက်နာကြရမှာ ဖြစ်တယ်။ ဒါပေမယ့် လုပ်ရပ်တွေကတိမ်းစောင်းနေတယ်။
ထိုင်းနိုင်ငံ ဆိုတာ မြန်မာ လူမျိုးတွေနဲ့ အသားအရောင် အရပ်အမောင်း ကိုးကွယ်တဲ့ ဘာသာနဲ့အစားအစာတွေ
ကအစ အနီးစပ်ဆုံး တိုင်ပြည်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အနှံ့အပြားမှာ သန်းချီတဲ့ မြန်မာတွေ ပျံ့နှံ့ ၀င်ရောက် အလုပ်လုပ်ကိုင် နေကြပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းတွေရဲ့သဘောသဘာဝနဲ့ ထိုင်းဘာသာစကား ကိုလည်း မြန်မာတွေ အတော်များများ ပြောနိုင် ဆိုနိုင်ဖြစ်နေကြတာကို တွေ့ရှိရတယ်။
ဝန်ကြီးချုပ်ဟောင်း ထက်ဆင် လက်ထက်၂၀၀၃ ခုနှစ်မှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့်(ပန်းရောင်ဘတ်)ကို
လုပ်ပေးခဲ့တယ်။ ထိုင်းအစိုးရ အတွက် အကြီးအကျယ် ပွပေါက်တိုးခဲ့တဲ့ စီမံကိန်းကြီး ဖြစ်တယ်လို့ ဘန်ကောက် အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူ တစ်ယောက်က ထောက်ပြပါတယ်။ အစိုးရသတ် မှတ်ဈေးက ဘတ်ငွေ ၃၈၀၀ သာဖြစ်ပေမယ့် ဘတ်၅၀၀၀ /၆၀၀၀ ကုန်ကျခံ လုပ်ခဲ့ကြရတာပါ။ ဒီ(ဘတ်)က မြို့နယ် တစ်ခု က တစ်ခုကို သွားလာခွင့်မပြု။ အလုပ်အကိုင် ပြောင်းရွှေ့ဖို့ ပိတ်ပင် ထိန်းချုပ်ထားတာတွေ ကန့်သတ်ချက်တွေ အများကြီးနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။
ထိုင်းနဲ့မြန်မာ အစိုးရတို့ မြန်မာ အလုပ်သမားတွေကို ယာယီနိုင်ငံကူး လက်မှတ် လုပ်ပေးလာခဲ့တာ ၂နှစ် တင်းတင်း ပြည့်ခဲ့ပြီး ဖြစ်တယ်။ မြန်မာ အလုပ်သမားတွေဟာ ထိုင်းလုပ် ငန်းရှင်တွေနဲ့ ထိုင်းရဲတွေ ယုတ်မာ ပက်စက်မှုတွေကို နှစ်ပေါင်းများစွာ ခံစားနေကြရတယ်။ လွတ်လွတ်လပ်လပ် သွားလာ ချင်ကြတာကြောင့် ဘတ်ငွေ သောင်းချီ အကုန်ခံပြီး လုပ်ကိုင်ခဲ့ကြတာဖြစ်သလို လုပ်နေကြဆဲ လည်းဖြစ်တယ်လို့ အဆိုပါ အလုပ် သမားအရေး ဆောင်ရွက်သူကပြောပြပါတယ်။

“ ယာယီပတ်စပို့ လုပ်ဖို့ တိုက်တွန်းတုန်းက ထိုင်းအစိုးရက ဘာတွေ ကတိပေးခဲ့သလဲ ’’
ထိုင်းတစ်နိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိတယ်။ အခွန်မကောက်၊ပုလိပ်မဖမ်း၊ထိုင်းအလုပ်သမား
များနည်းတူ အလုပ်သမားအခွင့်အရေး တန်းတူရရှိမယ် ဆိုပြီး ပြောဆို ကတိပေးခဲ့ပါတယ်။
မြန်မာအလုပ်သမားတွေ ယာယီပတ်စပို့ မလုပ်ခင် (ပန်းရောင်နေထိုင်ခွင့်ဘတ်)ကို ဘတ်ငွေ ၄၀၀၀ ကနေ ၆၀၀၀ အထိ ကုန်ကျခံပြီး ဦးစွာလုပ်ရပါတယ်။ ပြီးမှ ယာယီပတ်စပို့ကို အနည်းဆုံးဘတ် ၆၅၀၀ ကနေ ၁၀၀၀၀ အတွင်းမှာ ကုန်ကျခံပြီး လုပ်ကိုင်ကြရပါတယ်။ ပြီးရင် work permit ဆိုတာကိုလည်း တစ်နှစ်စာ အတွက် ပွဲစားခ အပါအ၀င် ဘတ်ငွေ ၆၀၀၀ ၀န်းကျင်အကုန်ခံပြီး လုပ်ကြရပါတယ်။

**Burmese Migrant worker in Ranong**

ဒီနေရာမှာ မြန်မာအစိုးရဟာ ဘတ်လုပ်ပြီးမှ ပတ်စပို့ လုပ်ရတာ၊ ပတ်စပို့လုပ်ပြီး work permit လုပ်ရတာတွေ အလုပ်သမားတစ်ယောက် အတွက် ဒီ အဆင့် ၃ဆင့်မှာ အကုန်အကျ ဘယ်လောက်များမယ်၊ ထိုင်းတွေ အမြတ်ထုတ် တော့မယ် ဆိုတာကို ထည့်မတွက်ခဲ့တာကို တွေ့ရတယ်။ သန်းချီတဲ့ မြန်မာအလုပ်သမားတွေ ကြောကော့ အောင် ခံနေရပြီ ဆိုတာကို ခုထိ မြန်မာအစိုးရ သိသေးဟန် မတူသေးဘူးလို့ ဘန်ကောက်က အလုပ်သမား အရေး ဆောင်ရွက်သူက ဆက်လက်ပြောဆိုပါတယ်။
ကတိမတည်မှုတွေနဲ့ ခွေးမြီးကောက်ကို ကျည်တောက်စွတ်ပြီး
(ဘတ်)ဖြစ်စေ ယာယီပတ်စပို့ဖြစ်စေ အလုပ်သမားလက်ထဲမှာ ကိုင်ဆောင်ထားရမယ်လို့ ထိုင်းအလုပ်သမား
ဥပဒေ မှာပြဌာန်းထားပေမယ့် မြန်မာအလုပ်သမားတိုင်း လက်မှာ ကိုင်ဆောင်ခွင့် မရရှိကြပါဘူး။ လုပ်ငန်းရှင် တွေ သိမ်းထားတာခံရပါတယ်။ ရှိမဲ့စုမဲ့လုပ်ထားတဲ့ တရားဝင်နေထိုင်ခွင့်(ဘတ်)တွေကို လုပ်ငန်းရှင်က ဆက်
မလုပ်ပေးတာကြောင့် တရားမ၀င်ဖြစ်သွားကြတဲ့အလုပ်သမားတွေ ရေတွက်လို့မကုန်အောင်များပြားပါတယ်။
ဘန်ကောက်မြို့အနီးက မဟာချိုင်မှာဆိုရင် ဘတ်မရှိ ပတ်စပို့ မရှိလို့ ဖမ်းစားတာကတော့ မဟာချိုင်ရဲတွေရဲ့ အဓိက နေ့စဉ် စီးပွားရေး လုပ်ငန်းဖြစ်ပါတယ်။

ပြီးခဲ့နေ့က ယာယီပတ်စပို့လုပ်ထားတဲ့ အလုပ်သမားတွေကိုပါ ဖမ်းဆီးပြီးတော့ ငွေညှစ်၊ ရဲစခန်းခေါ်ပြီး အိမ်သာဆေးခိုင်း၊ အမှိုက်လှဲခိုင်း လုပ်ခိုင်းနေတာက အတော်ပဲယုတ်မာ ပက်စက်မှုဖြစ်တယ်လို့ ကိုယ်တိုင် ခံစားခဲ့ရတဲ့ မဟာချိုင်က ရခိုင်အလုပ်သမားတစ်ဦးက ပြောပါတယ်။

ဒါအပြင် ဒီရက်ပိုင်းမှာပဲ ထိုင်းတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးမှု ဖေါင်ဒေးရှင်း (FED )အင်ဂျီအို
က ၀န်ထမ်း၂ယောက် မဲဆောက်ရုံးခွဲကနေ လက်ထောက်ဒါရိုက်တာ တစ်ဦးတို့အတူ ဖန်ငရုံးလုပ်ငန်းကိစ္စနဲ့
လာတာကို သွားလာခွင့် မရှိလို့ဆိုကာ တာ့ခ်ဂိတ် အရောက်မှာ ကားပေါ်ကဆွဲချပြီး မဲဆောက်ကို ပြန်ပို့တာကို ခံခဲ့ရပါတယ်။ ဒီလိုတရားဝင် သွားလာခွင့်ကို ပိတ်ပင် တားမြစ်တာဟာ လူကုန်ကူးမှုကို အားပေးအားမြှောက်ပေး
ရာရောက်နိုင်လို့ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ လက်ထောက် ဒါရိုက်တာက ပြောပါတယ်။
ဒီဖြစ်စဉ်ကို FED ဒါရိုက်တာ ဦးထူးချစ်က‘‘ကျနော်တို့ အဖွဲ့အစည်းဟာ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထား တဲ့ အဖွဲ့ဖြစ်တယ်။ မြန်မာလူမျိုးတွေသာမက ထိုင်းနိုင်ငံအတွက်ပါ အကျိုးဖြစ်စေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျနော်တို့လိုအဖွဲ့က တရားဝင် ယာယီပတ်စပို့ လုပ်ထားတာနဲ့ သွားလာနေတာကိုတောင် ထိုင်းရဲတွေက ပိတ်ပင်တားမြစ်ရင် သာမန် အလုပ်သမားတွေကို ဆိုရင် ဘယ်လောက်အထိ အနိုင်ကျင့်မလဲဆိုတာ တွေးကြည့် လို့ရပါတယ်’’လို့ ပြောပြပါတယ်။

“ လုံးဝ နားမလည်နိုင်တဲ့ ထိုင်းအာဏာပိုင်တွေရဲ့လုပ်ရပ်’’
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ဆိုတာ မြန်မာတွေ နေ့တိုင်း ၀င်ရောက်နေတဲ့ နယ်စပ်မြို့ဖြစ်တယ်။
မဲဆောက်မြို့နယ်နဲ့တာ့ခရိုင်အတွင်း ရွှေ့ပြောင်း မြန်မာအလုပ်သမား ၄သိန်းကျော်ခန့်ရှိတယ်။ အလုပ်သမားလိုအပ်ချက် ထက် ၀င်ရောက်လာနေကြတဲ့ အလုပ်သမားတွေ အလျှံပယ်ဖြစ်နေတာကြောင့် ထိုင်းလုပ်ငန်းရှင်တွေဟာ အစိုး ရ သတ်မှတ်ထားတဲ့ တစ်နေ့လုပ်အားခ ၁၆၂ ဘတ် ပေးစရာမလိုပဲ တစ်နေ့ကို ဘတ် ၆၀ လောက်နဲ့ ခိုင်းလို့ရ နေတာဖြစ်တယ်။ မဲဆောက်မှာ အလုပ်ရုံ လေးငါးရာ ထက်မနည်းရှိပေမယ့် အစိုးရ သတ်မှတ်ဈေး ပေးတဲ့ စက်ရုံ လေးငါးရုံသာ ရှိတယ်လို့ မဲဆောက်က အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပြကြပါတယ်။
ဒါကြောင့် မဲဆောက်က မြန်မာ အလုပ်သမားတွေဟာ အခက်အခဲ အမျိုးမျိုးကြားက လုပ်အားခတွေ ပိုရတဲ့ ဘန်ကောက်နဲ့ အခြားမြို့တွေကို သွားလိုကြပါတယ်။ သွားရမယ့် အခွင့်အလမ်းတွေကို အမြဲမျှော်လင့် ကြိုးပမ်း နေတတ်ကြတယ်။ ဒါကြောင့်ပဲ လူကုန်ကူးသူတွေက လွယ်လင့်တကူ စည်းရုံးလို့ ရတတ်ကြတယ်လို့ ပြောကြ ပါတယ်။
အလုပ်သမားတွေဟာ လုပ်အားခ ပိုမိုရရှိတဲ့ မြို့ကြီးကို သွားချင်လွန်းလို့ ဆယ်နာရီ ထက်မနည်း လုပ်မှ တစ်နေ့ ခြောက်ဆယ် ခုနှစ်ဆယ် ရတဲ့ ၀င်ငွေကလေးတွေကို တစ်နှစ်၂နှစ် ကြိတ်မှိတ်စုပြီး မဲဆောက်မှာ နေထိုင်အလုပ် လုပ်ကိုင်ခွင့်(ဘတ်)လုပ်ထားကြတယ်။ ဘတ်လုပ်ပြီးတော့ ပိုက်ဆံ ထပ်စုကြတယ်။ အချို့ဆို ယာယီပတ်စပို့ လုပ်ပြီး မြို့ကြီးတွေကို သွားဖို့အတွက် နေရပ်ရင်းက မိသားစုတွေဆီကို ငွေမှာကြတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက မဲဆောက်ကနေပြီး ရနောင်းသို့ ပတ်စပို့ လုပ်ဖို့သွားမယ့် အလုပ်သမား ၁၁၀ ကို မဲဆောက် လုပ်ငန်းရှင်တွေက ရဲတွေနဲ့ ပေါင်းပြီး ဖမ်းဆီးလိုက်တယ်။
ဘန်ကောက်က ပတ်စပို့လုပ်တဲ့ ကုမ္ပဏီက မြန်မာဝန်ထမ်း ပြည်နှင်ဒဏ်ခံရတယ်။ နိုင်ငံကူး လက် မှတ် ရုတ်သိမ်းခံလိုက်ရတယ်။ အလုပ်သမားတွေ မဲဆောက်မှာ နေထိုင်ခွင့်(ဘတ်)လုပ်ထားတာတွေ အကုန် ဖျက်ဆီး ခံလိုက်ရတယ်။
၂နိုင်ငံအစိုးရ တရားဝင် လုပ်နေပါလျှက် ဘာ့ကြောင့် မဲဆောက်က အလုပ်သမားတွေကို ယာယီပတ်စပို့ လုပ်
ခွင့်မပြုကြတာလဲလို့ မဲဆောက်က အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ ယနေ့ထိ တစုံတခု ၀င်ရောက်စုံစမ်းခြင်း မရှိသေးဘူး။

**Burmese Migrant*s Labour Stike in Khonkean**

ဒါပေမယ့် မဲဆောက်မှာ ထိုင်းနိုင်ငံသား ခံယူခွင့်ရထားတဲ့ နာမည်ကြီး လူကုန်ကူးသူ တစ်ယောက်ရှိတယ်။ ထိုင်း တစ်နိုင်ငံလုံးမှာရှိတဲ့ စက်ရုံ အလုပ်ရုံက လိုအပ်သမျှ အလုပ်သမားတွေကို တင်ပို့ ပေးနေတယ်။ မဲဆောက်က ထိုင်းအာဏာပိုင်တွေနဲ့ တာ့ခ်ဂိတ်က ထိုင်းအာဏာပိုင် မျက်ကွယ်ပြုထားကြတယ်။ ဒီလူဟာ အလုပ်ရုံ ဟောင်းတွေ ဂိုဒေါင်ဟောင်း တွေမှာ အလုပ်သမားတွေ ရာချီပြီး အမြဲ စုဆောင်းထားတယ်လို့ မဲဆောက်က အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပြပါတယ်။ ဒီနာမည်ကြီး လူကုန်ကူးဂိုဏ်း ချုပ်ကြီးက တင်ပို့ လိုက်လို့ ထိုင်းနိုင်ငံအတွင်း ရောက်ရှိသွားကြတဲ့ အလုပ်သမားတွေ work permit လုပ်မရပဲ ဒုက္ခရောက် နေကြရတယ်။ ထောရော ၃၈/၁ လို့ခေါ်တဲ့ စာရွက်တွေက အတုတွေ ဖြစ်နေတာကြောင့်လို့ အဲဒီလူ ပေးပို့တဲ့ အစီအစဉ်နဲ့ လာခဲ့ဖူးသူတွေက ပြောပြကြပါတယ်။ ဒီလို လက်တစ်လုးံခြား လုပ်ထားတာကို သိကြတာ ကြောင့် ထိုင်းလုပ်ငန်းရှင်တွေက ယာယီပတ်စပို့ကို သိမ်းထားပြီး အနိုင်ကျင့်နေတာဖြစ်တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ဟာ ယာယီပတ်စပို့ နဲ့ပတ်သက်တဲ့ ပြဿနာတွေကို တစ်ခုမှ ၀င်ရှင်းလင်းတာ မရှိတာကြောင့် တစ်နေ့ထက် တစ်နေ့ ပိုမို ဆိုးဝါးလာနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ
က ပြောကြပါတယ်။ မြန်မာအစိုးရအနေနဲ့ မတရားဖိနှိပ်ခံနေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားကိစ္စ တစ်ခု တစ်လေလောက် ထိထိရောက်ရောက် ၀င်ရောက်ပြောဆို လုပ်ကိုင်တာ၊မေးမြန်း စုံစမ်းတာများ လုပ်လာခဲ့ရင် တော့ ထိုင်းအာဏာပိုင်တွေ ဒီလောက်အထိ လက်ရဲဇက်ရဲ ဖိနှိပ်မှာမဟုတ်ဘူးလို့ ယူဆနေကြကြောင်းပါ။

**ကျော်သောင်း**
၂၀၁၁ စက်တင်ဘာ ၁၅ ရက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)