ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 26, 2011

မိန်းမ ....မိန်းမ.....

>
,,,,,,,ရှေးတုန်းကပေါ့ တက္ကသိုလ်ပြည်ကနေ ပညာသင်ပြီးပြန်လာတဲ့ မင်းသားလေးတစ်ပါးဟာ ရွာတစ်ရွာရဲ့ ထိပ်အရောက်မှာ ရေဆာလှတာကြောင့် မိန်းမပျိုလေးတစ်ဦး ရေခပ်နေတဲ့ ရေတွင်းဆီသွားကာ-
“နှမ။ ရေတစ်ပေါက်လောက် သောက်ပါရစေ”
“ရပါတယ် မောင်ကြီး လာသောက်ပါ။ သြော်….ဒါနဲ့ မောင်ကြီးက ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ”
“တက္ကသိုလ်ပြည်က ပညာသင်ပြန်လာပြီး ကျွန်ုပ်ရဲ့မြို့ကိုပြန်မလို့ပါ”
“စပ်စုတယ်တော့ မထင်ပါနဲ့၊ သိချင်လို့ မေးပါရစေ.. မောင်ကြီးက တက္ကသိုလ်မှာ ဘယ်ပညာကို အဓိကထားပြီးသင်ခဲ့တာလဲ”
“မိန်းမတို့ရဲ့မာယာနဲ့အမူအကျင့်တွေကို အဓိကထားပြီး ကျမ်းကုန်အောင်သင်ခဲ့ပါတယ်” “မိန်းမတို့မာယာနဲ့ အမူအကျင့်တွေကို မောင်ကြီးဘယ်လောက်သင်သင် အကုန်တတ်မယ် မထင်ပါဘူး”
“တတ်ပါတယ်နှမငယ်။ မောင်ကြီးက မိန်းမတွေရဲ့ အကြောင်းကို ပိုပြီးသိချင်လို့ ဒီပညာရပ်ကို အဓိကထားပြီး သင်ခဲ့တာပဲ”
“ဒါဆိုရင်စမ်းကြည့်လို့ရမလား”
“နှမငယ်စမ်းကြည့်မယ်ဆိုရင် စမ်းကြည့်နိုင်ပါတယ်” မင်းသားလေးရဲ့ စကားဆုံးတာနဲ့ မိန်းမပျိုလေးက-
“ကယ်ကြပါအုံးရှင်…ကျွန်မကို လူတစ်ယောက်က မတရားပြုကျင့်နေပါတယ်” ဟု အော်လိုက်တော့ ရွာနီးချုပ်စပ်က လူတွေဟာ တုတ်တွေ ကိုင်ပြီး တအားပြေးလာကြပါရော။ ဒီတော့မှ မင်းသားလေးခမျာ ကြောက်လန့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားပြီး-
“ နှမငယ် မင်းဘယ်လိုလုပ်လိုက်တာလဲ။ ဟိုမှာ ငါ့ကိုသတ်ဖို့ ပြေးလာနေကြပြီ။ ပြေးလို့လဲ လွတ်မယ်မထင်ဘူး”

“သြော်…. ဒါကတော့ မောင်ကြီးသင်လာတဲ့ မိန်းမကျမ်းထဲက ပညာကိုထုတ်သုံးပြီး လွတ်အောင်လုပ်လေ”

“ကဲ..နှမငယ် မိန်းတို့မာယာနဲ့အမူအကျင့်ကို အကုန်တတ်အောင် မသင်နိုင်ခဲ့ဘူးလို့ ၀န်ခံပါတယ်။ ဟို…ပြေးလာတဲ့ လူတွေရဲ့ရန်ကလွတ်အောင် ကယ်ပါအုံး”
“ ကဲ…ဒါဆိုရင်…ရှင်ဒီရေပုံးကြိုးကို ကိုင်ပြီး ရေတွင်းထဲဆင်းလိုက်ပါ” မိန်းမပျိုလေးရဲ့ စကားအဆုံးမှာ မင်းသားလေးဟာ ရေပုံးကြိုးကိုဆွဲပြီး ရေတွင်းထဲဆင်းလိုက်ရသတဲ့။
ပြေးလာတဲ့လူတွေ ရေတွင်းနားလဲရောက်ရော-
“ ဟေ့….မိန်းကလေး စောစောက မင်းဆီကအော်သံကြားလို့ တို့ပြေးလာကြတာ။ မင်းဘာဖြစ်လို့လဲ”
“ကျွန်မကတော့ ဘာမှမဖြစ်ပါဘူး။ လူတစ်ယောက် ကျွန်မဆီမှာ ရေတောင်းသောက်ရင်းနဲ့ ခြေချော်လက်ချော်ဖြစ်ပြီး ရေတွင်းထဲကျသွားလို့ လှမ်းအော်ပြီး အကူအညီတောင်းတာပါ” မိန်းမပျိုလေးရဲ့ စကားအဆုံးမှာ ပြေးလာတဲ့လူတွေက ရေတွင်းထဲရောက်နေတဲ့ (သူတို့အထင်ကတော့ ရေတွင်းထဲကျနေတယ် ပေါ့ဗျာ) မင်းသားလေးကို ၀ိုင်းဝန်းဆယ်တင် လိုက်ကြသတဲ့။
တစ်ခဏတာအချိန်လေးအတွင်းမှာ တောသူမိန်းမပျိုလေးတစ်ယောက်က သူ့လို မင်းသား တစ်ယောက်ကို လူတွေကရိုက်နှက် သတ်ဖြတ်ချင်အောင်၊ သနားပြီး ကယ်တင်ချင်အောင် လုပ်ပြလိုက်တာကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့လိုက်ရတဲ့ မင်းသားလေးကတော့ သူ့ကိုယ်သူ မိန်းမကျမ်းကျေသူလို့ နောင်သောအခါ ပြောမယ်မထင်တော့ဘူး.........................................။

(fwd mail)

** ko yehlinhtun htun**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)