(Passenger buses negotiate a flooded portion of a highway at suburban Makati city east of Manila on Sunday after a heavy downpour spawned by tropical storm Aere.) (AP)
**ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ရေလွှမ်းမှုပြည်သူ ၃၉၀၀၀ခန့် ရွှေ့ပြောင်းနေထိုင်ရ**
(ကိုတာဘာတို၊ စက်တင်ဘာ ၂၄)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် နှစ်ရက်ကြာမိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေလွှမ်းမှုဖြစ်ပွားသဖြင့် ဖိလစ်ပိုင်ပြည်သူ ၃၉၀၀၀ ခန့်တို့ နေရာပြောင်းရွှေ့နေထိုင်ရကြောင်း ပြည်သူအုပ်ချုပ်ရေးမှူးတစ်ဦးက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။ မြေနိမ့်ပိုင်းမြို့ ၁၃ မြို့အပါအ၀င် မိမိတို့ပြည်နယ်များမှ ပြည်သူ ၃၉၀၀၀ တို့ ရွှေ့ပြောင်းနေထိုင်ကြရကြောင်း မာဂွင်ဒါနာအိုပြည်နယ်အုပ်ချုပ်ရေးမှူး အစ္စမေးမန်ဂူဒါဒါတူက ဆင်ဟွာသို့ ပြောကြားလိုကသည်။ (အင်တာနက်)

**တရုတ်နိုင်ငံ၌ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွား တစ်နာရီကျော်ကြာမီးငြိမ်းသတ်ခဲ့ရ**
(ရှန်ဟိုင်း၊ စက်တင်ဘာ ၂၄)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် စက်တင်ဘာ ၂၃ ရက်ညက ရေနံချက်စက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တရုတ်အရာရှိများက စက်တင်ဘာ ၂၄ ရက်၌ သတင်းထုတ်ပြန်သည်။ ဖြစ်ပွားမှုမှာ ရှန်ဟိုင်းမြို့ရှိ ဂါရိုကျီအိုရေနံချက်စက်ရုံ၏ ရေနံသန့်စင်ရေးအစိတ်အပိုင်းမှ ယင်းနေ့ ည ၁၀ နာရီခွဲခန့်က မီးစတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားသည်။ ရေနံချက်စက်ရုံ မီးလောင်နေမှုကို မီးသတ်တပ်ဖွဲ့ဝင်များက ကြိုးစားပြီး မီးငြှိမ်းသတ်ခဲ့ရာ စက်တင်ဘာ ၂၃ ရက်ည ၁၁ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ၄င်းတို့က ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**နာဆာမှ ဆယ်စုနှစ်ကြာ သက်တမ်းလွန်ဂြိုဟ်တု ကမ္ဘာမြေပြင်သို့ ကျဆင်း**
(၀ါရှင်တန်၊ စက်တင်ဘာ ၂၄)
နာဆာမှ အသုံးမပြုတော့သည့် သက်တမ်းလွန်ဂြိုဟ်တုတစ်လုံးသည် ကမ္ဘာမြေသို့ စက်တင်ဘာ ၂၄ ရက်က နာဆာ၏ ထိန်းချုပ်မှုဖြင့် ကျဆင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ၄င်းဂြိုဟ်တုသည် အလေးချိန် ၆.၅ တန်ရှိပြီး ကမ္ဘာ့လေတုလွှာ အထက်ပိုင်းသို့ ၁၉၉၁ ခုနှစ်က လွှတ်တင်ခဲ့ခြင်းဖြစ်ဖြစ်သည်။ ၄င်းအထက်ပိုင်း လေထုအတွင်း အိုဇုန်းများတည်ရှိ နေမှုနှင့် အခြားဓာတုဆိုင်ရာ စုဖွဲ့နေမှုများကို ၁၄ နှစ်ကြာမျှသုတေသနပြုလုပ်ခဲ့သည် ဂြိုဟ်တုလည်းဖြစ်သည်။ အဆိုပါဂြိုဟ်တုသည် ၂၀၀၅ ခုနှစ်မှစတင်ကာ ကမ္ဘာမြေဆွဲအားကြောင့် တဖြည်းဖြည်း နိမ့်ကျလာခဲ့ခြင်းဖြစ်သည်။ ၄င်းဂြိုဟ်တုသည် အရှည် ၃၅ ပေနှင့် အချင်း ၁၅ ပေရှိကြောင်း နာဆာမှထုတ်ပြန်သော သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment