**ကမ္ဘာကျော် အဆိုတော် ချယ်ရီကိုးလ်ချစ်သူအသစ်ရှာဖွေနေဆဲ**
(နယူးယောက်၊ စက်တင်ဘာ ၂၄)
အဆိုတော် ချယ်ရီကိုးလ် (Cheryl Cole) ဟာ ပေါ့ပ်နဲ့ R & B သီချင်းများနဲ့ ကမ္ဘာကျော် လူသိများတဲ့ အဆိုတော်ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ချယ်ရီကိုးလ်ဟာ ဗြိတိန်မှာသာမက အမေရိကန်ကမှာပါ အောင်မြင်ကျော်ကြားတဲ့ အဆိုတော် ဖြစ်ပါတယ်။ အမေရိကန်သီချင်းပြိုင်ပွဲ X Factor ရဲ့ ဒိုင်အဖွဲ့အ၀င်ဖြစ်လာတဲ့ ချယ်ရီကိုးလ်ဟာ အမေရိကန်ပရိသတ်များအကြား အလွန်ရေပန်းစားနေတဲ့ အဆိုတော်ဖြစ်ပါတယ်။ အက်ရှ်လေကိုးလ်နဲ့ ချယ်ရီကိုးလ်တို့ဟာ အက်ရှ်လေကိုးလ်ရဲ့ မရှုပ်မရှင်းကိစ္စများကြောင့် လမ်းခွဲခဲ့ကြပါတယ်။ ယခုအခါမှာတော့ ချယ်ရီကိုးလ်ဟာ အမေရိကန် X Factor သီချင်းပြိုင်ပွဲရဲ့ ဒိုင်လူကြီးတစ်ဦးဖြစ်လာသလို ချစ်သူအသစ် ရှာဖွေနေဆဲဖြစ်ကြောင်း မီဒီယာများက ဆိုပါတယ်။ (အင်တာနက်)

(Turkey allows only female fans for football match.)
**တူရကီတွင် အမျိုးသမီးများကိုသာ ဘောလုံးပွဲ အခမဲ့ကြည့်ခွင့်ပြု**
(အန်ကာရာ(တူရကီ၊ စက်တင်ဘာ ၂၄)
တူရကီနိုင်ငံ ဘောလုံးပွဲအချို့မှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ အမျိုးသားတွေကို ဘောလုံးပွဲ အခမဲ့ကြည့်ရှုမှုပိတ်ပင်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေကိုသာ အခမဲ့ ကြည့်ရှုခွင့်ပြုလိုက်ပါတယ်။ ဒီစည်းကမ်းချက်အသစ်ကို တုရကီဘောလုံးအဖွဲ့ချုပ်က သဘောတူခဲ့တာပါ။ အမျိုးသမီးများနဲ့ အသက် ၁၂ နှစ်အောက် ကလေးတွေသာ ကွင်းများအတွင်း ၀င်ရောက်ကြည့်ရှုခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ဒီစည်းကမ်းချက်အရ လွန်ခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က အစ္စတန်ဘူလ်မြို့မှာ ကျင်းပတဲ့ ဖီနာဘာချီနဲ့ မာနီဆာစပေါတို့ပြိုင်ပွဲကစပြီး အမျိုးသမီးတွေနဲ့ ကလေးတွေကိုအခမဲ့ ကြည့်ရှုခွင့်ပြုလိုက်တာဖြစ်ကြောင်း တူရကီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။ (အင်တာနက်)
**တရုတ်ရေကူးသမား ဆန်ယန်မီတာ ၄၀၀ တွင် အာရှစံချိန်တင်**
(ပေကျင်း၊ စက်တင်ဘာ ၂၄)
တရုတ်အမျိုးသမီးသားရေကူးချိန်ပီယံပြိုင်ပွဲကို စက်တင်ဘာ ၂၄ ရက်ယှဉ်ပြိုင်ရာ တရုတ်ရေကူးသမားဆန်ယန်က မီတာ ၄၀၀ လိပ်ပြာကူးပြိုင်ပွဲတွင် ၃ မိနစ် ၄၀.၂၉ စက္ကန့်ဖြင့် အာရှစံချိန်ကို ချိုးကာ ဗိုလ်စွဲခဲ့သည်။ ဆန်ယန်သည် ယခင်က အာရှစံချိန်တင်ထားခဲ့သော တရုတ်ရေကူးသမား ကျန်လင်း၏ ၃မိနစ် ၄၁.၃၅ စက္ကန့်ကို ယခုပွဲ၌ စံချိန်တင်ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲ၌ စံချိန်တင်ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲ၌ ဟီနန်ပြည်နယ်မှ ရေကူးသမားလီယန်ကျီက ဒုတိယရရှိပြီး တရုတ်ရေတပ်မှ ရေကူးသမား ဒေါင်ကျီဂွန်က တတိယရရှိခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment