ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 26, 2011

သင့်ရဲ့ ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေ

>
များသောအားဖြင့်တော့ “ပန်းတိုင်” ဆိုတာ လွယ်လွယ်နဲ့ ရောက်နိုင်တာမျိုးတော့ မဟုတ်လေဘူး။ ပန်းတိုင်က လန်ကျတာတွေ၊ ပန်းတိုင်ပျောက်သွားတာတွေ၊ ပျက်ပြယ်သွားတဲ့ ငယ်အိပ်မက်တွေ၊ အများကြီး ကြုံဖူးကြမှာပါ။
ဒီလိုအဖြစ်မျိုးတွေကို စဉ်းစားပြီး စိတ်ပျက်အားလျှော့လိုက်လို့ မဖြစ်ပါဘူး။ ဒီနေရာမှာ ကမ္ဘာကျော်ပြဇာတ်ဆရာကြီး ” ဂျော့ဘားနဒ်ရှော ” ရဲ့ အတွေ့အကြုံကို နှလုံးသွင်းစေချင်ပါတယ်။ ” ရှော ” က အခုလို ပြောဖူးတယ်။ ” ကျုပ်ငယ်ငယ်က ဆယ်ခုလုပ်ရင်၊ ကိုးခုလောက်က မအောင်မြင်တာများတယ်။ ဒါပေမဲ့ ကျုပ်က အရှုံးသမားမဖြစ်ချင်တော့ အလုပ်ကို ဆယ်ဆတိုးလုပ်ရတာပေါ့ ”
The 7 Habits of Highly Effective Teens စာအုပ်ကိုရေးတဲ့ ” ရှောင်ကိုဗေး ” ကတော့ ပန်းတိုင်ကို ရှေးရှုသွားရာမှာ အရေးကြီးတဲ့ သော့ချက် (KEY) တွေရှိသတဲ့။ အခု ဒီသော့ချက်တွေကို ဆက်ပြောပါမယ်။

သော့ချက် (၁) – တက်ကြွပါ။ ကြွတက်တာ မဖြစ်စေနဲ့။
လူငယ်တွေမှာ မိုးကုပ်စက်ဝိုင်းလောက်ကျယ်တဲ့ ပန်းတိုင်ကြီးတွေ ရှိတတ်ပါတယ်။ ကောင်းပါတယ်။ ဒီမျှော်လင့်ချက် မိုးကုပ်စက်ဝိုင်းအတွက် ရနိုင်မယ့် ဆုလာဘ်နဲ့ပေးရမယ့် တန်ဖိုးကိုတော့ ချိန်ဆရပါလိမ့်မယ်။ ဒါကို တွက်ဆပြီးမှ စွန့်ရဲရင်လုပ်၊ မစွန့်ရဲရင် မလုပ်နဲ့၊ ဒါက ပိုသဘာဝကျမယ်ထင်တယ်။
ဥပမာ- အများအတွက် အနစ်နာခံသူ၊ ကိုယ်ကျိုးစွန့်လွှတ်သူ၊ အာဇာနည်သူရဲကောင်းဆိုတာ တကယ့်မြင့်မြတ်သူတွေပါ။ အားကျသင့်ပါတယ်။ ဒါပေမဲ့ လိုအပ်ရင် အသက်တောင် စွန့်ရတယ်ဆိုတာကိုတော့ အလေးထား တွက်ဆရပါလိမ့်မယ်။ ဦးပုညရဲ့ တေးထပ်တစ်ပုဒ် ရှိပါရော့လား။ စိပ်ပုတီးကြီးနဲ့ ရိပ်ကြီးခိုတော့မယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့လာတဲ့သူတစ်ယောက်၊ တောစပ်လည်းရောက်ရော သူ့မိန်းမသတိရတာနဲ့ ခုလို ” ဟဲ ” လိုက်တယ်ဆိုပဲ။ ” မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်၊ ကွယ် … မင်းလိုက်ခဲ့ဦး … ” ။

ကိုယ်လုပ်နိုင်သလောက် အတိုင်းအတာနဲ့ မာန်သွင်းတာ ” တက်ကြွမှုပါ ” ၊ အလွန်ကောင်းပါတယ်။ မလုပ်နိုင်ဘဲနဲ့ လေထတာ၊ မာန်သွင်းတာကတော့ တက်ကြွတာမဟုတ်ဘူး။ ကြွတက်တာပါ။ ကောင်းမယ်မထင်ဘူး။
သော့ချက် (၂) – ရွေးချယ်သူဖြစ်ပါစေ၊ အရွေးချယ်ခံ မဖြစ်ပါစေနဲ့။
” တင်မီ ” ဆိုတဲ့ ကလေးမတစ်ယောက်ရဲ့ အတွေ့အကြုံပါ။ သူနဲ့ လက်ထပ်မယ့်ယောက်ျားမှာ ဘယ်လို အရည်အချင်းတွေ ရှိသင့်တယ်ဆိုတာ ” တင်မီ ” က စာရင်းလုပ်ထားတယ်တဲ့ … ။ ဒါမျိုးတွေ ဖြစ်မှာပေါ့ …။

- လေးစားမှု
- မေတ္တာစစ်
- ရိုးဖြောင့်မှု
- သစ္စာရှိမှု
- တော်တည့်မှန်ကန်
- ဟာသဓာတ်ခံ

- လုံခြုံစိတ်ချမှုပေး
- ဖခင်ကောင်း
- နားထောင်နိုင်သူ
- ဘ၀ရပ်တည်မှုအတွက် အာမခံချက်ရှိ … စတာမျိုးတွေ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့”တင်မီ” ရဲ့ ရည်းစား “ခရစ်” မှာ ဒီအရည်အချင်းတွေ တစ်ခုမှ မရှိလေဘူး။ “တင်မီ” က သူ့စိတ်သူ ဖြေပါတယ်။ “ဘယ်တတ်နိုင်မလဲ ငါနဲ့ ဖူးစာမှန်လို့ ဆုံစည်းကြရတာ…။ ဘုရားသခင် အလိုတော်တိုင်းပေါ့ … ” ။ “တင်မီ” မှာ ကိုယ်ပိုင် မစ်ရှင်(Mission) ဖော်ပြချက်တော့ ရှိပါရဲ့။ ဒါပေမဲ့ ကိုယ့်မစ်ရှင်ကို ကိုယ်တိုင် မရွေးချယ်နိုင်ဘူး။ သူက ရွေးချယ်သူနေရာမှာမနေဘဲ အရွေးချယ်ခံဘ၀ကို ကျေနပ်နေတာကလား …။ ဒီကလေးမ အိမ်ထောင်ရေး ကံမကောင်းမှာ သေချာတယ်။

သော့ချက် (၃) – ဖြစ်အောင်လုပ်၊ ဆင်ခြေမပေးနဲ့။
ရွေးချယ်ပြီးပြီ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ ဆင်ခြေပေးလို့မရတော့ဘူး။ စမ်းကြည့်ဦးမယ်လုပ်လို့ မဖြစ်တော့ဘူး။ မဖြစ်ဖြစ်အောင် လုပ်ဖို့ပဲရှိတော့တယ်။ မြန်မာရာဇ၀င်မှာ ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲ ကြားဖူးမှာပေါ့။ ဖောင်တွေ လှေတွေ အကုန်မီးရှို့ပစ်တော့ ဆုတ်လမ်းမရှိတော့ဘူး။ သေ-မြေကြီး၊ ရှင်-ရွှေထီး စိတ်ဓာတ်နဲ့ အနိုင်တိုက်တော့တယ်။ ကမ္ဘာ့သမိုင်းမှာလည်း ဒါမျိုးတွေရှိပါတယ်။ ကျူးဘားကနေ မက္ကစီကိုကို သင်္ဘော ၁၁ စီးနဲ့ ချီတက်တိုက်ခိုက်တဲ့ “ကော်တီ” ဆိုတဲ့ ရေကြောင်းဗိုလ်ချုပ်ဟာ မက္ကစီကို ကမ်းခြေလည်းရောက်ရော သင်္ဘောအားလုံး မီးရှို့ပစ်ခဲ့ဖူးတယ်။
ဂျာမန်ကဗျာဆရာကြီး “ဂိုသီ” ရဲ့ ဟောဒီကဗျာလေးကို ဖတ်ကြည့်လိုက်ပါ။
- အိပ်မက်ရှိရင် အကောင်အထည်ဖော်
- ဆုံးဖြတ်ပြီးရင် စ,လုပ်
- ရဲရင့်မှုထဲမှာ ပါရမီရှိ၊ စွမ်းအားလည်းရှိ၊ ပဉ္စလက်တန်ခိုးလည်း ရှိလေရဲ့
စတားဝါးရုပ်ရှင်ထဲက ဂျေဒိုင်သခင်ယိုဒါပြောတဲ့ စကားကိုလည်း အစဖော်လိုက်ပါဦးမယ်။ “လုပ်မယ်ဆိုလုပ်၊ မလုပ်ဘူးဆိုမလုပ်နဲ့၊ စမ်းကြည့်ဦးမယ်ဆိုတာ မရှိဘူး” ။ ဘ၀မှာ “ရီဟာဆယ်” မရှိဘူးလို့ သတိပေးချင်တာ ဖြစ်ပါလိမ့်မယ်။
သော့ချက် (၄) – အလှည့်အပြောင်းကို အသုံးချ၊ မကြောက်နဲ့၊ မရှောင်နဲ့။
လူတစ်ယောက်ရဲ့ ဘ၀ဖြတ်သန်းချိန်မှာ အလှည့်အပြောင်းကာလတွေ ရှိတတ်ပါတယ်။ အကောင်းရော အဆိုးရောပေါ့။ ဥပမာ ဒါမျိုးတွေ …။
- စာသင်နှစ်အစ သို့မဟုတ် စာသင်နှစ်အဆုံး
- စာမေးပွဲအောင်ခါစ သို့မဟုတ် စာမေးပွဲကျခါစ
- ရည်းစားရခါစ သို့မဟုတ် ရည်းစားနဲ့ကွဲခါစ
- အိမ်ထောင်ကျခါစ သို့မဟုတ် အိမ်ထောင်ဘက်နဲ့ ကွာကွာရခိုက်
- မွေးဖွားခြင်းနဲ့ ကြုံရခိုက် သို့မဟုတ် သေဆုံးခြင်းနဲ့ ကြုံရခိုက်
- ရာထူးတိုးခါစ သို့မဟုတ် ရာထူးကျခါစ
- ချမ်းသာချိန် သို့မဟုတ် ဆင်းရဲချိန်
အောင်မြင်မှုကို မသာယာဖို့ လိုသလို ဆုံးရှုံးမှုမှာလည်း စိတ်ပျက်ချောက်ချားနေလို့ မဖြစ်ပါဘူး။ ကြုံလာတဲ့ အပြောင်းအလဲတိုင်းကို ဘ၀ခရီးအတွက် တွန်းအားအဖြစ် သဘောယူနိုင်ကြဖို့ပါ။
သော့ချက် (၅) – အပြန်အလှန် အမှီသဟဲပြု၊ တစ်ကိုယ်တော် သူရဲကောင်းမလုပ်နဲ့။
တောင်မြင့်မြင့်ကြီးတွေကို တက်ကြတဲ့အခါ တောင်တက်အဖွဲ့ဝင်တွေဟာ တစ်ယောက်ခါးကိုတစ်ယောက် ကြိုးချည်ဆက်ထားရပါတယ်။ ဒါမှ တစ်ယောက်ယောက် ခြေချော်လက်ချော် ဖြစ်ခဲ့ရင် ကယ်နိုင်မှာကိုး။ ဒီလိုပါပဲ။ ဘ၀ရဲ့ တချို့သော ပန်းတိုင်တွေဟာ တောင်ထိပ်တွေလို မြင့်မားတတ်တာမို့ တစ်ကိုယ်တော် သူရဲကောင်းစိတ်နဲ့ ချွန်လုပ်လို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အမှီသဟဲပြုပြီး ၀ိုင်းဝန်းကြိုးစားရပါတယ်။
သင့်ရဲ့ ပန်းတိုင်ကို သွားရာမှာ အရေးကြီးတဲ့ သော့ချက်တွေကို ဖော်ပြပြီးပါပြီ။ ဒီသော့ချက်တွေကို အသုံးပြုပြီး မိမိဘ၀ရဲ့ ပန်းတိုင်များသို့ အရောက်လှမ်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။

The 7 Habits of Highly Effective Teens by Sean Covey ကို ကျော်ဝင်း ဘာသာပြန်သော နှစ်ဆယ့်တစ်ရာစုသားရွှေဥ စာအုပ်မှ ထုတ်နှုတ်သည်။

Credit: Your Life Success (www.yourlifesuccess.blog.com)

For More Happiness & Life Success Tips, Go to www.yourlifesuccess.blog.com

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)