**ဘရက်ပစ်၏ Money ball ရုပ်ရှင်ကား ဒေါ်လာ ၂၃ သန်း ၀င်ငွေရရှိ**
(လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၅)
ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘရက်ပစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Money ball လို့ အမည်ရတဲ့ ရုပ်ရှင်ကားယခုသီတင်းပတ်အတွင်း အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်းပြသခဲ့ရာ ၀င်ငွေစံချိန်တင်ရရှိခဲ့တယ်လို့ ဟောလိဝုဒ်ရုပ်ရှင် တာဝန်ရှိသူများက ပြောပါတယ်။ ဒီရုပ်ရှင်ကားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က အမေရိကန်နိုင်ငံမှာ အလွန်အောင်မြင်ခဲ့တဲ့ ဘေ့စ်ဘောအသင်းတစ်သင်းအကြောင်းရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ Money ball လို့အမည်ရတဲ့ ဒီဇာတ်ကားမှာ သရုပ်ဆောင် ဘရက်ပစ်ဟာ အော့ကလန်အက်သလက်တစ်လို့ အမည်ရတဲ့ ဘေ့စ်ဘောအသင်းရဲ့ အထွေထွေမန်နေဂျာ ဘီလီဘိန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ယခုတစ်ပတ်အတွင်း ၀င်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃ သန်းကျော် ရရှိခဲ့ကြောင်း ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးမှ သိရပါတယ်။ (အင်တာနက်)

**မင်းသားကြီင်္းအာနိုး ကိုယ်ရေးအမှတ်တရ စာအုပ်ထုတ်ဝေမည်**
(နယူးယောက်၊ စက်တင်ဘာ ၂၅)
နိုင်ငံရေးလောကမှ ဟောလိဝုဒ်ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး အာနိုးရှဝါဇင်နေဂါဟာ သူ့ဘ၀ရဲ့ အမှတ်တရ မှတ်တမ်းစာအုပ်ကို ရေးသားထုတ်ဝေသူက အတည်ပြုပြောကြားလိုက်ပါတယ်။ အာနိုးရဲ့ မယုံကြည်နိုင်လောင်အောင် ဘ၀မှာ အောင်မြင်ခဲ့တဲ့ဘ၀ဖြစ်ရပ်မှန်တွေကို မင်းသားကြီး အာနိုးကိုယ်တိုင်ရေးသားထားတဲ့အကြောင်း အရာများကို စုစည်းထုတ်ဝေသွားမှာ ဖြစ်ပါတယ်လို့ ထုတ်ဝေသူဆီမွန်ရဲ့ ချုစတာတို့က ဆိုပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment