ဟန်ဆောင်တတ်ခြင်းဟာ
လူ့ဘောင်မှ အနုပညာတစ်မျိုး
ခေတ်အဆက်ဆက် မရိုးပဲ
အဟောင်းထဲ တ၀ဲလည်လည် . . .
စကား ဟန်ဆောင်
ရုပ် ဟန်ဆောင်
စိတ် ဟန်ဆောင်
ဘယ်အရာက အမှန်ဆိုတာ
တခါတလေ ကိုယ်တိုင်တောင်မသိရ
ဖော်ထုတ်ရမှာလဲ ဂွ ကျကျ ဆိုတော့
ဘယ်သူမှ မျက်နှာဖုံး မခွါချကြတာ
လူပီသစွာ သဘာဝကျခဲ့ပါတယ် . . .
တချို့ တချို့ က
ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဟန်ဆောင်ပြီး ရိုင်း
တချို့ တချို့ က
လျို့ဝှက်သူ ဟန်ဆောင်ပြီး မှု
ရှပ်ပြာ ရှပ်ပြာ တချို့ကလည်း
သွက်လက်ချက်ချာသူ အဖြစ်
အကာအကွယ် ယူကြပါရဲ့ . . .
မှင် နဲ့ မောင်း နဲ့
ဟန်ဆောင်တတ်ခဲ့ကြတဲ့နောက်
ဘယ်နေရာ ရောက်ရောက်
ပင်ကိုယ်ရုပ်နဲ့ ရွာပြင်ထုတ်မခံချင်ကြတော့ဘူး . . .
လူမှု့ဆက်ဆံရေးဟာ
ပြဇာတ်တပုဒ် ဖြစ်မယ်ဆို
သူသူ ငါငါ လူတကာဟာ
ဟန်ဆောင်မျက်နှာဖုံးတွေ အောက်မှာ
ယဉ်ကျေးမှု့ အတုတေးများကိုဆို
ပီယ၀ါစာ ယိမ်းကို ညီညီညာညာ ကပြ
ကဲ
ကျနော်တို့ စက်ဆုပ် စွာ အားပေးလိုက်ကြပါစို့ . . .
**မာဃလုလင်**
ဟန်ဆောင်တတ်ခြင်းဟာ
လူ့ဘောင်မှ အနုပညာတစ်မျိုး
ခေတ်အဆက်ဆက် မရိုးပဲ
အဟောင်းထဲ တ၀ဲလည်လည် . . .
စကား ဟန်ဆောင်
ရုပ် ဟန်ဆောင်
စိတ် ဟန်ဆောင်
ဘယ်အရာက အမှန်ဆိုတာ
တခါတလေ ကိုယ်တိုင်တောင်မသိရ
ဖော်ထုတ်ရမှာလဲ ဂွ ကျကျ ဆိုတော့
ဘယ်သူမှ မျက်နှာဖုံး မခွါချကြတာ
လူပီသစွာ သဘာဝကျခဲ့ပါတယ် . . .
တချို့ တချို့ က
ပွင့်ပွင့်လင်းလင်း ပြောတတ်သူ ဟန်ဆောင်ပြီး ရိုင်း
တချို့ တချို့ က
လျို့ဝှက်သူ ဟန်ဆောင်ပြီး မှု
ရှပ်ပြာ ရှပ်ပြာ တချို့ကလည်း
သွက်လက်ချက်ချာသူ အဖြစ်
အကာအကွယ် ယူကြပါရဲ့ . . .
မှင် နဲ့ မောင်း နဲ့
ဟန်ဆောင်တတ်ခဲ့ကြတဲ့နောက်
ဘယ်နေရာ ရောက်ရောက်
ပင်ကိုယ်ရုပ်နဲ့ ရွာပြင်ထုတ်မခံချင်ကြတော့ဘူး . . .
လူမှု့ဆက်ဆံရေးဟာ
ပြဇာတ်တပုဒ် ဖြစ်မယ်ဆို
သူသူ ငါငါ လူတကာဟာ
ဟန်ဆောင်မျက်နှာဖုံးတွေ အောက်မှာ
ယဉ်ကျေးမှု့ အတုတေးများကိုဆို
ပီယ၀ါစာ ယိမ်းကို ညီညီညာညာ ကပြ
ကဲ
ကျနော်တို့ စက်ဆုပ် စွာ အားပေးလိုက်ကြပါစို့ . . .
**မာဃလုလင်**
No comments:
Post a Comment