(Over 190 people are confirmed dead after a passenger and cargo ship capsized and sank early Saturday morning. The ship was sailing between the two major islands in Tanzania.)
**တန်ဇန်းနီးယားတွင် ကူးတို့ ယာဉ်နစ်မြုပ်၊ လူ ၁၉၀ ကျော်သေဆုံး**
အရှေ့အာဖရိကဒေသရှိ ကျွန်းတစ်ကျွန်းဖြစ်သော ဇမ်ဇီကာကျွန်းမှ ပန်ဘားကျွန်းသို့ စက်တင်ဘာလ ၁၀ ရက်က ကူးတို့သင်္ဘောတစ်စင်း ရွက်လွှင့်ခုတ်မောင်းသွားစဉ် ရေစီးကြမ်းတမ်းမှုကြောင့် နစ်မြုပ်သွားခဲ့ရာ လူ ၁၉၀ ကျော်ရေနစ်သေဆုံးကြောင်း၊ ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါကူးတို့ယာဉ်ပေါ်တွင် ခရီးသည် ၅၀၀ ကျော် တင်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။ (အမ်အင်န်အေ၊ ရိုက်တာ)

**တရုတ်နိုင်ငံရှိ ဂရိတ်ဝေါတံတိုင်းကြီးနှင့် အပြိုင်တံတိုင်းများအချို့အစိတ်အပိုင်းများတွင် တည်ဆောက်ထားဟုဆို**
(ရှီယန်း၊ စက်တင်ဘာ ၁၁)
တရုတ်နိုင်ငံတနံတလျားအံ့မခန်းတည်ရှိနေသည့် ဂရိတ်ဝေါမဟာတံတိုင်ကြီး၏ အချို့အစိတ်အပိုင်းများတွင် အပြိုင်တံတိုင်းများရှိကြောင်း အဆိုပါအစိတ်အပိုင်းနေရာများတွင် ကွန်ရက်သဖွယ် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း တရုတ်ရှေးဟောင်းသူတေသနပညာရှင်တစ်ဦးက အခိုင်အမာ တင်ပြလာသည်။ ယခင်အယူအဆဟောင်းဖြစ်သည့် မဟာတံတိုင်းကြီးကို သူ့ချည်းထီးတည်း တည်ဆောက်ထားခြင်း မဟုတ်ကြောင်း ကိုင်လှုပ်ဖြိုလှဲလာသူက ရှားအန်ဇီပြည်နယ် အနောက်မြောက်ပိုင်းမှ ဆန်းစစ်တိုင်တာရေးအဖွဲ့တစ်ဖွဲ့၏ ဥက္ကဌ တုရန်ကျန်ပိုဆိုသူဖြစ်သည်။ တံတိုင်းကြီး၏ အချို့အပိုင်းများတွင် တံတိုင်ငယ် နှစ်ခုမှသုံးခုထိ အပြိုင်ရှိနေကြောင်း တံတိုင်းကြီး၏ အချို့အပိုင်းများအား မြေတိုင်းဆန်းစစ်ပြီးနောက် ရှားအန်ဇီအောနက်မြောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်းဖြစ်သည့် တုရန်က ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**လလေ့လာရေး ဂြိုဟ်တုနှစ်လုံး နာဆာလွှတ်တင်**
(လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကိတ်ကာနေဗယ် လေတပ်အခြေစိုက်စခန်းမှနေ၍ လူလိုက်ပါခြင်းမရှိသော ဒုံးပျံယာဉ်တစ်စင်းကို စက်တင်ဘာ ၁၀ ရက်ဒေသစံတော်ချိန် ညနေ ၅ နာရီ ၀၈ မိနစ်က လသို့ လွှတ်တင်လိုက်ကြောင်း နာဆာအဖွဲ့က စက်တင်ဘာ ၁၁ ရက်၌ သတင်းထုတ်ပြန်သည်။ အရှည် ၁၂၄ ပေရှိသော ၄င်းဒုံးပျံသည် လမျက်နှာပြင်ကို စူးစမ်းလေ့လာမည့် စက်ရုပ်လက်တံနှစ်ခုကို သယ်ဆောင်သွားကာ လွှတ်တင်ပြီး ၂ နာရီအကြာတွင် သယ်ဆောင်သွားသော ဒုံးပျံမှနေ၍ ဂြိုဟ်တုနှစ်လုံးမှ လွတ်လပ်စွာ ဆက်လက်ပျံသန်းသွားခဲ့သည်။ စက်ရုပ်လက်တံများကို သယ်ဆောင်သွားသော ဂြိုဟ်တုနှစ်လုံးသည် လာမည့်ဒီဇင်ဘာလ ၃၁ ရက် သို့မဟုတ် ဇန်န၀ါရီ ၁ ရက်တို့တွင် လ အနီးသို့ ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။ (အင်တာနက်)
**စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်**

No comments:
Post a Comment