ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 14, 2011

အင်တာနက် စွဲလေ အထီးကျန်ဝေဒနာ ပိုခံရလေ

>
အင်တာနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များဖြစ်သည့် ဖေ့စ်ဘွတ်တို့၊ တွစ်တာတို့
တွင်ကျယ်လာသည်နှင့်အမျှ လူငယ်တွေ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များမှာ
အချိန်ကုန်တာလည်း ပိုများလာနေသည်။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များသုံးပြီး
အွန်လိုင်း သူငယ်ချင်းများနဲ့ အချိန်ကုန်သော လူငယ်ထု အရေအတွက်က တဟုန်ထိုး
တက်လာနေသည်။ ထိုလူငယ်များသည် အွန်လိုင်းတွင် သူငယ်ချင်းပေါင်းများစွာ
ရှာဖွေရင်း၊ အွန်လိုင်းက သူငယ်ချင်းများနဲ့ အချိန်ကုန်ရင်း လက်တွေ့လောက
သူငယ်ချင်းများနဲ့ အဆက်ပြတ်လာနေသည်။ အွန်လိုင်းက သူငယ်ချင်းများနဲ့
အဆက်အသွယ်မပြတ် ရှိနေသည့်တိုင် လက်တွေ့လောက သူငယ်ချင်းများနှင့်မူ
လူချင်းတွေ့ဖြစ်သည့်အချိန်က နည်းသထက်နည်းလာခြင်း၏ အကျိုးဆက်အဖြစ်
ယနေ့ခေတ် အွန်လိုင်းအစွဲလွန်လူငယ်များသည် အထီးကျန်ဝေဒနာကို
ပိုခံစားလာနေရကြောင်း သိရသည်။

ယနေ့ခေတ် ဆယ်ကျော်သက်များသည် အွန်လိုင်းမှာ အပေါင်းအသင်းတွေ
များစွာရှိနေကြသည်။ ဗြိတိန်နိုင်ငံက လူငယ်များသည် ပျမ်းမျှအားဖြင့်
အွန်လိုင်းတွင် သူငယ်ချင်းပေါင်း ၂၄၃ ယောက်လောက် ရှိနေကြသည်။ ထိုမျှ
များပြားသော သူငယ်ချင်းများ အွန်လိုင်းတွင် ရှိနေပြီး အွန်လိုင်းတွင်
အချိန်ကုန်တာလည်း များပြားလာသဖြင့် ယနေ့လူငယ်များသည် ပြင်ပတွင်
ဆက်ဆံတတ်မှုအစွမ်းများကျတော့ ကျဆင်းလာနေကြောင်း သိရသည်။ အွန်လိုင်းတွင်
မိတ်ဆွေလုပ်ကောင်းသော်လည်း အပြင်မှာ လူချင်းတွေ့သည့်အခါ မပြောဆို
မဆက်ဆံတတ်ဖြစ်ကုန်သော လူငယ်အရေအတွက်က များသထက် များလာနေသည်။ အွန်လိုင်းက
သူငယ်ချင်းများနဲ့ ရွှန်းရွှန်းဝေအောင် ပြောတတ်သော်လည်း အပြင်တွင်
မိတ်ဆွေများနှင့် လူချင်းတွေ့ပြီး ပြောသည့်အခါတွင်တော့ အဆင်ပြေအောင်
မနည်းပြောနေရကြောင်း လူငယ်တွေကိုယ်တိုင်က ဝန်ခံပြောကြားကြသည်။
အွန်လိုင်းတွင် အချိန်ကုန်ပါများသဖြင့် အပြင်တွင် မိတ်ဆွေ
အပေါင်းအသင်းများနှင့် သွားလာတာမျိုးလည်း နည်းသထက် နည်းလာနေကြောင်း
လူငယ်များက ဝန်ခံထားကြပြန်ပါသည်။

ခေတ်သစ်လူမှုကွန်ရက်နည်းပညာများ၏ အဓိကရည်ရွယ်ချက်မှာ
လူသားများ တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးကပ်လာအောင်
ပိုမိုနွေးထွေးလာအောင် ပေါင်းကူးပေးဖို့ ဖြစ်သော်လည်း မရည်ရွယ်ပါဘဲ
ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်သွားရသည်။ လူလူချင်း ဆက်သွယ်ရေးများ
ပိုမို အဆင်ပြေလာသည်မှန်သော်လည်း အဓိကရည်ရွယ်ချက်ဖြစ်သည့် လူလူချင်း
ပိုမိုနီးကပ်လာအောင် လုပ်ပေးဖို့ဟူသော ရည်မှန်းချက်ကား လွဲသွားခဲ့ရသည်။
လူများသည် လူမှုကွန်ရက်များအားကိုးဖြင့် ပိုမိုရင်းနှီးလာ ပိုမို
ဆက်သွယ်ရေး အဆင်ပြေလာကြသော်လည်း လူမှုကွန်ရက်များကသာ ဆက်သွယ်နေကြပြီး
လူလူချင်း မျက်နှာချင်းဆိုင် တွေ့ဆုံ ဆက်ဆံရေးကျတော့ နည်းသထက်
နည်းလို့လာနေသည်။

လူသည် လူချင်း ထိတွေ့ဆက်ဆံမှု ပြုရမှသာ အမှန်တစ်ကယ်
ကျန်းမာပျော်ရွှင်တတ်ကြသည်ဖြစ်ရာ ယနေ့ခေတ် လူမှုကွန်ရက် အလွန်အကျွံ
အားထားနေသော လူငယ်များ၏ ကျန်းမာရေးသည် စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း
ဗြိတိန်နိုင်ငံမှ လူမှုဆက်ဆံရေးဘာသာရပ် ကျွမ်းကျင်သူ ဂျူလီ ပီးစ်ဂွတ်က
ပြောသည်။

“ဖေ့စ်ဘွတ်ခ် သူငယ်ချင်းတွေဆိုတာ လူချင်း မျက်နှာချင်းဆိုင်
ပြောဆိုဆက်ဆံလို့ရတာ မဟုတ်ဘူး၊ လူဆိုတာ အပေါင်းနဲ့အသင်းနဲ့
အသိုင်းနဲ့အဝိုင်းနဲ့ လူလူချင်း ထိတွေ့ပေါင်းသင်းနေရမှ လူသား သဘာဝကျကျ
ကျန်းမာလန်းဆန်းတာ၊ ခုလို အွန်လိုင်းပေါ်မှာတင် မြင်ရတဲ့
အပေါင်းအသင်းတွေကို စွဲလန်းလွန်းတာဟာ လူသားရဲ့ သဘာဝနဲ့
ဆန့်ကျင်နေတာကြောင့် လူငယ်တွေရဲ့ ကျန်းမာရေးဟာ စိုးရိမ်စရာ
အခြေအနေဖြစ်လာပါတယ်၊ လူလူချင်း ထိတွေ့ဆက်ဆံမှုကသာ လူတွေကို
ကျေနပ်နှစ်သိမ့်မှု ပေးစွမ်းတယ်၊ တစ်ခြားလူတွေနဲ့ကိုယ်နဲ့
ဆက်သွယ်မှုရှိတယ်၊ ကိုယ်ဟာ လူ့အသိုင်းအဝိုင်းထဲက လူတစ်ယောက်ဖြစ်တယ်လို့
ခံစားရစေတယ်” ဟု ၎င်းက ပြောကြားသည်။

လူသားအတွက် အဓိက လိုအပ်ချက်တစ်ရပ်မှာ လူလူချင်း
ထိတွေ့ဆက်ဆံရာမှ ထွက်ပေါ်လာသော ကိုယ်ဟာ လူ့အသိုင်းအဝိုင်းထဲက
လူတစ်ယောက်ပါလားဆိုသော ကျေနပ်နှစ်သိမ့်မှုဖြစ်သည်။ ထိုသို့
ကျေနပ်နှစ်သိမ့်နိုင်မှသာ လူသား၏ စိတ်သည် ပုံမှန်အခြေအနေတွင်ရှိကာ
လူသားသည် စိတ်ကျန်းမာနေမည်ဖြစ်သည်။ ထိုစိတ်ကျေနပ်မှုကို မရပါက လူသားသည်
စိတ်ဟာနေကာ လိုအင်မပြည့်သည့် ဝေဒနာကို ခံစားနေရမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါ လေ့လာမှုများကို ဗြိတိန်နိုင်ငံထုတ် Yours မဂ္ဂဇင်းမှ
ပြုလုပ်ထားခြင်းဖြစ်သည်။ အသက် ၁၈ နှစ်မှ အသက် ၈၀ အထိ လူများကို မေးမြန်း
စစ်တမ်းကောက်ခဲ့ရာ သုံးပုံတစ်ပုံသည် အပြင်တွင် မိတ်ဆွေ အပေါင်းအသင်း
ရောင်းရင်းများနှင့် ပြောဆိုဆက်ဆံတာထက် အွန်လိုင်းကနေ ချတ်ဖြစ်တာက
ပိုများနေကြောင်း သိရသည်။ ထိုသို့ အွန်လိုင်းကတစ်ဆင့်
အပေါင်းအသင်းများနှင့် ဆက်သွယ်သည့်ဓလေ့ အဟုန်ကောင်းကောင်း
ဖွံ့ဖြိုးလာရသည်မှာ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ရခြင်းသည်
မြန်ဆန်လွယ်ကူခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ မြန်ဆန်သည်၊ လွယ်ကူသည်၊
အချိန်ကုန်လည်း သက်သာသည်၊ လူပင်ပန်းလည်း သက်သာသည်ဖြစ်ရာ လူတွေသည်
အွန်လိုင်းကတစ်ဆင့် ဆက်သွယ်ရတာကို ပိုသဘောကျလာကြကြောင်း တွေ့ရသည်။
ထိုအကြောင်းကြောင့်ပင် လူချင်းတွေ့ဖြစ်ကြတာက နည်းသထက် နည်းလာနေသည်။

လေ့လာမှုကို အားလုံးပေါင်းချုံ ကောက်ချက်ချလိုက်သည့်အခါ
လေ့လာမှုတွင် ပါဝင်သူ သုံးပုံနှစ်ပုံသည် အွန်လိုင်းမိတ်ဆွေများနှင့်
အချိန်ကုန်တာများပြီး လက်တွေ့လောက သူငယ်ချင်းများကို အချိန်ပေးတာ
နည်းသထက်နည်းလာနေသည်ဟု တွေ့ရသည်။ အများစုမှာ လူငယ်များဖြစ်သည်။
လက်တွေ့လောက သူငယ်ချင်းများနှင့် ကင်းကွာလာမှုကြောင့် လူငယ်များသည်
တစ်ကိုယ်တည်း အထီးကျန်သည့် ဝေဒနာကို ပိုမိုခံစားလာရကြောင်း သိရသည်။
အွန်လိုင်းက သူငယ်ချင်း ရာပေါင်းများစွာနှင့် ဆက်သွယ်ပြောဆိုနေသည့်တိုင်
ထိုလူငယ်များသည် တစ်ကယ့်တစ်ကယ် လက်တွေ့ဘဝတွင်မူ လက်တွေ့အပေါင်းအသင်း
နည်းပါးကုန်မှုကြောင့် အပေါင်းအသင်း ငတ်မွတ်မှု ဝေဒနာကို
ခံစားရလျှက်ရှိကြောင်း သိရသည်။ ထိုဝေဒနာ ပြင်းထန်လာပါက အထီးကျန်
စိတ်ဝေဒနာသည်များအဆင့်ထိ ရောက်ရှိသွားနိုင်သည်။

ခေတ်သစ်နည်းပညာ တိုးတက်မှုများသည် လူတွေ လူလူချင်း
မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံခွင့်တွေကို နည်းသထက်နည်းအောင် လုပ်သလို
ဖြစ်နေသည်။ ငယ်ပေါင်းကြီးဖော် ရင်းနှီးသူချင်းတောင် အွန်လိုင်းကပြောလိုက်
ပြီးတာပဲဆိုပြီး လူချင်းတွေ့ဖြစ်သည့်နှုန်းတွေက နည်းသထက် နည်းလာနေသည်။
ရလဒ်အဖြစ် လူသည် လူလူချင်း ထိတွေ့ဆက်ဆံသည့်နှုန်းတွေကျလာပြီး တစ်ကိုယ်တည်း
အထီးကျန်သည့် ခံစားမှုများ တိုးပွားလာနေသည်။ နောင်တွင် ထိုသို့
အထီးကျန်သည့် ခံစားချက်က ပိုဆိုးလာဖွယ်ရှိနေသည်။

ယခုဆို စတိုးဆိုင်မှာ ဈေးသွားဝယ်ရင်တောင် စကားစမြည်ပြောစရာ
ငွေရှင်းကောင်တာ စာရေးတွေ မရှိတော့။ ကိုယ့်ဖာသာ ငွေရှင်းပြီး
ထွက်သွားလို့ရသည့် စနစ်တွေ ဝင်လာပြီ။ နည်းပညာတွေက လူသားကို တစ်ကိုယ်ရေ
နည်းပညာပစ္စည်းများကြားမှာ နေသထက် နေလာအောင် တွန်းထိုးပို့ဆောင်နေသည်။
အထူးသဖြင့် လူငယ်များသည် ကွန်ပျူတာရှေ့မှာအထီးကျန်ထိုင်ရင်း အွန်လိုင်းက
သူငယ်ချင်းများနဲ့ အချိန်ကုန်နေကြတော့သည်။ ယခုလို
လူမှုကွန်ရက်ဝက်ဘ်ဆိုက်များ ပေါ်လာသည့်ကာလလောက် လူတွေ အထီးကျန်ဝေဒနာကို
ခံစားရသည့် အချိန်သည် သမိုင်းတစ်လျှောက် မရှိခဲ့ဖူးပေ။

အင်တာနက် ဆက်သွယ်ရေးလှိုင်းလုံးတွေက အဟုန်ပြင်းပြင်းနဲ့
လာနေပြီ။ လူငယ်များ အွန်လိုင်းကို အစွဲလမ်းလွန်ပြီး လက်တွေ့ဘဝနှင့်
ကင်းလွတ်ကာ အထီးကျန်ဝေဒနာကို ခံစားရမည့် အန္တရာယ်ကလည်း တွဲပါလာနေသည်။
လူငယ်များ သတိပြုဖွယ် ဖြစ်သည်။

**ရေးသားသူ - သန်းထိုက်စိုး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)