ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 8, 2011

နွားနို့တစ်ခွက်.

>

သူက အမိအဖမရှိ တစ်ကောင်ကြွက်..

ဘ၀ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရုန်းကန်နေရသူတစ်ယောက်လည်း ဖြစ်သေးရဲ့။ ကျောင်းစရိတ် ကူညီထောက်ပံ့သူ မရှိတဲ့အတွက် ပညာတတ် ဖြစ်ချင်လွန်းသောစိတ်ဖြင့် မီးဖိုချောင်သုံး အသေးအမွှားပစ္စည်းတွေ၊ ငရုပ်၊ကြက်သွန် စတဲ့ ဟင်းသီးဟင်းရွက် လေးတွေကို အိမ်ပေါက်စေ့ လိုက်လံ ရောင်းချပြီး ကျောင်းစရိတ်ရှာ ကျောင်းတက်ရတဲ့ပင်ပန်းဆင်းရဲလွန်းတဲ့ဘ၀ပါ။ ရသမျှငွေလေးကို ကျောင်းစရိတ်အတွက် ချွေတာ စုဆောင်း နေရတာနဲ့ အစားအသောက်ကို ခြိုးခြံချွေတာပြီး မစားရက်မသောက်ရက် ဖြစ်နေတတ်ခဲ့တယ်။

တစ်နေ့မှာတော့… အဲဒီလို ဈေးလိုက်ရောင်းရင်း သူ့ဗိုက်ထဲက မခံမရပ်နိုင်အောင် ဆာလောင်နေခဲ့ပါတယ်။ ခြေလှမ်းတွေတောင် ဆက်ပြီးလှမ်းဖို့ သူ့မှာ အင်အား မရှိသလောက် ဖြစ်နေရပါပြီ။ လက်ထဲမှာလည်း အကြွေစေ့ အနည်းငယ်သာ ကျန်ပါတော့တယ်.. ဒီငွေလေးဟာလည်း အစားအသောက်ဝယ်စားဖို့ လုံလောက်တဲ့ ငွေ ပမာဏ မဟုတ်တော့ပါဘူး…. ဒါကြောင့် သူဆုံးဖြတ်လိုက်တာက နောက်တစ်အိမ်မှာတော့ အစားအစာ တစ်ခုခု ရလိုရငြား အကူအညီ တောင်းကြည့်ဖို့ပါ။ ဒါပေမဲ့လည်း သူခေါက်လိုက်မိတဲ့ အိမ်တံခါးကို လာဖွင့်သူက ငယ်ငယ်ရွယ်ရွယ် ချစ်စရာ မိန်းမပျိုလေး ဖြစ်နေတာ တွေ့ရတော့ အစားအသောက် တစ်ခုခု တောင်းဖို့ ရှက်ရွံ့စိတ်နဲ့ သူ တွန့်ဆုတ်သွားခဲ့ရပါတယ်… ဒီတော့ အစားတစ်ခုခု တောင်းရမဲ့အစား ရေတစ်ခွက်လောက် သောက်ပါရစေလို့သာ သူ့နှုတ်က ထွက်သွားခဲ့မိတော့တယ်။ သို့ပေမဲ့ ပါးနပ်တဲ့ မိန်းမပျိုလေးက သူ့ကြည့်ရတာ သိပ်ဆာနေပုံရတယ်လို့ တွေးလိုက်မိပြီး နွားနို့ဖန်ခွက်ကြီးကြီး တစ်ခွက် အပြည့်ကို ယူလာပြီး ကောင်လေးကို ပေးလိုက်ပါတယ်.. ကောင်လေးက နွားနို့ခွက်ကို ဖြေးညင်းစွာ သောက်ရင်းက သူမလေးကို မေးလိုက်ပါတယ်….

“ဒီနွားနို့အတွက် ငွေဘယ်လောက်ကျပါသလဲ ခင်ဗျာ” လို့…
သူ့အမေးကို မိန်းကလေးက ပြန်ဖြေပါတယ်…

“နွားနို့က ကျွန်မ စေတနာနဲ့ တိုက်တာပါ။ အဲဒီအတွက် ရှင်တစ်ပြားမှ ပေးစရာမလိုပါဘူး။ ကျွန်မအမေက ကိုယ်ပေးလိုက်တဲ့ စေတနာ မေတ္တာ အတွက် တန်ဖိုးအဖြစ် တစ်ဖက်လူဆီက ဘာကိုမှ ပြန်လက်မခံဖို့ ကျွန်မကို သင်ပေးထားပါတယ် ”

“အိုး… ဒီလိုဆိုရင်ဖြင့် ဒီနွားနို့တစ်ခွက်အတွက် ကျွန်တော့် အသည်းနှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်… ခင်ဗျာ။ ကျွန်တော် သိပ်ကိုဆာနေခဲ့တာပါ ” လို့ သူ ကျေးဇူးတင်လွန်းစွာ ပြန်ပြောလိုက်မိပါတယ်။

နွားနို့တစ်ခွက်ကုန်အောင် သောက်လို့ပြီးတာနဲ့ အားအင်ပြည့်ဝစွာနဲ့ အဲဒီအိမ်ကနေ ပြန်ထွက်လာပါတယ်… ဒီနွားနို့တစ်ခွက်ကြောင့် သူ့ကိုယ်ခန္ဓာမှာ ခွန်အားပြည့်လာရုံတင်မက စိတ်ဓာတ်အင်အားပါ မြှင့်တက်လာတယ်လို့ သူယုံကြည်လာတယ်..

လောကကြီးမှာ သူ့ကို နွားနို့တစ်ခွက် တိုက်လိုက်တဲ့ မိန်းခလေးလို အကြင်နာတရား ပြည့်ဝသူများလည်း ရှိပါသေးလား ဆိုတာ သူသဘောပေါက်လာတယ်… သူဟာ ဆင်းရဲစွာ ရုန်းကန်နေရတဲ့ သူ့ဘ၀ကြီးကို တခါတခါ စိတ်ကုန်မိပြီး လောကကြီးကို အရှုံးပေးဖို့ အထိပါ သူစဉ်းစားခဲ့ဖူးတယ်.. ဒါပေမဲ့ ခုချိန်မှာတော့ နွားနို့တစ်ခွက်ရဲ့ ကျေးဇူးကြောင့် မယုံနိုင်စရာ အင်အားတွေ သူ ရရှိခဲ့ပါပြီ။

နှစ်အတန်ကြာတဲ့အခါ သူ့ကို နွားနို့တိုက်ခဲ့တဲ့ မိန်းခလေးဟာ အပြင်းအထန် နေမကောင်း ဖြစ်ပါတယ်။ အဲဒီမြို့က ဆရာဝန်တွေဟာ မိန်းခလေးရဲ့ ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ဘဲ ဖြစ်နေပြီး မိန်းခလေးရဲ့ အခြေအနေဟာ တစ်နေ့တစ်ခြား ပိုဆိုးဆိုးလာပါတယ်။ နောက်ဆုံးတော့ မြို့တော်က ဆေးရုံကြီးတစ်ရုံမှာ အခု မိန်းခလေးမှာ ဖြစ်နေတဲ့ ရောဂါမျိုးတွေကို ကုသရာမှာ အလွန်ထူးချွန်တဲ့ ဆရာဝန်ကြီးတစ်ယောက် ရှိကြောင်းနဲ့ ထိုဆရာဝန်ကို သွားတွေ့ပြီး ကုသမှု ခံယူသ့င်ကြောင်း သူမကို ကုနေတဲ့ ဆရာဝန်တွေက တိုက်တွန်းတာနဲ့ မိန်းခလေးရဲ့ မိဘတွေက သူမကို ဆေးကုသခံဖို့ မြို့တော်ကြီးကို ခေါ်ဆောင်လာပါတယ်… ဆေးရုံကြီးဆီရောက်လို့ သူမ မိဘတွေက ဆရာဝန်ကြီးနဲ့တွေ့ပြီး လူနာအကြောင်း ပြောပြတဲ့အချိန်မှာတော့ လူနာကောင်မလေးရဲ့ မြို့နံမည်လဲ ကြားလိုက်ရော ဆရာဝန်ကြီးရဲ့ မျက်နှာနဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ လင်းလက်မှုတစ်ချို့ ပေါ်လာပါတယ်။ ချက်ခြင်းပဲ ဆရာဝန်ကြီးက ထိုင်နေရာကနေ အလျှင်အမြန် ထလိုက်ပြီး ဆေးရုံက သူ့ကိုယ်ပိုင် အခန်းထဲကို ကသောကမျော ၀င်ရောက်သွားပါတယ်။ ပြီးတော့ သူရဲ့ ဂျူတီကုတ်ကို အမြန် ကောက်ဝတ် လိုက်ပြီး လူနာမိန်းကလေးကို သွားကြည့်ပါတယ်။ ဒီမှာတင်ဘဲ ဆရာဝန်ကြီး မှတ်မိလိုက်ပါပြီ…..

သူ့ရဲ့ ဆေးကုသခန်းထဲကို ပြန်ဝင်လာပြီးတော့ သူမအသက်ကို ကယ်ဖို့အတွက် သူတတ်နိုင်သမျှ အကောင်းဆုံး ဆေးကုသမှုကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနေ့ကစလို့ ဆရာဝန်ကြီးဟာ သူကိုယ်တိုင် အထူးဂရုစိုက်ပြီး အကောင်းဆုံး ကုသမှုကို ပေးပါတယ်.. ရက်ပေါင်း အတော်ကြာတဲ့အခါမှာတော့ ရောဂါနဲ့ ပညာရှင် လွန်ဆွဲနေတဲ့ပွဲမှာ ဆရာဝန်ကြီး အနိုင်ရသွားပါပြီ။ လူနာအသက်ကို သူ ကယ်လိုက် နိုင်ပါပြီ။ လူနာမိန်းခလေး ရောဂါ သက်သာလာလို့ ဆေးရုံက ဆင်းခါနီးမှာတော့ ဆရာဝန်ကြီးက ဆေးရုံရဲ့ ဆေးကုသစရိတ် ပေးချေရာဌာနကို သွားပြီး မိန်းခလေး အတွက် ကျသင့်တဲ့ ဆေးဖိုးကုန်ကျငွေ စာရွက်ကို သူ့ဆီကို ပို့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဆေးကုသစရိတ် ကျသင့်ငွေစာရွက် ရောက်လာတဲ့အခါ ဆရာဝန်ကြီးက တစ်ချက် ကြည့်လိုက်ပြီးတော့ စာရွက်ရဲ့အောက်ဆုံးမှာ တစ်စုံတစ်ခုကို ချရေးလိုက်ပါတယ်။ ရေးလိုက်ပြီးတာနဲ့ အဲဒီစာရွက်လေးကို မိန်းခလေးထံ ပို့ခိုင်းလိုက်ပါတော့တယ်..

ဆေးကုသစရိတ် စာရွက်ကလေး မိန်းခလေးဆီကို ရောက်သွားတဲ့အခါမှာ စာရွက်ကို ဖွင့်ကြည့်ဖို့သူမ ကြောက်ရွံ့နေမိပါတယ်။ သေချာတာတစ်ခုကတော့သူမတို့အနေနဲ့ ဒီဆေးကုသစရိတ်ဟာ အင်မတန်မှ များပြားလွန်းနေမယ်ဆိုတာ သိနေခဲ့ပြီး သူမတစ်ယောက်တည်း အနေနဲ့သာဆို ဘ၀တစ်လျှောက်လုံး အလုပ်လုပ်ပြီး ဆပ်ရင်တောင် ကြေနိုင်ပါ့မလားရယ်လို့ တွေးနေမိပါတယ်။ သို့သော်လည်း နောက်ဆုံးတော့ စာရွက်ကို သူမ ဖွင့်ကြည့်လိုက်ပါတယ်.. ဖွင့်လိုက်တဲ့ အခါမှာတော့ စာရွက်အောက်ဆုံးမှာ ရေးထားတဲ့ စာကြောင်းလေးက သူမရဲ့အာရုံ တစ်ခုလုံးကို ဖမ်းစားထားလိုက်ပါတယ်။

“ကျသင့်သမျှ ဆေးဖိုးအားလုံး နွားနို့တစ်ခွက်နဲ့ ပေးချေပြီးပါပြီ ”

အောက်မှာတော့ သူမငယ်စဉ်က နွားနို့တစ်ခွက်တိုက်ခဲ့ဖူးတဲ့ ကောင်လေးရဲ့နံမည်ကို တွေ့လိုက်ရပါတယ်။ သူဟာ ခုချိန်မှာတော့ ဆရာဝန်ကြီး “ဟောင်းဝတ်ကယ်လီ” ဖြစ်နေခဲ့ပါပြီ။ စာရွက်ပေါ်က လက်ရေး စာလုံးလေးတွေနဲ့ ထိုးထားတဲ့ လက်မှတ်လေးကို ကြည့်ပြီး သူမရဲ့ မျက်ဝန်းတွေကနေ ၀မ်းသာကြည်နူးမှု မျက်ရည်တွေ တစ်လိမ့်လိမ့် ကျဆင်းလာပါတော့တယ်။ ဘာကိုမှ မမျှော်ကိုးဘဲ တိုက်ကျွေးခဲ့မိတဲ့ နွားနို့လေးတစ်ခွက်ဟာ သူမရဲ့ အသက်ကို ကယ်လိုက်နိုင်ရုံသာမက များပြားလှတဲ့ ဆေးဖိုးတွေကိုပါ ပေးချေ ပစ်နိုင်လောက်အောင် တန်ဖိုးကြီးလှတယ်ဆိုတာ မယုံနိုင်လောက်အောင် ထူးဆန်းနေပါတော့တယ်.. တကယ်တမ်းတော့ ဒီအဖြစ်အပျက်လေးဟာ “တစ်ဦးမေတ္တာ တစ်ဦးမှာ” ဆိုတဲ့ စကားရပ်လေးက မှန်ကန်လှကြောင်း သက်သေဘဲ မဟုတ်ပါလားနော်။

~~~~~~~~~~~~~~~~~~~~~~~~~

ဒီဇာတ်လမ်းလေးဟာ ကျွန်မ စာရေးခါစကတုန်းက ဘာသာပြန်ခဲ့ဖူးတဲ့ စာလေးတစ်ပုဒ်ပါ။ အကြောင်းအရာလေးကို နှစ်သက်မိတာမို့ မဖတ်ဖူးသေးသူများ ခံစားကြည့်ဖို့နဲ့ ဖတ်ဖူးပြီးသူများလည်း ပြန်လည်ခံစားဖို့ တင်ပေးလိုက်ပါတယ်နော်။ တစ်စုံတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အကြင်နာလေးဟာ တစ်ဖက်သားအတွက် မထင်မှတ်တဲ့ အကျိုးကျေးဇူးတွေ ရရှိသွားတတ်တယ်ဆိုရင် တစ်ဦးမေတ္တာ တစ်ဦးမှာဆိုတဲ့စကားနဲ့အညီ အကူအညီ လိုအပ်နေသူများ၊ ဒုက္ခရောက်နေသူများကို ကိုယ်တတ်နိုင်သလောက် စေတနာရှေ့ထားလို့ ကူညီသင့်ကြတယ် မဟုတ်ပါလားနော်။

A Glass of Milk (Unknown Author)ကို ဘာသာပြန်ပါသည်။

**ချော(အစိမ်းရောင်လွင်ပြင်) **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)