ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 8, 2011

ကိုယ်မလုပ်ချင်တာတွေ လုပ်ရတဲ့အခါ

>
ဘ၀မှာ ကိုယ်မလုပ်ချင်တာတွေကိုလည်း လုပ်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ စိတ်ထဲက လုံးဝ မနှစ်သက်သော်လည်း မလုပ်မဖြစ်မို့၊ တာဝန်အရမို့ လုပ်ကြရပါတယ်။ ကိုယ်စိတ်ထဲက မကြိုက်သော်လည်း လုပ်ရတဲ့အခါမျိုးတွေမှာ အသုံးတည့်မယ့် ခြေလှမ်း(၃)ခုကို ကျနော် မျှဝေလိုပါတယ်။

**ခြေလှမ်း ၁ – လက်ခံပါ**
မလုပ်ချင်ပေမဲ့ မဖြစ်မနေလုပ်ရမယ့် အလုပ်တစ်ခုကို လုပ်တဲ့အခါ ကျနော်တို့ဟာ အဲဒီမလုပ်ချင်တဲ့စိတ်ကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။ အဲဒီလိုလုပ်တာဟာ စိတ်ကို ပင်ပန်းစေပါတယ်။ ဒါကြောင့် အဲဒီမလုပ်ချင်တဲ့စိတ်ကို လက်ခံပါ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုပြောကြည့်လိုက်- ‘ငါ ဒီအလုပ်ကို မလုပ်ချင်ဘူး။ ငါမကြိုက်ဘူး။ အဲဒါကို ငါလက်ခံတယ် ’
အဲဒီစကားက အရှုံးပေးတဲ့စကားလိုလို ထင်ရပါတယ်။ ဒါပေမဲ့ သင့်စိတ်ထဲမှာ ခံစားနေရတဲ့ခံစားချက်တစ်ခုခုကို အတင်းတွန်းလှန်ဖို့ ကြိုးစားခြင်းဟာ စွမ်းအင်တွေအများကြီး ကုန်ခမ်းစေပါတယ်။ ဒါကြောင့် မကြိုက်တဲ့စိတ်ကို ဖယ်ရှားပစ်ဖို့မကြိုးစားဘဲ လက်ခံလိုက်ပါ။ တဖြေးဖြေးနဲ့ အဲဒီစိတ်ဟာ ဆီကုန်သွားတဲ့ကားလို အရှိန်လျော့သွားပါလိမ့်မယ်။ ပြီးတော့ မကြာခင်ပဲ သင့်စိတ်ထဲကနေ ပျောက်သွားပါလိမ့်မယ်။

ဒီခြေလှမ်းနဲ့ အဆင်မပြေသေးဘူးဆိုရင်တော့ နောက်ထပ်ခြေလှမ်းတစ်ခုကို သွားကြရအောင်။

**ခြေလှမ်း ၂ – အကျိုးကျေးဇူးတွေကို စဉ်းစားပါ**
သင်ဟာ အဲဒီအလုပ်ကို မကြိုက်ဘူး၊ မလုပ်ချင်ဘူးဆိုတာကို သင် လက်ခံပြီးတဲ့နောက်မှာ အဲဒီအလုပ် ပြီးမြောက်သွားခြင်းအားဖြင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေကို ချရေးကြည့်ပါ။ စာရွက်ပေါ်မှာဖြစ်ဖြစ်၊ ကွန်ပျူတာထဲမှာဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ် စိတ်ထဲကနေပဲ စဉ်းစားကြည့်ပါ။

အလုပ်တစ်ခုကို သင် မကြိုက်တဲ့အခါ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေဘက်ကို စိတ်က ရောက်သွားဖို့ အလွန်လွယ်ကူပါတယ်။ ဥပမာ- အဲဒီအလုပ်ဟာ အရမ်းခက်ခဲလွန်းတယ်ဆိုတဲ့အတွေးမျိုးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် မလုပ်မဖြစ် လုပ်ရတော့မယ်ဆိုမှတော့ သင့်စိတ်ကိုသင် တက်ကြွလာအောင် ခွန်အားပေးဖို့လိုပါတယ်။ ဒီတော့ သင့်ရဲ့ အာရုံကို ပြောင်းလိုက်ရပါမယ်။ အဲဒီအလုပ်ကို လုပ်ခြင်းဖြင့် ရလာမယ့် အခွင့်အရေးတွေ၊ အကျိုးကျေးဇူးတွေကို ချရေးကြည့်ခြင်းဟာ သင့်ရဲ့ စိတ်ကို တက်ကြွလာစေပါတယ်။
ဘယ်အရာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် ကောင်းတဲ့အရာတွေကို အမြဲတမ်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သင်ဟာ အကြောင်းအရာဖြစ်ရပ်တွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ရှုမြင်မယ်ဆိုရင် သင့်ကိုယ်သင်နဲ့ ပတ်သက်တဲ့၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို တွေ့နိုင်ပါတယ်။ ပြီးတော့ အခွင့်အရေးတွေကိုလည်း သင် တွေ့ရပါလိမ့်မယ်။

**ခြေလှမ်း ၃ – အခု စ လုပ်ပါ**
အခုဆိုရင် အလုပ်တစ်ခုကို သင်မကြိုက်ဘူးဆိုတဲ့အတွေးတွေကို လျှော့ချပြီးပြီ။ အဲဒီအလုပ်ကို လုပ်ဖို့ လိုအပ်တဲ့ စိတ်ဓာတ်ခွန်အားတွေရအောင်လည်း လုပ်ပြီးလောက်ပါပြီ။
ဒီအဆင့်မှာ စိတ်က နောက်တစ်ကြိမ် ပြန်တွေးမိတတ်ပါတယ်။ သင်ဟာ သင်အစပြုခဲ့တဲ့နေရာကို ပြန်ရောက်သွားတတ်ပါတယ်။ ဒီအလုပ်ကို ဘာကြောင့်လုပ်ရမှာလဲဆိုတဲ့အတွေးတွေ ပြန်ဝင်လာတတ်ပါတယ်။ ပြီးတော့ အဲဒီအလုပ်နဲ့ပတ်သက်တဲ့ မကောင်းတဲ့အကြောင်းအရာတွေအပေါ် စိတ်က ပြန်ရောက်သွားတတ်ပါတယ်။
ဒါကြောင့် ဒီအဆင့်ကို ရောက်တဲ့အခါ ကျနော်လုပ်လေ့ရှိတာကတော့ တွေးနေတာကို ရပ်လိုက်ပြီး ထိုင်ခုံကနေ ထလိုက်ပါတယ်။ ပြီးတော့ အဲဒီအလုပ်ကို စလုပ်တော့တာပါပဲ။
ဒီစာက သင့်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ထူးကဲတဲ့နေ့တစ်နေ့ကို သင်ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Ref: How to Do Something Even When You Don’t Feel Like Doing It by Henrik
Credit: www.YourLifeSuccess.blog.com

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)