**အလောင်းအစား**
ဘဏ်တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာ
တယ် ။
ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဠေးကို ပြောတယ် ။
ဘဏ်သူဠေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာလာခဲ့တာပါလဲ ။
အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ဘဏ်သူဠေး ။ ။ မဖြစ်နိုင်တာပဲ ။
အဘွ...ားကြီး ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား
ဖြစ်နေရမယ် ဆိုတာကို ပေါင်တစ်သောင်းကြေး လောင်းမလား ။
ဘဏ်သူဠေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။
လောင်းရင် ကျွန်တော်ပဲ အချောင်ပေါင်တစ်သောင်းရနေမှာပေါ့  ။ အလကား
မလိုချင်ပါဘူး ။
အဘွားကြီး ။ ။ မလောင်းဘူးဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။
ဘဏ်သူဠေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။
အဘွားကြီး ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက်နဲ့ အတူတူ ငါပြန်လာခဲ့မယ် ။
ကြားရက်တွေထဲမှာ သူဠေးက သဘောကျပြီး တပြုံးပြုံးနဲ့ ပေါ့ ။ တင်ပါးမှာ
ဘာတက်တူးမှ ထိုးစရာမလိုဘူး ။ ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။
ပေါင်တစ်သောင်း အလကားသက်သက် ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။
သတ်မှတ်ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။
သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဠေးက ဘောင်းဘီချွတ်ပြီး
ဖင်ဗူးတောင်း ထောင်ပြတယ် ။
ဘဏ်သူဠေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။
အဘွားကြီး ။ ။ အေး..ဒီမှာ တစ်သောင်း ။
ပါလာတဲ့ လူထဲက တစ်ယောက်က မေ့ လဲမလိုဖြစ်နေလို့ ဘဏ်သူဠေးက အဘွားကြီးကို မေးတယ် ။
ဘဏ်သူဠေး ။ ။ အဲဒီတစ်ယောက်က နေမကောင်းလို့ လား ။
အဘွားကြီး ။ ။ သြော်..ဒီလူလား..အရှုံးသမားလေ ။ ဘဏ်သူဠေး ဖင်လှန်ပြမယ်
ဆိုတာကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ
။ အဲဒါကြောင့်ပါ ။
**အရင်ရှာရအောင်**
ကုန်ပဒေသာဆိုင်ကြီးတစ်ဆိုင်တွင် အမျိုးသား(၂)ယောက်၏ လက်တွန်းလှည်းများသည် မတော်တဆ ဝင်တိုက်မိကြသည်။ အမျိုးသား တစ်ယောက်က တောင်းပန်လိုက်၏
“မတော်လို့နော်၊ ကျုပ်က ကျုပ်မိန်းမကို လိုက်ရှာနေလို့ပါဗျာ”
“အံမယ်၊ တော်တော်တိုက်ဆိုင်တာပဲ၊ ကျုပ်ကလည်း ကျုပ်မိန်းမကို လိုက်ရှာနေတာဗျ၊ တော်တော်လေးတောင် ကြာသွားပြီဗျာ”
“အေးလေ၊ ဒါဆိုရင် ကျုပ်က ခင်ဗျားကို ကူညီနိုင်လိမ့်မယ်ထင်တယ်၊ ခင်ဗျားဇနီးက ဘယ်လိုပုံစံမျိုးလဲ”
“Britany Spearလိုအရပ်ခပ်မြင့်မြင့်၊ ဆံပင်နက်တယ်၊ ခြေသလုံးရှည်တယ်၊ ရင်အုံထွားတယ်၊ တင်ပါးလည်းလှတယ်။ ခင်ဗျားဇနီးကရော ဘယ်လိုပုံစံလဲ”
“ကျုပ်မိန်းမကို အသာထားလိုက်စမ်းပါဗျာ။ ခင်ဗျားဇနီးကိုပဲ အရင်လိုက်ရှာကြရအောင်”
**ကိုတင့်**

No comments:
Post a Comment