
ကြယ်တွေကြွေပြန်ပြီ်..။
ကောင်းကင်ကညှစ်ချလိုက်တဲ့မျက်ရည်တွေဆိုလား
ပြိုကျတာမဟုတ်တဲ့ရွေ့လျားမှုမျိုး
ကွဲကြေသွားတာမဟုတ်တဲ့ကြွေလွင့်မှုမျိုး
ပုံသဏ္ဍာန်ပျက်ယွင်းသွားလားငါမသိ
အလုံးစုံပြိုကွဲသွားလားငါမသိ
အရောင်တွေမပါတဲ့အလင်းရဲ့ရိုက်ခတ်မှုသက်သက်နဲ့
လိုချင်ဆန္ဒမဟုတ်တဲ့မျှော်လင့်ချက်သက်သက်နဲ့
ကြယ်တွေကြွေတာစောင့်နေသူလေ.။
သူတို့မှာအသည်းနှလုံးမရှိတော့ဘူး
ပရော်ဖက်ရှင်နယ်အပြုံးလှလှနဲ့
သံတမန်ဆန်တဲ့လှိုက်လှဲမှုတွေပဲရှိမယ်
ညဟာညမဟုတ်လာချိန်မှာ
လအတုတစ်စင်းကိုသူတို့တင်လွှတ်လိုက်ကြ
တဖြည်းဖြည်းနဲ့ ငါဟာကြယ်တစ်ပွင့်ဖြစ်သွားရော
ငါဖြစ်ချင်တာကြယ်ဟုတ်ရဲ့လား
ပြီးတော့ငါဟာကြွေဦးမှာလား
ငါဟာအသစ်ပုံစံပြောင်းသွားမှာလား
ငါဟာရွေ့ယုံရွေ့သွားမှာလား
ကြယ်တွေမှန်မှန်ကြွေနေဆဲ..။ ။
**ပန်ဒိုရာ**

ကြယ်တွေကြွေပြန်ပြီ်..။
ကောင်းကင်ကညှစ်ချလိုက်တဲ့မျက်ရည်တွေဆိုလား
ပြိုကျတာမဟုတ်တဲ့ရွေ့လျားမှုမျိုး
ကွဲကြေသွားတာမဟုတ်တဲ့ကြွေလွင့်မှုမျိုး
ပုံသဏ္ဍာန်ပျက်ယွင်းသွားလားငါမသိ
အလုံးစုံပြိုကွဲသွားလားငါမသိ
အရောင်တွေမပါတဲ့အလင်းရဲ့ရိုက်ခတ်မှုသက်သက်နဲ့
လိုချင်ဆန္ဒမဟုတ်တဲ့မျှော်လင့်ချက်သက်သက်နဲ့
ကြယ်တွေကြွေတာစောင့်နေသူလေ.။
သူတို့မှာအသည်းနှလုံးမရှိတော့ဘူး
ပရော်ဖက်ရှင်နယ်အပြုံးလှလှနဲ့
သံတမန်ဆန်တဲ့လှိုက်လှဲမှုတွေပဲရှိမယ်
ညဟာညမဟုတ်လာချိန်မှာ
လအတုတစ်စင်းကိုသူတို့တင်လွှတ်လိုက်ကြ
တဖြည်းဖြည်းနဲ့ ငါဟာကြယ်တစ်ပွင့်ဖြစ်သွားရော
ငါဖြစ်ချင်တာကြယ်ဟုတ်ရဲ့လား
ပြီးတော့ငါဟာကြွေဦးမှာလား
ငါဟာအသစ်ပုံစံပြောင်းသွားမှာလား
ငါဟာရွေ့ယုံရွေ့သွားမှာလား
ကြယ်တွေမှန်မှန်ကြွေနေဆဲ..။ ။
**ပန်ဒိုရာ**


No comments:
Post a Comment