ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 10, 2011

တရုတ်ပြည်အကြောင်း ဘယ်လောက်သိသလဲ......??????

>
စီးပွားရေးကျဆင်းမှုကာလအတွင်း ထူခြားသည့်အချက်တစ်ခုမှာ
ထွန်းသစ်စနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားတို့သည်
အကျပ်အတည်းဒဏ်ကို ခန့်မှန်းထားသည်ထက် ပို၍ ခံနိုင်ရည်ရှိကြောင်း တွေ့ရသည်။ အထူးသဖြင့် တရုတ်နိုင်ငံဆိုလျှင်စီးပွားရေးအကျပ်အတည်းကြောင့် အကျိုးဖြစ်ထွန်းမှုများပင် ရရှိခဲ့သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံသည်
၂၀၀၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေများတိုးပွားခဲ့ပြီး၊ တိုင်းပြည်၏ ပို့ကုန်လုပ် ငန်းများလည်း
ထိခိုက်ခဲ့ပါသည်။ သို့သော်ယခုနှစ်တွင် တရုတ်၏စုစုပေါင်းစီးပွားရေးထွက်ကုန် ဂျီဒီပီ သည် ၈.၅ ရာခိုင်နှုန်းအထိ
မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ၂၀၀၉ ခုနှစ်တွင်
ဂျီဒီပီရာခိုင်နှုန်း အနုတ်လက္ခဏာပြနေချိန်တွင်ဖြစ်၍၊ တရုတ်၏ ၈.၅
ရာခိုင်နှုန်း မြင့်တက်မှုသည်အထူးအောင်မြင်မှုတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံ၏
စီးပွားရေးအကျပ်အတည်းအပေါ် ကိုင်တွယ်ဖြေ ရှင်းမှုသည်
ဖွံ့ဖြိုးပြီးနိုင်ငံများထက် သာလွန်ကောင်းမွန်ခဲ့သည်။

**ပါတီစည်းလုံးညီညွတ်မှု**
တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အာဏာရပါတီသည် အများထင်မြင်ယူဆနေသကဲ့သို့
စည်းလုံးညီညွတ် နေသည်မဟုတ်ပါ။ ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အလေးထားလိုသော
သမ္မတ ဟူကျင်းတောင်နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့က တစ်ဖက်၊
မြို့ပြဖွံ့ဖြိုးမှုကိုအဓိကထားလိုသော ပါတီခေါင်းဆောင်ပိုင်းတချို့က တစ်ဖက်
နှစ်အုပ်စုကွဲနေကြသည်။ ဟူနှင့်ဝမ်တို့က ဖွံ့ဖြိုးမှုနောက်ကျနေသော
တရုတ်ပြည်အနောက်ဘက် ပြည်နယ်များကို
တန်းတူ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်လိုသည်။ အခြားပါတီခေါင်းဆောင်များကတော့
ဖွံဖြိုးပြီး ကမ်းရိုးတန်းဒေသ ပိုင်းရှိ ရှန်ဟဲ၊
ရှန်ကျင့်စသောမြိုကပြများကို ကမ္ဘာ့စံပြ မြို့တော်ကြီးများဖြစ်အောင်
တည်ဆောက်လိုကြသည်။ သမ္မတဟူနှင့် ၀န်ကြီးချုပ် ၀မ်တို့က

စီးပွားရေနှေးကွေးလျှင် နှေးကွေးပစေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
ကာဘွန်ထုတ်လုပ်မှုများသည့် စက်ရုံများကို စည်းမျဉ်းစည်းကမ်းများ
ချမှတ်ရေးစသည့် နီယိုလစ် (Neo-Liberal)ဆန်သောပေါ်လစီများ ချမှတ်လိုသည်။
ပါတီအီလိုက်ခေါင်းဆောင်ပိုင်းကတော့ဈေးကွက်စီးပွားရေးကိုပိုပြီး ကြိုးဖြေလွှတ်စေချင်ကြသည်။
စည်းမျဉ်းစည်းကမ်းများလျှော့ချ၊ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပြီး၊ လေဆက်ဖဲယား
အယူအဆကိုအပြည့်အ၀အသုံးချသူများဖြစ်ကြသည်။ ထို့ကြောင့်
တရုတ်ကွန်မြူနစ်ပါတီ၏ အကွဲအပြဲသည် သမ္မတနှင့်
ဝန်ကြီးချုပ်ဦးဆောင်သော လက်ဝဲဆန်သည့် အုပ်စုနှင့်
ပါတီအီလိုက်များဦးဆောင်သော လက်ယာဆန် သော အုပ်စုတို့ဖြစ်ကြသည်။
(Hu Jintao)

အခုလောလောဆယ်အချိန်မှာ မည်သည့်အုပ်စုက အသာစီးရနိုင်မလဲဆိုတာ မှန်းရ
ခက်နေပါသေးသည်။ ပြည်သူအများစုကတော့

ဟူနှင့်ဝမ်အုပ်စုကို ပို၍သဘောကျကြသည်။ သို့သော် တရုတ်ပြည် တွင်
သြဇာအာဏာရှိသည်မှာ တရုတ်ပြည်သူတို့မဟုတ်ဘဲ
ကွန်မြူနစ်ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်ကြ သည်။
ပါတီတွင်း ကွဲပြားနေမှုသည် ယခုမှဖြစ်သည်မဟုတ်ဘဲ ယခင်သမ္မတ
ကျန်ဇီမင်းလက်ထက်ကတည်းကပင် ရှိခဲ့သည်။ သို့သော်နိုင်ငံတကာ အသိုက်အ၀န်းက
သတိပြုမိခြင်းမရှိဘဲ ယခုအချိန်တွင်မှ လူပြောသူပြောများလာ ခြင်းဖြစ်သည်။
ဟူကျင်းတောင်နောက်မည်သည့်ဘက်က နိုင်ငံသမ္မတ ဖြစ်လာနိုင်မလဲဆိုသောပုစ္ဆာကို နိုင်ငံ
တကာသတင်းမီဒီယာများက အထူးဦးစားပေးဖော်ပြလာကြသည်။ နိုင်ငံ၏ရည်ရှည်ကာလတွင်
ရေရှည်ကာလတွင် ချမှတ်ရမည့် ပေါ်လစီဗျူဟာများအပေါ်တွင် ပါတီအုပ်စု
နှစ်ခုကွဲပြားနေုကြသော်လည်း၊ တရုတ်နိုင်ငံကို နိုင်ငံတကာစင်မြင့်တွင်
ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာရေးမှာ ပါတီအုပ်စုနှစ်ခုစလုံး၏
ဘုံရည်မှန်းချက်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၂၀၀၈ ခု စီးပွားရေးအကျပ်အတည်း
ဖြစ်ပွား လာသောအခါ လျင်မြန်စွာတုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်လွှတ်တော်နှစ်ရပ်၌
စီးပွားရေးနှိုးဆွ အစီအစဉ် အတွက် ငြင်းခုံလို့ကောင်းဆဲကာလတွင်
တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀ ဘီလီယံတန်သူ၏ စီးပွားရေးစီမံကိန်းကို
စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ အနောက်နိုင်ငံများက
အကျပ်အတည်းမဖြစ်မီကပင် ကြွေးမြီဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနှင့်နေပြီး
ဖြစ်သောကြောင့်၊ အကျပ်အတည်းကာလတွင် ငွေထပ်မံ သုံးစွဲဖို့ လက်တွန့်နေကြ
သည်။ တရုတ်အစိုးရက မူ နိုင်ငံခြားအရန်ငွေ နှစ်ထရီလီယံ မျှရှိနေသောကြောင့်
စီးပွားရေးနှိုးဆွအစီအစဉ်ကို အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။
(Wen Jiabao)

ထိုကာလအတွင်း တရုတ်နိုင်ငံ အနာဂတ်အတွက် အရေးပါသော အခြေခံ အဆောက်အဦးနှင့်
နည်းပညာသုတေသန လုပ်ငန်းများ၌ ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။
ထို့ကြောင့်ပင်ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီတစ်ခေါက်
စီးပွားရေး အကျပ်အတည်းမှာ အမြတ်ထွက်သွားတဲ့ နိုင်ငံကတော့
တရုတ်နိုင်ငံပဲ”ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

**ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ**

စီးပွားရေးပညာရှင် အများစုက တရုတ်အစိုးရ၏ ပြဿနာ ဖြေရှင်းပုံသည်
လျင်မြန်ပြီး စွမ်းအား အပြည်အ၀ရှိ ကြောင်း သဘောတူညီကြသည်။ သို့သော်
ရေတိုကာလတွင် ပြဿနာပြေလည်သွားသော်လည်း အနာဂတ် အတွက် ပြဿနာတချို့ရှိသည်ဟု

ထောက်ပြကြသည်။ ပြဿနာတစ်ခုမှာ စီးပွားရေးတွင် အစိုးရ၏ အခန်းကဏ္ဍ
အလွန်ကြီးမားနေခြင်းဖြစ်သည်။ တရုတ်ဂျီဒီပီမှာ ဂျပန်ကိုကျော်ဖြတ်ပြီး
ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာတော့မည်။ သို့သော် ဂျီဒီပီ၏ ၈၈
ရာခိုင်နှုန်းမှာ အစိုးရပိုင်လုပ်ငန်းများမှလာခြင်းဖြစ်သည်။

ထိုရာခိုင်နှုန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ
နှိုင်းယှဉ်၍မရအောင် မြင့်မားသော ပမာဏ ဖြစ်သည်။
ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍသည်တိုင်းပြည်၏ ဂျီဒီပီနှင့် နှိုင်းစာလျှင်
အတော်သေးငယ်သော အစိတ်အပိုင်း ကလေးဖြစ်နေသည်။ ထို့ကြောင့်
ဈေးကွက်စီးပွားရေးကို တိုးချဲ့လိုသော ပါတီခေါင်းဆောင်တချို့က
တရုတ်နိုင်ငံ ၏ အကြီးဆုံးလုပ်ငန်းများကို

ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ တိုက်တွန်းနေခြင်းဖြစ်သည်။
ထိုလုပ်ငန်းများထဲတွင် ဘဏ်လုပ်ငန်းများ၊ ဆင်သွယ်ရေးလုပ်ငန်းနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများတို့ပါဝင်သည်။ အစိုးရအရာရှိုများကိုယ် တိုင်က
စီးပွားရေး နှိုးဆွသည့် ငွေကြေး အများစုသည်

အစိုးရပိုင်လုပ်ငန်းကြီးများကိုသာ ပို၍ ကြီးမားလာစေသည်ဟု ၀န်ခံ
ပြောကြားကြသည်။ ထိုလုပ်ငန်းများကလည်း အထူးအဖြင့် အဆောက်အအုံများ၊လမ်း၊
တံတားများ ဆောက်လုပ်ခြင်း၌ အဓိကထားမြှုပ်နှံနေသောကြောင့်
ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ကြီးများတွင်

အိမ်ခြံမြေဈေး များ မတရား မြင့်တက်ကုန်ပြီး၊ အက်ဆစ် ပူပေါင်းများ
ဖြစ်ပွားလာနိုင်သည်ဟု အစိုးရအရာရှိုများက စိုးရိမ်နေကြသည်။

**စန်းပွင့်နေသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း**

တရုတ်အစိုးရသည် မီးရထားလုပ်ငန်းတွင် ဒေါ်လာ ၃၀၀ ဘီလီယံခန့်
ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။ နောက်ထပ် မီးရထားလမ်းအရှည် ကီလိုမီတာ
၂၀,၀၀၀ ခန့် ထပ်မံတိုးချဲ့မည်ဟု သိရသည်။ ထိုအထဲမှ ကီလိုမီတာ ၁၃,၀၀၀
ခန့်သည်အမြန်မီးရထားလမ်းများဖြစ်ကြသည်။ ထို အမြန်ရထားများက တစ်နာရီလျှင် ၃၅၀
ကီလိုမီတာထိ မောင်းနှင်နိုင်စွမ်းရှိသည်။ ထိုအမြန်ရထားလမ်းစနစ်ကြောင့်
တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုနှင့်တစ်ခု ဆက်သွယ် သွားလာရမှု
လျင်မြန်သွားစေခဲ့သည်။
ထိုအမြန်ရထားလမ်းစနစ် ပြီးစီးသွားပါက ပေကျင်းနှင့် ရှန်ဟိုင်း ခရီးသည်
လေးနာရီမျှသာကြာတော့မည် ဖြစ်သည်။ ထိုသို့ဆက်သွယ်မှု လျင်မြန်လာသောကြောင့်
ဖွံ့ဖြိုးမှုနောက်ကျနေသော အနောက်ပိုင်းပြည်နယ်များ လည်း
လိုက်ပါတိုးတက်လာလိမ့်မည်ဟုမျှော်လင့်ရသည်။ ပါမောက္ခတစ်ဦးဖြစ်သူ စီဝေးက အမြန်ရထားစနစ်သည်
စီးပွားရေးကိုသာမက နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တွေကိုပါ
ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနိုင်သည် ဟုခန့် မှန်းသည်။ တရူတ်အရာရှိများက
တရုတ်နိုင်ငံသည် ယခင်ကသွားလာရေးခက်ခဲသောကြောင့် ပါတီစုံစနစ်ကျင့်သုံး ဖို့ မလွယ်ကူဟု
ငြင်းဆိုခဲ့ကြဖူးသည်။ ယခုအချိန်တွင်တော့ တရုတ်နိုင်ငံတစ်ဖက်စွန်းမှ
တစ်ဖက်စွန်းသို့ နေ့ချင်းပြီး သွားလာနိုင်ပြီဖြစ်ရာ
ပါတီစုံစနစ်ကျင့်သုံးဖို့ ဖြစ်နိုင်ခြေ ရှိနေပြီဖြစ်သည်ဟု ပေကျင်းမှ
ပါမောက္ခတစ်ဦးက ထောက်ပြသည်။ တရုတ်နိုင်ငံသည် မီးရထားလမ်းသာမဟုတ်၊
ကားလမ်းအရှည် ၄၄,၀၀၀ မိုင်ခန့် ထပ်မံဖောက်လုပ်မည်ဟု သိရသည်။ လာမည့်
ဆယ်စုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် လေဆိပ်သစ် ၁၀၀ ခန့်
ဆောက်လုပ်မည်ဟုသိရသည်။

**လူမသိသေးသော တရုတ်နိုင်ငံ၏ ကိန်းဂဏန်းတစ်ခု**

တရုတ်နိုင်ငံတွင် ယခုကဲ့သို့ အခြေခံအဆောက်အဦးများတွင် ပုံအော၍
ရင်းနှီးမြှုပ်နှံနေခြင်းသည် သမ္မတ ဟူကျင်းတောင်နှင့် ၀န်ကြီးချုပ်
ဝမ်ကျားပေါင်တို့၏ စိတ်ကူးဖြစ်သည်။ သူတို့က ညီတူညီမျှ ဖွံ့ဖြိုးမှုကို
လိုလား သောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့အစိုးရ
အသုံးစရိတ် မြင့်မားမှုကြောင့် ဘတ်ဂျက်တွင် လိုငွေ ပြလာသည်။
တရုတ်နိုင်ငံသည် ကုန်သွယ်ရေးတွင် ဘီလီယံပေါင်းများစွာ
ပိုငွေပြနေသောကြောင့် မီဒီယာ သမားများက ဘတ်ဂျက်လိုငွေပြမှုကို
သတိမထားမိကြချေ။ ယခုအချိန်တွင် ဘတ်ဂျက်လိုငွေပြမှုသည် ဂျီဒီပီ၏
၃၀ ရာခိုင်နှုန်းခန့်ရှိနေပြီဟု သိရသည်။ ထိုရာခိုင်နှုန်းသည်
အနောက်နိုင်ငံများနှင့် နှိုင်းစာလျှင် နည်းပါးသေး သော်လည်း၊
တရုတ်နိုင်ငံရေးသမားများက စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင်
ကမ္ဘာ့စီးပွားရေးဖိုရမ် (Word Ecomomic Forum) ၌
ဝန်ကြီးချုပ်ဝမ်ကျားပေါင်က...............
“တရုတ်ရဲ့ စီးပွားရေးအခြေအနေကို အလွန်အကျွံ မချီးကျူး ကြ ပါနဲ့ဦး။
ကျွန်တော်တို့ စီး ပွားရေးတိုးတက်မှုက တည်ငြိမ်မှု၊ မျှတမှု၊ စည်းလုံးမှု
မရှိသေးပါဘူး။ ရှေ့လျှောက် ကြိုးစားဖို့လိုနေပါသေးသည်”ဟု ပြောဆိုခဲ့ခြင်း
ဖြစ်သည်။

**ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေဆဲ**

တရုတ်ခေါင်းဆောင်ပိုင်းက စီးပွားရေးနှိုးဆွအစီအစဉ်ထဲတွင် ပညာရေးနှင့်
ကျန်းမာရေးကဏ္ဍအတွက် ငွေ ထောက်ပံ့ပေးထားခြင်း မရှိပါ။ ထို့ကြောင့်
ကျေးလက်နေပြည်သူများမှာ ဟိုက်ဝေး လမ်းမကျယ်ကြီးတွေ၊
ရှည်လျားတဲ့မြစ်ကူးတံတားတွေ၊

အမြန်မီးရထားလမ်းတွေကို သုံးစွဲခွင့်ရရှိနေကြပေမဲ့ ကျန်းမာရေးစောက်ရှောက်
မှု ကောင်းကောင်း မရရှိကြသေးပါ။ စာသင်ကျောင်းများမှာလည်း
လုံလောက်တဲ့အဆောက်အအုံများမရရှိသေး ပါ။ ရေမြောင်းစနစ်
ကောင်းမွန်စွာမရှိသေးသည့်အတွက် နှစ်စဉ်ရေကြီးမှုများ

ဖြစ်ပွားနေပါသည်။ တရုတ်နိုင်ငံ၏ ကျေးရွာအတော်များများရှိ
ရွာလမ်းမများတွင် ပလက်ဖောင်းများ ကောင်းကောင်းမရှိသေးသည့်အတွက် လမ်းဘေး
ပလက်ဖောင်း ဆောက်လုပ်ရေးများ ဆောင်ရွက်ပေးရန် ကျေးရွာကောင်စီလူကြီးများက
တောင်းဆိုလျက်ရှိ ပါသည်။
တရုတ်ပြည်သူတို့၏ တစ်ဦးချင်း ပျမ်းမျှဝင်ငွေမှာ (China’s per capita
GDP) ဒေါ်လာ ၃၀၀၀ ကျော်ခန့်ရှိသေးပြီး ကျေးလက် ပြည်သူများမှာ
ပျမ်းမျှပမာဏထက် ပို၍ဆင်းရဲသေးသည်။ ထို့ကြောင့် ကျေးလက် ဒေသတွင်
ဖောက်လုပ်ထားသောအဝေးပြေးကားလမ်းမကြီးများပေါ်တွင် ယာဉ်သွားလာမှု များများစားစား မတွေ့ရပါ။
ချောင်ကောင်းစီးပွားရေးကျောင်းမှ စီးပွားရေးပါမောက္ခ မင်းဟောင်က
“ကျေးလက်နေပြည်သူတို့မှာ အစိုးရဖောက်လုပ်ထားသော လမ်းမကြီးများကို
ပြည့်ပြည့်၀၀ အသုံးချနိုင်ခြင်းမရှိသေးဘူး” ဟု ဝေဖန်ပြောဆိုပါ သည်။ ထို့ကြောင့် တရုတ်အစိုးရ
ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးကို အကျိုးပြန်ပြုဖို့
အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမည့်သဘောရှိပါသည်။

**အရင်းရှင်စနစ်ထွန်းကားပြီဆိုတာဟုတ်ရဲ့လား**
(Deng Xiaoping )

ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က “ကြောင်ဖြူသလား၊ မဲသလား
အရေးမကြီးပါ၊ကြွက်ခုတ်တတ်ဖို့သာ လိုရင်းပဲ” ဟူသည့် ကြွေးကြော်သံဖြင့်
တရုတ်နိုင်ငံ၏ စီးပွားရေးကို အစဉ်အလာ ဆိုရှယ်လစ်စနစ်မှ ပြောင်းလဲ
ပစ်ခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်တွင် ပုဂ္ဂလိက

လုပ်ငန်းပေါင်း သန်း ၂၀ ခန့်ရှိပြီး၊ ၂၀၀၈ ခုနှစ်တွင် သန်း
လေးဆယ်ခန့်ထိရှိခဲ့သည်။ သို့သော်ပုဂ္ဂလိက လုပ်ငန်းရှင်များပါ
အစိုးရပိုင်လုပ်ငန်းကြီးများနှင့် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေရှိလာသည်။
အစိုးရပိုင်လုပ်ငန်းများမှာ အစိုးရဘဏ်ကြီးများမှတစ်ဆင့်

ချေးငွေအမြောက်အမြား ကို အတိုးနှုန်းသုံးရာခိုင်နှုန်းဖြင့်သာ
အလွယ်တကူရရှိလာကြသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များက ငွေချေးလျှင် အတိုးနှုန်း
မြင့်မြင့်မားမား ပေးရပြီး၊ အလွယ်တကူငွေချေး၍မရနိုင်ဘဲ
အပေါင်ပစ္စည်းတစ်ခုခုထားနိုင်မှ ရရှိလေ့ရှိ သည်။
နှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဖြစ်သော စီးပွားရေးတံခါးဖွင့်မှုသည် ပုဂ္ဂလိက
ကဏ္ဍကို အထိုက်အလျောက် ဖွံ့ဖြိုးစေခဲ့သည်။ သိုသော်
အစိုးရပိုင်လုပ်ငန်းကြီးများ (State-owned Emterprise) ကတော့ ၅၀
ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ခဲ့သည်။ ပုဂ္ဂလိက

လုပ်ငန်းရှင်များကတော့ အရင်းအနှီးရှာဖွေရခက်ခဲမှုကြောင့်
ဆုံးရှုံးနစ်နာမှုများ စွာရှိခဲ့သည်။
နိုင်ငံ၏ သော့ချက်ကျသော လုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေး၊ အင်တာနက်၊
ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ စသည်တို့တွင်
ပုဂ္ဂလိကပိုင်းကို ၀င်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။
အိမ်ခြံမြေဈေးကွက်၏ သုံးပုံနှစ်ပုံခန့်ကို

အစိုးရပိုင်ကုမ္ပဏီများက ချုပ်ကိုင်ထားပြီး၊ စတော့ဈေးကွက်များတွင် လည်း
ထိုကုမ္ပဏီ၏ စတော့များက ၇၀ ရာခိုင်နှုန်းခန့်ထိပါဝင်သည်။
စီးပွားရေးကျဆင်းမှု ဂယက်နောက်ပိုင်းတွင် အခြေအနေသည်
ပို၍ဆိုးရွားသွားသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

ပုဂ္ဂလိက ကုမ္ပဏီများက ငွေပြတ် နေချိန်တွင် ထိုကုမ္ပဏီများက
လုပ်ငန်းပိုတိုးချဲ့လာသောကြောင့် ဖြစ်သည်။

**တရုတ်နိုင်ငံ ပို့ကုန်လုပ်ငန်း၏ လျှို့ဝှက်ချက်**

ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်း ၂၀
ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် တရုတ်၏ဂျီဒီပီကတော့
ရှစ်ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဖြစ်သည်။ ထိုအချက်က တရုတ်စီးပွားရေး
သည် ပို့ကုန်လုပ်ငန်းကိုအဓိကအားကိုးရခြင်းမရှိကြောင်းသိနိုင်သည်။ တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည်
စီးပွားရေးတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ယခင်က ယူဆခဲ့ကြဖူးသည်။
ထိုအချက်က လွဲမှားနေတာ ဖြစ်နိုင်တယ်ဟု စီးပွားရေးပညာရှင်တစ်ဦးကပြောသည်။
ကမ္ဘာပေါ်တွင်ကွန်ပျူတာကီးဘုတ်မှအစ ဂျက်လေ ယာဉ် အင်ဂျင်များအထိ Made in China ဟူသော
စာတန်းကို တွေ့မြင်နေရသည်။ တရုတ်နိုင်ငံမှ ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို
ထောက်ပံ့ထားသည်ဟုပင်ထင်ချင်စရာရှိသည်။ သို့သော် တကယ့်အဖြစ်အပျက်မှာ ၂၁
ရာစုတွင်တွင်ကျယ်လာသော Offshoring လုပ်ငန်းကို တရုတ်ပြည်က
အများဆုံးရရှိနေသောကြောင့် ဖြစ်သည်။ တကယ်တော့ တရုတ်တွင် လုပ်သည်ဟူသော
ပစ္စည်းအများစုမှာ တရုတ်ပြည်တွင် အချောတပ်ဆင် ခြင်းသာ ဖြစ်သည်။ အမှန်တကယ်
ထုတ်လုပ်ခြင်းမဟုတ်ပါ။
(Offshoring)

ဥပမာ ၂၉၉ ဒေါ်လာတန် i pod တစ်လုံးကို လက်ကားဈေး ဒေါ်လာ ၁၅၀ ခန့်ဖြင့်
ရောင်းချသည်။ သို့သော် တရုတ်အလုပ်သမားများ ရရှိသည်က ၇.၅
ဒေါ်လာမျှသာရှိသည်။ ကျန်သည့်ငွေ ၁၄၀ ဒေါ်လာကျော်ကို မူရင်းကုမ္ပဏီ Apple က
ရရှိခြင်းဖြစ်သည်။ ထို့ကြောင့်Made in China စာတန်းပါ i pod တစ်လုံးကြောင့် တရုတ်စီးပွားးရေးကို ခုနစ်
ဒေါ်လာကျော်သာ တက်စေခြင်းဖြစ်သည်။

**ပြည်တွင်းစားသုံးမှုအခြေအနေ**

တရုတ်နိုင်ငံတွင် လူလတ်တန်းစား ဦးရေများစွာ တိုးတက်လာသော်လည်း၊
ပြည်တွင်းစားသုံးမှုပမာဏ နည်းပါးသေးသည်။ တရုတ်ပြည်တွင်းစားသုံးမှု
(Domestic Consumpiton) က ဂျီဒီပီ၏ ၃၇ ရာခိုင်နှုန်းသာရှိပြီး၊
အခြားစီးပွားရေးအင်အားကြီးနိုင်ငံများနှင့် စာလျှင်

အနည်းဆုံးရာခိုင်နှုန်းဖြစ်ပါသည်။ ထိုသို့ဖြစ်ရသည်မှာလည်း တရုတ်လူထုက
ဝင်ငွေမြင့်တက်လာသည့်တိုင်အောင် စားသုံးဖို့ထက် စုဆောင်းမှုကို
ပို၍ပြုလုပ်ကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် တရုတ်အစိုးရက ပြည်တွင်းစားသုံးမှု တိုးတက်လာစေရန်
ကြိုးစားဆောင်ရွက်နေခြင်းဖြစ် သည်။ လူလတ်တန်းစားများကိုငွေထုတ်ချေးရန်
အစိုးရက ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ပေကျင်းနှင့် ရှန်ဟိုင်းရှိ
တိုက်ခန်းများအ၀ယ်လိုက်လာခဲ့သည်။ အကယ်၍

အစိုးရကသာ ပြည်တွင်းစားသုံးမှုတက်အောင် လုပ်နိုင်ပါက
ပို့ကုန်လုပ်ငန်းမပါဘဲ၊ ဂျီဒီပီ ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ
မြင့်တက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပညာ ရှငများက ခန့်မှန်းကြသည်။

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ ၁၉၉၀ ခုနှစ်များတွင် အလျင်အမြန်
တိုးတက်ခဲ့မှုကြောင့် ထိုအချိန်မှစ ၍ တရုတ်တွင်ရေနံဝယ်လိုအား
တဖြည်းဖြည်းချင်းမြင့်တက်ခဲ့သည်။ တရုတ်ခေါင်းဆောင်ပိုင်းကလည်း
မိမိနိုင်ငံ ၏ ရေနံအပေါ် မှီခိုနေရမှုကိုနားလည်သဘောပေါက်သည်။ ထို့ကြောင့် ရေနံလုံလောက်စွာရရှိနိုင်ရေးအတွက်ကြိုတင်အစီအမံများစွာ ပြုလုပ်ထားသည်။ တရုတ်အစိုးရပိုင်
ရေနံကုမ္ပဏီကြီးများသည် ကမ္ဘတစ်ဝန်းရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိသည့်
နိုင်ငံများနှင့် နှစ်ရှည်ကန်ထရိုက်စာချုပ်များချုပ်ဆိုထားသည်။ နောက်ထပ်ရေနံ ပိုက်လိုင်းသစ်များ တည်ဆောက်ပြီး၊အနာဂတ်စွမ်းအင်ဖူလုံရေးကို တိုင်းပြည်၏အဓိက တာဝန်အဖြစ် ခေါင်းဆောင်များက
ရှုမြင်ကြသည်။
တရုတ်နိုင်ငံတွင် ပြည်တွင်းအခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက်
စီးပွားရေးဆက်တိုက် ဖွံ့ဖြိုးနေဖို့ လိုအပ်သည်။
စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လုံလောက်သော ရေနံကို ပုံမှန်ရရှိနေဖို့က
အရေးကြီး ကြောင်း တရုတ်ခေါင်းဆောင်များက သိမြင်ကြသည်။

သို့သော်ရေရှည်တွင် ပို၍ စိတ်ချရစေရန်အတွက် ရေနံအပေါ်မှီခိုမှုကိုလည်း
အစားထိုးနည်းပညာများသုံးစွဲခြင်းဖြင့် လျှော့ချရန်ကြိုးစားလာသည်။
နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဘတ်ထရီနည်းပညာ သုတေသနလုပ်ငန်းများတွင်
ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံထားသည်။ ထိုနည်းပညာသုံးခုတွင် ရင်းနှီးထားသည့် ငွေမှာ
ဒေါ်လာ ၂၁၈ ဘီလီယံ ရှိသည်။ ထိုပမာဏမှာ ကမ္ဘာပေါ်တွင်
အများဆုံးရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သည်။

**တရုတ်ပြည်၏ လျင်မြန်စွာ ပြောင်းလဲနိုင်မှု**

ယခင်အချိန်တုန်းကဆိုလျှင် တရုတ်နိုင်ငံသည် ကာဘွန်ထုတ်လုပ်မှု
လျှော့ချပေးရန် တောင်းဆိုချက်များ ကို အစဉ်အမြဲ ငြင်းပယ်လေ့ရှိသည်။
ယခုတော့ပေကျင်းအစိုးရက ကမ္ဘာကြီးပူနွေးမှုသည် မိမိတို့နိုင်ငံကိုလည်း
အများကြီးထိခိုက်နိုင်ကြောင်း သိမြင်လာပြီး၊ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။
တကယ်တော့ တရုတ်ပြည်၏ ပြောင်းလဲနိုင်မှုကို အထူးအံ့သြစရာမလိုလှပါ။ အတိတ်
ကာလတွင်လည်း အခြေအနေက ဖိအားပေးလာလျှင် တရုတ်နိုင်ငံက အလိုက်သင့်
ပြောင်းလဲနိုင်ခဲ့သည်သာ။ ယဉ်ကျေးမှုတော် လှန်ရေးကြောင့်
ထိခိုက်ပျက်စီးမှုများကို ခံစားရသဖြင့်တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က စီးပွားရေးတံခါးဖွင့် လှစ်ဖို့
ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နောက်တက်လာမည့် တရုတ်ခေါင်းဆောင်သစ်သည်လည်း
ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေကို သုံးသပ်၍ ပေါ်လစီအပြောင်းအလဲများ
ပြုလုပ်လိမ့်မည်ဟုမျှော်လင့်ရပါသည်။

**အင်အားပြိုင်ဆိုင်မှုပြင်းထန်ဆဲကာလ**

၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်သလိုတရုတ်နိုင်ငံတွင်လည်း ၂၀၁၂
ခုနှစ်၌နောက်တက်လာမည့် သမ္မတအသစ်ကို ပါတီပေါ်လစ်ဗျူရိုများက
ရွေးချယ်ကြမည်ဖြစ်သည်။ ထိုထိပ်ပိုင်း ခေါင်းဆောင်များ သတင်းရပ်ကွက်မှ
တစ်စွန်းတစ်စထွက်လာသော သတင်းများအရ လောလောဆယ် သမ္မတ ဖြစ်နိုင်ချေ
အရှိဆုံးပုဂ္ဂိုလ်မှာဒုတိယ သမ္မတ စီကျင်းပင် (xi Jinping) ဖြစ်သည်။
(xi jinping)

သူသည်၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျိကျီးယန်ပြည်နယ်၏ ပါတီဥက္ကဋ္ဌအဖြစ်
အမှုထမ်းခဲ့ပြီး၊အချိန်ခဏတာအတွင်း တိုင်းပြည်၏ ဒုတိယ အမြင့်ဆုံးရာထူးကို
ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ပါတီခေါင်းဆောင်ပိုင်းများအတွင်း
အင်အားပြိုင်ဆိုင်မှု ပြင်းထန်းနေသောကြောင့် သူတရုတ်သမ္မတ တကယ်ဖြစ်ကဖြစ်ကို
အသေအချာမပြောနိုင်သေးပါ။ စီကျင်းပင်ကလက်ရှိတွင် ဒုတိယ သမ္မတဖြစ်နေသော်လည်း၊ တရုတ်တပ်မတော်တွင်မည်သည့်ရာထူးမှမရရှိသေးပါ။ ထို့ကြောင့် ပါတီအီလိုက်များက စက်တင်ဘာတွင်
ကျင်းပခဲ့သော ပါတီအထွေထွေညီလာခံတွင် စီကျင်းပင်ကို ဒုတိယ
ကာကွယ်ရေးဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ပေးရန်ကြိုးစားဆောင်ရွက်ခဲ့သည်။ သို့သော်လည်းတစ်ဖက် အုပ်စု၏ ကန့်ကွက်မှုကြောင့်အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်နိုင်ငံတွင်အစဉ်အလာအရ ၀န်ကြီးချုပ်
ချူအင်လိုင်း လက်ထ
က်မှစ၍ ၀န်ကြီးချုပ်များသည် သမ္မတတက်ဖြစ်လေ့မရှိုခဲ့ပါ။
သို့သော် လက်ရှိဝန်ကြီးချုပ်
မ်ကျားပေါင် သည် ပြည်သူလူထုကြိုက်နှစ်သက်မှု အများဆုံးရရှိနေပြီး၊
တရုတ်သမိုင်းတလျှောက် လူကြိုက်အများဆုံး ၀န်ကြီးချုပ်ဖြစ်နေသည်။
ထို့ကြောင့် နောက်ဖြစ်လာမည့် သမ္မတအသစ်သည် ၀မ်ကျားပေါင်းလည်းဖြစ်နိုင်သည်
ဟု ထင်ကြေးပေးနေကြသူများရှိကြသည်။ ထို့ကြောင့် ၂၀၁၂ ရောက်လျှင်တော့ ကမ္ဘာ့နိုင်ငံရေး မြေမျက်နှာ
သွင်ပြင် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Newsweek

**ကျော်သူဟန်**

http://troths.multiply.com/reviews/item/67

(ecovision Journal မှကူးယူဖော်ပြပါသည်။)

**From-eimmet mahotpar**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)