**မိုက်တိုင်စန်နှင့် စတားလုံး ရုပ်ရှင်ဇာတ်ကားရိုက်မည်**
(နယူးယောက်၊ အောက်တိုဘာ ၈)
ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံဟောင်း မိုက်တိုင်စန်ပါဝင်မည့် ဇာတ်ကားတစ်ကားကို မကြာမီ ရိုက်ကူးတော့မည်ဟု အမေရိကန် ရုပ်ရှင်မင်းသား စတားလုံးက ထုတ်ဖော်ပြောကြားသည်။ ကမ္ဘာ့လက်ဝှေ့လောက၌ အသက်၂၀၊ လေးလနှင့် ၂၂ ရက်အရွယ်၌ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့သူ မိုက်တိုင်စန်နှင့် ရော့ကီးဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သူ စတားလုံးတို့ ပူးတွဲပြီးရုပ်ရှင်ရိုက်ကူးရန် စီစဉ်ခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် မိုက်တိုင်စန်၏ လက်ဝှေ့သမားဘ၀ဖြတ်သန်းခဲ့ပုံ လက်ဝှေ့ပွဲများအကြောင်းကို ရိုက်ကူးရန် စီစဉ်ထားပြီးစတားလုံးနှင့် ပထမဆုံးအကြိမ် ရုပ်ရှင်ရိုက်ကူးခြင်း ဖြစ်သည်။ (အင်တာနက်)

**အိန္ဒိယဘောလိဝုဒ်ကြယ်ပွင့် ဒီရာမီရာဇာရဲ့ ပုံရိပ်လွှာ**
(နယူးဒေလီ၊ အောက်တိုဘာ ၈)
အသက် ၃၀ အရွယ်ရှိတဲ့ ဒီရာမီရာဇာဟာ အသက် ၂၀ အရွယ်က မစ်အိန္ဒိယအဖြစ် ရွေးချယ်ခံရသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ဂျာမနီနိုင်ငံသား ဗိသူကာ ပညာရှင်တစ်ဦးဖြစ်တဲ့ ဖရန့်ဟန်ဒရစ်ဖြစ်ပြီး မိခင်ကတော့ အိန္ဒိယနိုင်ငံသူ ဘန်ဂလောလူမျိုး ဒီဇိုင်နာသူမ ကိုးနှစ်အရွယ်မှာ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူကလည်း ၂၀၀၄ ခုနှစ်က သေဆုံးသွားခဲ့တာမို့ ဘ၀ကို အနိမ့်အမြင့် များစွာနဲ့ ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ သူမဟာအိန္ဒိယဘောလိဝုဒ်ရုပ်ရှင်လောကမှာ နာမည်ကြီးနေတဲ့ အမျိုးသမီးသရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်နဲ့ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးလည်း ဖြစ်တာမို့ ထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment