**ဆွမ်ဇာလန်နိုင်ငံမြောက်ပိုင်း၌ ရထားနှစ်စင်းတိုက်မိ**
(ဂျီနီဗာ၊ အောက်တိုဘာ ၈)
ဆွမ်ဇာလန်နိုင်ငံမြောက်ပိုင်း အိုလ်တန်မြို့အနီးတွင် အောက်တိုဘာ ၇ ရက် နံနက်က ရထားနှစ်စင်းတိုက်မိခဲ့ရာ ခရီးသည်အချို့သည်အချို့ဒဏ်ရာရရှိခဲ့ကြောင်း ဆွမ်ဇာလန် မီဒီယာများက ဖော်ပြသည်။ ဖြစ်ပွားမှုမှာ ဆွမ်ဇာလန်နိုင်ငံ စီဆက်မြို့မှ မောင်းနှင်လာသော ရထားနှင့် ဘေဆယ်လ်မြို့မှ မောင်းနှင်လာသောရထားတို့ အိုလ်တန်မြို့ရှိ အိုလ်တန်ဘူတာအနီးတွင် တိုက်မိခဲ့ကြခြင်းဖြစ်သည်။ အိုလ်တန်ဘူတာရုံရှိ ဆက်သွယ်ရေးအချက်ပြစနစ်မှာ မကြာခဏ ချွတ်ယွင်းပြီး မတော်တဆဖြစ်မှု ဖြစ်ပွားလေ့ရှိသည့် ဘူတာရုံဖြစ်သည်။ ထိုသို့ရထားတိုက်မှုကြောင့် ရထားတွဲအချို့ တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)

**ဗီယက်နမ်နိုင်ငံ၌ ရေကြီးမှုကြောင့် ၁၈ ဦးသေဆုံး၊ နေအိမ်များ ရေလွှမ်းခံရ**
(ဟနွိုင်း၊ အောက်တိုဘာ ၈)
ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းတွင် အောက်တိုဘာ ၈ ရက်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် ရေလွှမ်းမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေမှာ ၁၈ ဦးအထိ ရှိလာပြီဟု ဗီယက်နမ်နိုင်ငံ မုန်တိုင်းနှင့် ရေလွှမ်းမှု ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့က ပြောကြားသည်။ ထိုသို့ရေလွှမ်းမှုကြောင့် ဒေသရှိနေအိမ် ၅၀၀၀၀ ရေဘေးဒုက္ခကြုံတွေလျက်ရှိသည်။ တစ်ဖန် ကောက်ပဲသီးနှံစိုက်ဧက ထောင်ပေါင်းများစွာ ရေလွှမ်းခံရပြီး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် ကားလမ်းများသည် ရေလွှမ်းခဲ့ရပြီးသွာလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရသည်။ ဒေါင်သာမွိုင်နှင့် ကုန်မှုလမ်ဒေသများတွင် လာမည့် အောက်တိုဘာ ၁၁ ရက်အထိ ရေလွှမ်းမှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၊ ရေမှာ အမြင့် ၄ ဒသမ ၈ မီတာ၌ တည်ရှိနေဖွယ်ရှိကြောင်း သိရသည်။ (အင်တာနက်)
**ခရိုအေးရှားနိုင်ငံမြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာ မီးလောင်၊လေးဦးသေဆုံး**
ခရိုအေးရှားနိုင်ငံမြောက်ပိုင်း ဘတ်လိုဗာမြို့ရှိ ဘိုးဘွားရိပ်သာတစ်ခု၌ အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီးနောက် လေးဦးသေဆုံးကာ အခြား ၁၄ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဘိုးဘွားရိပ်သာသည် ပုဂ္ဂလိကပိုင်ဖြစ်ပြီး ဇာဂရက်မြို့ အရှေ့ဘက်ကီလိုမီတာ ၆၀ အကွာ၌ရှိသည်။ ယင်းနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်က လေပြင်းများတိုက်ခတ်ကာ လျှပ်စီးကြောင်းမှတစ်ဆင့် ရုတ်တရက် မီးကူးစက်လောင်ခဲ့ခြင်းဖြစ်ြေဲကာင်း ရုပ်မြင်သံကြား၏ထုတ်ပြန်ချက်အရ သိရှိရသည်။ (အင်တာနက်)
**ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ယာဉ်တစ်စီး အကြမ်းဖက်တိုက်ခံရ**
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မက်ဂင်ဒန်အိုပြည်နယ် ဒတ်တူအိုဒင်စင်ဆပ်မြို့ ကျေးရွာတစ်ရွာ၏အစွန်အဖျား၌ အောက်တိုဘာ ၇ ရက်အစောပိုင်းက ခရီးသည်တင်ကားတစ်စီးကို လက်နက်ကိုင်သမားများက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါဖြစ်ပွားမှုသည် လတ်ဘန်ဂန်ကျေးရွာအစွန်၌ ထိုနေ့နံနက် ဒေသစံတော်ချိန် နှစ်နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းခရီးသည်တင်ကားသည် ဆပ်တန်ပြည်နယ်သို့အသွား အမည်မသိအကြမ်းဖက်သမားများက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲ အာဂရီမီရိုကတ်ဇ်က ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment