(၁)
ကျွန်တော် နာမည် ခြူးသစ်…..(သူငယ်ချင်းတွေအခေါ်ပါ)
နာမည်နဲ့လိုက်အောင် ရုပ်ကလည်းချောသည်….(ကျွန်တော်အထင်ပေါ့လေ…)
လုပ်လိုက်ရင်တလွဲတော့ ဖြစ်တတ်သည်….တစ်ခါတလေသူများကိုချောက်ချတတ်သည်….
ကူညီတတ်တဲ့ စိတ်ထားကောင်းကောင်းလေးတော့ကျွန်တော့မှာရှိသည်…..
ကျွန်တော်ကူညီမိလို့ သူငယ်ချင်းတစ်ယောက် အချုပ်ထဲမှာ တစ်ရက်အိပ်ဖူးသည်….
ကူညီပုံက ရိုးရိုးလေးပါ။
ဆိုင်ကယ်ဦးထုပ်မရှိလို အကူအညီတောင်းရာက နေ အဖေ အလုပ်မှာ ဆောင်းတဲ့ အင်ဂျင်နီယာဆောင်း
ဟဲမက်ပေးပြီးကူညီလိုက်လို့ ရဲဖမ်းသွားယုံလေးတင်ပါ…..
တော်သေးတာပေါ့ ။ကျွန်တော်သူငယ်ချင်း အဖေနဲ့အမေ အသိမြန်လို့  မဟုတ်ရင် အချုပ်မှာ ဘယ်နှရက်အိပ်ရမလဲမသိ….
နောက်တစ်နေ့ ကျွန်တော်သူငယ်ချင်း ကျွန်တော်ကို စိတ်ဆိုးရခက် ရယ်ရခက်……နဲ့ အချုပ်ခန်းထဲမှာ ဂျပိုးကိုက်တယ်ကွာ ကလွဲရင် ဘာမှထက်မပြောတော့…..
ဒါကိုအမှတ်မရှိ ကျွန်တော်ထံမှ အကူညီယူသူက များသား….
တစ်နေ့အိမ်ရှေက ကွပ်ပစ်မှာထိုင်နေတုန်း ဘေးအိမ်က ဦးလေးက အကူညီတောင်းလို့ သစ်လုံးကူရွှေပေးဖူးသည်….
ချ … ချ လိုပြောလို့ ပုခုံးပေါ်က သစ်လုံးပစ်ချလိုက်တာ ဦးလေး လက်ဆစ်လွဲသွားပါလေရောလား
သူပြောသည် ချ က ယပင့်နင့် ချ လား ယယစ်ခြလား ထိုစဉ်အခါက ကျွန်တော်မသိလိုက်ပါ….
နောက်မှသိရသည်ကခြ ကိုက်တယ်….ဆိုတဲ့စကားအဆုံးကို နားမထောင်ပဲ ရှေကနေ့သစ်လုံးအောက်ကိုပစ်ချလိုက်လိုတဲ့ ဟဲဟဲ
ဦးလေးမှာ လက်ဆစ်လွဲသွားပြီး တလလောက်အလုပ်နှင့်ငြိမ်းချမ်းရေး လည်လှည်ဖူးသည်…..
အဲ့လိုအမြဲတမ်း မှားနေလားဆိုတော့လည်း မမှားပါ…..
တစ်ခါရက်ကွက်ထဲကို အိမ်ပြောင်းလာတဲ့ မိသားတစ်စု သူတိုမိသားစု ကုတင်ကြီးကို အိမ်ထဲ အတင်းထိုးထည့်နေတာ ထည့်လိုမရလို ကြံရာမရဖြစ်နေစဉ်မှာ ကျွန်တော်က
“ဒီတိုင်းအိမ်ထဲ ထည့်ဘယ်လိုလုပ်ရမှာလဲ တစစီဖြုတ်ထည့်ပေါ့ဗျ “…လို ၀င်ပြောရင်က ၀င်ကူညီလိုက်တာ
အိမ်ပြောင်းလာတဲ့ အဒေါ်ကြီး ကျေးဇူးတင်လို့မဆုံး…..
တစ်ခါ အလှူခံထွက်တဲ့အဖွဲ့ အသံချဲစက်ကကောင်းကောင်းအလုပ်မလုပ်လို ကျွန်တော် နှစ်ချက်လောက် ဗြောင်းဗြောင်းကနဲဝင်ရိုက်ထည့်လိုက်ရာ အသံချဲစက်ကောင်းသွားသည်….
နောက်ပိုင်း ဖြစ်တိုင်း ရိုက်ပါများလို့ ic လောင်သွားသည်ကတော့ ကျွန်တော့အပြစ်မဟုတ်ပါချေ…..
ဒီလိုဗီဇသွေး ဗီဇမာန်တွေအပြည့်နှင့်ကျွန်တော်မှာတော့…..အသဲကွဲခြင်း ရိုးရိုးလေး ရှိဖူးသည်….
ထိုအသဲကွဲခြင်းအား တရပ်ကွက်လုံးသိကြသည်….. ဖြစ်ပုံလေးကတော့….
(၂)
“တော်စမ်းမောင် … မောင်တို့ ယောကျာ်းတွေက ရေသဖန်းပင်လိုပဲ ကြီးလေ သီးလေ….”
“မတို့ မိန်းမတွေကျတော့ကော် ၀က်မလွတ်ငှက်ပျော်ပင်လိုပဲ မဖြတ်မချင်းကိုသီးနေတော့တာပဲ…”
[

“မောင၊်နင် ညစ်တီးညစ်ပတ်မပြောနဲ့နော်”
“မ ငါပြောတာ ရိုင်းတာ တစ်ခုမှ မပါဘူး”
“နင်ပြောတာ ငါသိတယ်”
“မ ပြောတာလည်းမောင်သိတယ်”
“တော်ပြီး မောင် ဆက်မပြောချင်တော့ဘူး”
ကလောက်
ဖုန်းချသွားပြီ … ဒီလိုပါပဲ….အမြဲတမ်း…. အပျင်းပြေ ရန်ဖြစ်နေကြ….
(၃)
“မ….မောင်တို့ ညနေ မင်းသုံးပါးသွားရအောင်”
“ဘာသွားလုပ်မလိုလဲ…”
“စကိတ်သွားစီးမယ်လေ….”
“မမှ မစီးတက်တာ…..”
“မောင်သင်ပေးမှာပေါ့မကလည်း….”
“ဟုတ်မှလည်းလုပ်ပါမောင်ရယ်…..”
“တကယ်ပါမရ….”
[Image]
“မ ညနေစောင်း အပြင်မထွက်ချင်တာကို ခွင့်လွတ်ပေးပါနော် မောင်…”
“ရပါတယ်မရယ် မောင်နားလည်ပေးပါတယ်”

“မ……”
“ရှင့်…..”
“မ ဘာလို ဒီလောက်လှနေရတာလဲ…..”
“ဗုဒ္ဓေါ…..”
“ဟုတ်တယ် မ ဒီနေ့အရမ်းလှတယ်….”
“ခနလေးမောင်….. နင်ဒီနေ့တအားထူးဆန်းနေတယ်….”
“ခနနေတုန်းက အရမ်းချစ်ဖို့ကောင်းတယ် ပြောလိုက်”
“အခုအရမ်းလှတယ်ပြောလိုက်နဲ့ နင်ဘာဖြစ်နေတာတုန်း”
“ဘာမှမဖြစ်ပါဘူးမရယ် အမှန်အတိုင်းပြောတာကို….ဒါဆိုလိမ်ပြောရမှာလား”
“လိမ်ပြောလည်း ဒီစကားပဲထွက်လာမှာပဲ”
“တယ်ဆိုတဲ့စာပါလား….အင်းဒါကြောင့် မလည်း မောင်လိုကြွေမိတယ်ထင်ပါ့ ဟဟ”
“မ မောင်အကောင်းပြောနေတာ မနောက်ပါနဲ့….”
“အေးပါကွာ…..ဟဟဟ”
ရပ်ကွက်ခြင်းကပ်ရပ်ဆိုပေမဲ့ တွေ့ ရတဲ့အချိန်ကနည်းနည်းသည်….
ကိုယ့်အလုပ်နှင့်ကိုမအား…ကြ…
မကအိနြေ္ဒကြီးသည်….ဆိုင်မှာအတူတူထိုင်နေလျှင်အနားလုံးဝအကပ်မခံ….ဟုတ်ပါသည် သူ့၏အလုပ်နှင့် သဟဇတဖြစ်အောင် အဲသည်လိုနေသည်လည်းဖြစ်နိုင်သည်……
(၄)
“ခြူးသစ်”
“ဘာလဲကွာ…. အတွေးလေးတောင်ဘယ်ပျောက်သွားမှန်းမသိဘူး…..”
“နောက်မှတွေး ယောက်ဖ ရ”
“ရော့ ဒီမှာဖိတ်စာ ဟဲဟဲ….”
“ဟ ဘယ်သူဖိတ်စာတုန်း…..”
“အားပါးပါး ငါကိုကြီးတောင် စွန်သွားရှာပြီးပဲ….”
“ဟဲဟဲ…. ဒါနဲ့…..တဲ့ ကိုတင်ဝင်းကြီး မေးခိုင်းလိုက်တယ်….ဓါတ်ပုံ ရိုက်ပေးအုန်းမလားတဲ့”
“အေးပေါ့ ရိုက်ပေးရမှာပေါ့ဟ….သဘက်ခါမလား ငါလာခဲ့မယ်”
“လက်ဖွဲ့ကတော့ ဟဲဟဲ ထုံးစံအတိုင်းပေါ့…”
“ကိုတင်ဝင်းကြီးက မင်းကို လက်ဖွဲမလိုပါဘူးတဲ့…. လူနဲ့ကင်မရာပဲလာခဲ့ပါတဲ့”
“အာာာာ…… မင်္ဂလာဆောင်ပဲကွာ လက်ဆောင်ပေးရမှာပေါ့….”
“အဲ….အင်း။။။”
“ဘာမှာအဲ….အင်းမနေနဲ့…..သွားပြီး လာခဲ့မယ်လိုပြောလိုက်…..”
ဒါမျိုးပွဲတွေဆို…ကျွန်တော် ကင်မရာနဲ့ကောင်းကောင်းလက်စွမ်းပြသည်….
နောက်နေ့ CD နဲ့ Burn ပြီးသူတို့ ကိုပြန်ပေးလိုက်ရင် ဘယ်အတွဲဖြစ်ဖြစ် သဘောကျတက်သည်……
(၅)
“ဟာရေ…အားကို…ထူးစံ အတိုင်း မင်းကုလားဆောင်ကြပြန်ပြီလား….”
“ဟုတ်တယ် မာမွတ်ရေ….”
“တစ်ဗူးလောက် ပေးပါကွာ….”
“ရမယ်အာကို ရမယ်….”
“အေးကွာကျေးဇူးပဲ ဈေးထဲသွားလိုက်အုန်းမယ် ကွာ”
“ဖျေဖျေးသွားနော် အာကို ဆိုင်ကယ်ချော်လဲမယ်….”
မြန်မာစကားတာကောင်းကောင်းမတက်တာ …. ဆက်ဆံရေးကတော့ တော်တော်ကောင်းသည်…..
ကျွန်တော် ဈေးထဲမှာ ၀ယ်စရာရှိတာများ ၀ယ်ပြီး ဈေးကအထွက် ဆိုင်ကယ်ရွေးနေတဲ့မ….
“မသော်တာ…..မသော်တာ”
“ဟယ်…” လက်ပြလှမ်းခေါ်တာနဲ့ကျွန်တော်လည်းလျှောက်သွားလိုက်တယ်….
“မ ဈေးလာတာလား”
“အင်း မောင်ကော….”
“မောင်လည်းအတူတူပဲ….လိုအပ်တာလေးနည်းနည်းရှိလိုလာဝယ်တာ…
မ… ဆိုင်တစ်ခုသွားရအောင် နီးနီးနားနား Day and Night ပေါ့….”
“ကောင်းသားပဲမောင်…. မလည်းဗိုက်ဆာနေတာ…..
(၆)
“မောင် ဆိုင်က ဒီနေ့ နည်းနည်းမှောင်နေသလိုပဲ….”
“အင်း….”
“မောင် ရှင်ကြည်စမ်း ရှေမှာ ရည်စားငုတ်တုတ်ထိုင်နေတာကို ဟိုဘက်ဝိုင်းက ကောင်မလေးကို လှမ်းငမ်းနေတယ်”
“မဟုတ်ပါဘူးမကလည်း….”
“ဘာမဟုတ်တာလဲ…..”
“မောင် ရှင်တို့ယောကျာ်းတွေအဲလိုပဲလားဟင်….”
“အဲဒါ မတို့မိန်းကလေးတွေကြောင့်ဖြစ်တာ….”
“ဘာ….”
“ဟုတ်တယ်လေ…မကလည်း… ယောကျာ်းလေးတွေ… စိတ်ဝင်စားအောင်…မကြည့်ကြည့်အောင် စကပ်တိုနန့်နန့်လေးတွေ ၀တ်လိုက် လည်ပင်းဟိုက်လိုက်…..
ခါးလေးပေါ်လိုက် ချက်လေးပေါ်လိုက် နဲ့….၀တ်ကြလို့ ယောကျာ်းလေးတွေက အဲလိုဝတ်တာလေးကို ၀တ်ပါစေတော့ဆိုပြီး အားနာပါးနာနဲ့ကြည်ပေးရတာ....အဲလိုကြည့်တာကလည်း....”
“နှာဘူး…..”
“ဟာမ… မောင်က ရှင်းပြနေတာလေ….”
ဟာမှားသွားပြန်ပြီးကွာ အမှန်အတိုင်လည်းရှင်းပြရသေးတယ်….. အထုတ်ဆွဲပီးဆိုင်ပြင်ထွက်သွားပြီး ပိုက်ဆံရှင်းပြီး ထွက်လာတော့မကို မတွေ့တော့….. ဒါနဲ့ကျွန်တော်လည်းအထုတ်ဆွဲပြီး….ပြန်လာခဲ့တယ်….
(၇)
“ကဲဗျာ….. လက်ဖွဲ့ကတော့ အဆင်ပြေသွားပြီး ဟဲဟဲ….. ပါဆယ်ထုတ်ဖို့ပဲကျန်တော့တယ်”
“ဟရောင်….ခြူးသစ် ဘာသောက်မလဲ….”
“တော်ပါပြီး ကွာ.. ငါ..မနဲ့ Day and Night မှာ စားသောက်ပြီးရန်ဖြစ်လာကြသေးတယ်….”
“မင်းတိုနှစ်ယောက်ရန်မဖြစ်တဲ့နေ့ ပြော…. ငါနှစ်လုံးထိုးမယ်…..”
“တစ်သက်လုံးစောင့် ထိုးရမဲ့ရက်ေ၇ာက်လာမှာမဟုတ်ဘူး……”
“ကဲ အိမ်ရောက်ရင် လုပ်ငန်းစမယ် ပါဆယ်ထုတ်မယ်…..ဟဲဟဲ”အထုတ်ကိုဖြဲအကြည့်မှာတင်ပဲ
“ဟာာာာာာာာာ…….”သွားပြီး မှားပြီး …..သေပြီ…… ကိုယ့်နှဖူးကိုပြန်ရိုက်မိတယ်….
ထွက်လာတဲ့ပစ္စည်းတွေက…..ကျွန်တော်ဝယ်လာတာတွေနဲ့နည်းနည်းလေးတောင်မတူ…..
အမျိုးသမီးဝတ်ဘော်လီ….. အတွင်းခံဘောင်ဘီ…. လစဉ်သုံး ဂွမ်းထုတ်နဲ့ အမျိုးသမီးအလှပြင်ပစ္စည်းတချို့
သေပြီဆရာ….
ဒါဆို မမဆီပါသွားတာတွေက….ကျွန်တော် မာမွတ်ဆိုင်က ကွန်ဒုံး၊ ငုံးဥ တစ်ဗူး ငှက်ပျော်သီး…
အတွင်းခံဘောင်ဘီနဲ ယောကျာ်းလေးအသုံးအဆောင်ပစ္စည်းတစ်ချို့ သွားပြီ…လုံးဝသွားပြီ…..
ဆိုင်ကိုဝင်ကတည်းက အိတ်ချင်းတူတာကို သတိထားမိပေမဲ့….အခုတော့….မှားပြီ….
သူများလင်မယားကို ဂျောက်ချချင်တဲ့ကျွန်တော်…….
မနဲ့ ကျွန်တော့ဇာတ်လမ်းကတော့…..
လက်ဖက်ရည်ဆိုင်က စိုင်းထီးဆိုင်ရဲ့ ဒီထက်ပိုပြီးမတ်နိုင်ဘူး သီချင်းက ကျွန်တော်ကို လှောင်နေသလိုပါပဲ….
တစ်ဆိုင်လုံးမှာရှိသမျှလူတွေ အားလုံးကလည်း ကျွန်တော်ကိုကွက်ကြည့်ကွက်ကြည့်နဲ့………..ပြုံးစိစိ….ရှေကသူငယ်ချင်းတွေကလည်းရယ်လိုက်ကြတာမှ
မျက်ရည်တောင်ထွက်ကျနေလိုက်ကြသေးတယ်……
အဲဒီနေ့က ကျွန်တော်မျက်နှာကျွန်တော်ဓါးနဲ့လှီးပစ်ချင်စိတ်ကို ပေါက်နေပါတော့တယ်ဗျာ…….
**သား ငယ်**

No comments:
Post a Comment