**ဂျပန်ကွင်းလယ်ကစားသမား ကာဂါဝါ ….မန်ယူ၊ လီဗာပူး၊ အေစီမီလန်နှင့် ဂျူဗင်းတပ်စ်တို့ အပြိုင်ခေါ်ယူ**
(ဘာလင်၊ အောက်တိုဘာ ၆)
ဂျာမန်ဘွန်ဒက်စ်လီဂါအသင်းဖြစ်တဲ့ ဒေါ့မွန်ကလပ်ရဲ့ ကွင်းလယ်ကစားသမား ရှင်ဂျီကာဂါဝါကို ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ လီဗာပူး၊ အေစီမီလန်နဲ့ ဂျူဗင်းတပ်စ်အသင်းတွေက ခေါ်ယူရန်ူအပြိုင်အဆိုင်ဖော်ပြထားပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ဂျပန်နိုင်ငံသား ကွင်းလယ်ကစားသမားဟာဘွန်ဒက်စ်လီဂါမှာတော့ အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ကွင်းလယ်မှာ ကစားကွက်ထိန်းချုပ်နိုင်ပြီး ဘောလုံးဖြန့်ဝေမှု၊ အထက်အောက် လိုက်ပါကစားနိုင်မှုတွေလည်း ကောင်းလွန်းတာမို့ ကလပ်အသင်းတွေ မျက်စိကျနေခြင်းဖြစ်ပါတယ်။
ကာဂါဝါဟာ ဒေါ့မွန်အသင်းနဲ့ ၂၀၁၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး လီဗာပူးအသင်းကတော့ ပြောင်းရွှေ့ကြေးပေါင်း ၁၈ သန်းပေးမယ်လို့ ပြောနေပါတယ်။ မန်ယူအသင်းကတော့ ပြောင်းရွှေ့ ကြေးပေါင်သန်း ၂၀ ပေးမယ်လို့ ဆိုနေပြီး အေစီမီလန်နဲ့ ဂျူဗင်းတပ်စ်အသင်းကတော့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ စီပေးမယ်လို့ ဆိုနေပါတယ်။ ကာဂါဝါရဲ့ ထူးခြားချက်က တိုက်စစ်ကို အားသန်တဲ့အပြင် ဂိုးသွင်းနိုင်မှုအားလည်းကောင်းတာမို့ အခုလို အပြိုင်အဆိုင် ခေါ်ယူနေကြခြင်းဖြစ်ပါတယ်။ (အင်တာနက်)
**အဲဗာတန်အသင်းကို အဘူဒါဘီအုပ်စု ၀ယ်ယူမည်လော**
(လန်ဒန်၊ အောက်တိုဘာ ၆)
အဲဗာတန်အသင်း၏ ဘဏ္ဍာရေးအကျပ်အတည်းနှင့်ပတ်သတ်၍ လီဗာပူးအသင်း၏ အမှုဆောင်ဟောင်း ခရစ္စတီးယန်း ပါစလိုနှင့် အဲဗာတန်အသင်းဥက္ကဌ ဘေကင်ရိုက်တို့ အဲဗာတန်အသင်းအား ၀ယ်ယူမည့်သူကိုရှာဖွေပေးရန် အဲဗာတန်ဥက္ကဌက တောင်းဆိုလိုက်ကြောင်း ပါစလိုက အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ မန်စီးတီးအသင်းပိုင်ရှင် အဘူဒါဘီအုပ်စုသည် ၄င်းတို့အသင်းအတွက် ကစားကွင်းအသစ်တစ်ခုရယူရန် စီစဉ်နေပါက အဲဗာတန်အသင်းကို ၀ယ်ယူနိုင်လိမ့်မည်ဟု ဘေကင်ရိုက်က ယုံကြည်နေသည်။ ထို့ပြင် ၄င်းက မိမိအနေဖြင့် အသင်း၏ဘဏ္ဍာငွေတိုးတက်လာစေရန်အတွက် လက်မှတ်နှုန်းထားကို တိုးမြှင့်ရန် ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
(အင်တာနက်)

**ဂျပန်အိုးပင်း အင်ဒီမာရေး ကွာတားဖိုင်နယ်သို့တက်**
(တိုကျို၊ အောက်တိုဘာ ၆)
ဂျပန်နိုင်ငံ တိုကျိုမြို့၌ အောက်တိုဘာ ၃ ရက်မှ ၉ ရက်အထိ ကျင်းပလျက်ရှိသည့် ATP Rakuten Japan အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် (၄) ဗြိတိန်နိုင်ငံသား အင်ဒီမာရေးသည် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် အင်ဒီမာရေးက ပြိုင်ဘက် အမေရိကန်နိုင်ငံသား အဲလက်စ်ဘိုဂိုမိုလော့ဗ်ကို (၆-၁၊ (၆-၂) ဖြင့် ပွဲချိန် ၅၈ မိနစ်အတွင်း အနိုင်ယူနိုင်ခဲ့သည်။ ၄င်းသည် စပေးဘောများထိုးရာတွင် ၉၅ ရာခိုင်နှုန်းထိ တိကျစွာ ထိုးနိုင်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ၄င်းအနေဖြင့် နောက်လမည့် ကွာတားဖိုင်နယ်တွင် အာဂျင်တီးနားနိုင်ငံသား ဒေးဗစ်နယ်ဘန်ဒီယမ်နှင့် အောက်တိုဘာ ၇ ရက်တွင် ရင်ဆိုင်ရမည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဟိန်းထက်

No comments:
Post a Comment