ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 13, 2011

ပြောစရာနည်းနည်း ရှိလို့ပါ

>
(Singpore)
နိုင်ငံခြားလာပြီးအလုပ်လုပ်တာကိုပဲ တချို့က နိုင်ငံတော် သစ္စာဖောက်မှုကြီးလို မြင်နေကြသေးတယ်။ ကျွဲခြေရာခွက်ထဲ ကျနေတဲ့ဖားလေးတွေလို အင်မတန် သနားစရာကောင်းတဲ့ သူများပါပေပ ခင်ဗျာ။ ပြောတဲ့သူတွေက ဥရောပနိုင်ငံတွေက မဟာဘွဲ့၊ ဒေါက်တာဘွဲ့ကြီးတွေ ယူလာခဲ့တဲ့သူတွေ ဖြစ်တဲ့အတွက် ကျွန်တော့်မှာ အံ့လည်းအံ့သြမိပါရဲ့။ အေးလေ၊ သူတို့လည်း သူတို့အမြင်နဲ့ သူတို့ပေါ့။ ရှိပါစေ။

သူများတွေ ဘာတွေလုပ်နေသလဲ။ သူတို့ဒီလိုသွားခြင်းဖြင့် ဘယ်လို အကျိုးအမြတ်တွေရသလဲ ဆိုတာ နည်းနည်းမှ ထည့်မစဉ်းစားဘဲ သူတို့ မြန်မာပြည်မှာ ၀န်ထမ်းဘ၀နဲ့ လုပ်နေတာကိုဘဲ မြန်မာပြည်ကြီးက သင်ပေးလိုက်တဲ့ ပညာတွေ အတွက် အမိနိုင်ငံတော်ကြီးကို ပြန်ကျေးဇူးဆပ်နေသလိုလို။ ကျွန်တော်တို့က မြန်မာပြည်က သင်ပေးလိုက်တဲ့ ပညာတွေနဲ့ စင်ကာပူ နိုင်ငံတော်ကြီးကိုပဲ အလုပ်အကျွေးပြုနေသလိုလို။

ဒါက သူတို့အမြင်ကိုး ခင်ဗျ။ ဒေါက်တာအောင်ထွန်းသက် ပြောတာလေး နားထောင်ကြည့်စမ်းပါ။

“သူတို့နိုင်ငံခြားသွားလုပ်ခြင်းဖြင့် ကိုယ့်နိုင်ငံမှာမရှိတဲ့ ခေတ်မီအတတ်ပညာတွေ သူတို့ဟာသူတို့ လေ့လာပြီးသား သင်ပြီးသား ဖြစ်သွားတယ်။ ဒီတော့ အဲဒီလူတွေသာ မြန်မာပြည်ပြန်လာခဲ့ရင် သူတို့နဲ့အတူပါလာမဲ့ အတတ်ပညာတွေဟာ ဘာနဲ့မှ ၀ယ်လို့မရတဲ့ အင်မတန် အဖိုးတန်တဲ့အရာတွေ ဖြစ်တယ်။ နောက်ပြီး တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံခြားရောက်မြန်မာတွေကနေ မြန်မာပြည်ပြန်ပို့နေတဲ့ ငွေတွေဟာ နည်းနည်းနောနောမဟုတ်ဘူး - တဲ့။”

ဆရာကြီးပြောတာ ဟုတ်မဟုတ် နည်းနည်း ပေသီးခေါက်ကြည့်ရအောင်။

ကျွန်တော်တို့ခင်ဗျားတို့ မြန်မာသံရုံးကို တစ်လ ဘယ်လောက်ပေးနေရသလဲ။ ကျွန်တော် လတိုင်း တစ်လကို စင်ကာပူဒေါ်လာ ၁၂၀ (မြန်မာငွေ တစ်သိန်းနီးပါး) ပေးနေရတယ် ဆိုတာ ခင်ဗျားတို့ သိပါတယ်။ ပီအာ၊ အီးပီ၊ အက်စ်ပတ်စ်၊ ၀ပ်ပါမစ်၊ မိတ်။ အားလုံး ပျှမ်းမျှခြင်းအားဖြင့် တစ်ယောက် ၈၀ ပဲထားပါဦး။

စင်ကာပူမှာ လာအလုပ်လုပ်နေတဲ့ မြန်မာပေါင်း သိန်းဂဏန်းနီးနီးရှိတယ်။ ဒါပေမဲ့ ၅ သောင်းပဲထားပါဗျာ။
မြန်မာသံရုံးရဲ့ တစ်လ ၀င်ငွေ နော်။ တွက်ကြည့်မယ်။
၈၀ x ၅၀၀၀၀ = စင်ကာပူဒေါ်လာ ၄ သန်း။ အားပါးပါး။

သိပ်များသွားသလား။ ထားပါ လေးပုံတစ်ပုံ ဆိုရင်တောင် တစ်သန်း --- ခင်ဗျ။

မြန်မာပြည်က ဘယ်စက်ရုံ၊ ဘယ်ရုံး၊ ဘယ်ဌာနက တစ်လ ဒေါ်လာလေးသန်း (ဘာအရင်းမှ စိုက်စရာမလို၊ ဘာစက်ပစ္စည်းမှ မလို၊ လုပ်သားခဘယ်လောက်မှ မလို၊ ဘာ ကာယအား၊ ဉာဏအားမှ စိုက်စရာမလိုဘဲ) ရပါသလဲ။ ပြောပါ။

ဒါ သံရုံးကို ပြောတာ။ စင်ကာပူလာ အလုပ်လုပ်တယ် ဆိုတာ ကိုယ့်မိသားစုကို ကျွေးမွေးထောက်ပံ့ဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချည်း လာကြတာ။ ဘယ်သူမှ အားအားလျားလျား အလေလိုက်ရအောင် (သည်းခံပါခင်ဗျာ - ရိုင်းသွားတယ်) ပျော်ဘို့ပါးဘို့ လာကြတဲ့သူ မရှိဘူး။ သူရို့ကြိုက်တတ်လို့ ဘီယာသောက်တယ် ဆိုရင်တောင် အိမ်တော့ ခြစ်ချုပ်ပြန်ပို့ကြတဲ့ သူချည်းပဲ။ ဒါဆို စင်ကာပူနိုင်ငံသား ခံသွားတဲ့လူတွေကလွဲလို့ ကျန်တဲ့ မြန်မာတွေအားလုံး ကိုယ့်မိသားစုရှိရာ မြန်မာပြည်ကို ပိုက်ဆံပြန်ပို့ကြတဲ့ သူတွေချည်းပဲပေါ့။ ရှင်းနေတာဘဲ။

ကိုင်း၊ ဒါဆို တစ်လတစ်လ မြန်မာပြည်ကို နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေ ပြန်ပို့နေတဲ့ ငွေတွေ တွက်ကြည့်မယ်။ တကမ္ဘာလုံးဆိုတာ သိပ် ကျယ်ပြန့်တယ်။ ကျွန်တော် လက်လှမ်းမမီဘူး။ ကိုယ်သိသလောက် စင်ကာပူကိုပဲ တွက်မယ်။

ခုနပြောသလို စင်ကာပူမှာ အလုပ်လုပ်နေတဲ့သူကို ၅ သောင်းပဲထား တွက်ရအောင်။
ကျွန်တော်တစ်လကို အနည်းဆုံး ဆယ်သိန်း ပြန်ပို့တယ်။ ၀ပ်ပါမစ်သမားတွေဆို အနည်းဆုံး သုံးသိန်းတော့ ပို့မယ်။ ထားပါ။ ပျမ်းမျှခြင်း - တစ်ယောက်ကို ငါးသိန်းပို့တယ်ပဲထား။
တစ်ယောက် ငါးသိန်း x လူ ငါးသောင်း = ကျပ် သန်းပေါင်း နှစ်သောင်းခွဲ = ၂၅ ဘီလျံ။ အိုးဟိုးဟိုး။

အာ၊ မဖြစ်နိုင်တာ။ ဒါဆို နည်းနည်းလျှော့ချကြည့်မယ်။

ကဲ တစ်ယောက် တစ်သိန်း x လူငါးသောင်း = ကျပ် သန်းပေါင်း ၅ ထောင် = ၅ ဘီလျံ။ (ဒါထက်ပိုစရာပဲ ရှိတယ်။)
ဒါ - စင်ကာပူတစ်နိုင်ငံထဲကို ပြောတာ။ တကမ္ဘာလုံးမှာ ဆယ်နိုင်ငံကို သွားအလုပ်လုပ်ကြတယ်ပဲ ဆိုပါတော့။
၅ ဘီလျံ x ၁၀ = ဘယ်လောက်ဖြစ်သွားမလဲ၊ ဘီလျံ ၅၀ မဟုတ်လား။ အဲဒါ တစ်နှစ်ကိုပြောတာ မဟုတ်ဘူး။
တစ်လ တစ်လ မြန်မာပြည်ကို ၀င်နေတဲ့ ပိုက်ဆံတွေကိုပြောတာ။

ခင်ဗျား မြန်မာပြည်မှာ အလုပ်လုပ်ရင် တစ်လ ဘယ်လောက်ရမလဲ။ မေးစရာမလိုပါဘူးဗျာ။ မစားလောက်လို့ လာကြတဲ့ သူတွေချည်းဟာကို။ ဒါဆို တကယ်စစ်စစ်ပေါက်ပေါက် သေသေချာချာသာ တွက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ခင်ဗျားတို့ဆီကနေ ၀င်နေတဲ့ မြန်မာပြည်ရဲ့ ၀င်ငွေဟာ (သံရုံးတွေအပါအ၀င်ဆိုရင်) မြန်မာတစ်နိုင်ငံလုံးရဲ့ အမျိုးသားထုတ်ကုန် (GDP) ရဲ့ ထက်ဝက်မျှတောင် မရှိနိုင်ပေဘူးလား။

ထားပါတော့ဗျာ။ ကျွန်တော် စိတ်တိုတိုနဲ့ ရေးလိုက်တာပါ။ အသက်လည်း ကြီးပါပြီ။ ဖက်ပြိုင်ပြီးတော့လည်း ရန်မဖြစ်ချင် တော့ပါဘူး။

ကျွန်တော်က ကိုယ်လုပ်နိုင်တတ်သမျှလေးနဲ့ မြန်မာပြည်နဲ့ ပြည်သူပြည်သားတွေကို လုပ်ပေးမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့စုပြီး ကျောင်းတွေ (အစိုးရစာသင်ကျောင်း၊ ဘုန်းတော်ကြီးသင်၊ သီလရင်သင် ပညာရေးကျောင်း) ပြင်ပေး။ ဆေးရုံဆေးခန်းတွေ ပြင်ပေး။ ဆောက်ပေး လုပ်နေတာ။ ခုဆို နေရာပေါင်း ၁၄၀ လောက်ရှိပြီ။ မြန်မာငွေနဲ့ သိန်း ၇၅၀ ကျော်။ စင်ကာပူဒေါ်လာ တစ်သိန်းကျော်။ ကျွန်တော်မြန်မာပြည်မှာနေရင် လုပ်နိုင်ပါ့မလား။ ကိုယ့်ဟာကိုယ်တောင် မနည်း ထမင်းစားဘို့လုပ်နေရတာ။ ကျွန်တော်တို့လို လုပ်နေတဲ့ နိုင်ငံခြားရောက် မြန်မာတွေ၊ အဖွဲ့အစည်းတွေ မနည်းပါဘူးဗျာ။ ရာနဲ့ချီရှိပါတယ်။ အဲဒါတွေသာ ပေါင်းလိုက်ရင် ခုနက အော်ကြီးဟစ်ကျယ်ပြောနေတဲ့ မြန်မာပြည်ကြီးရဲ့ အကျိုးကို သူတို့သာ ဆောင်ကျဉ်းနေပါတယ်ဆိုတဲ့ မမတို့ထက် အဆပေါင်း ရာနဲ့ချီရှိပါတယ် ခင်ဗျာ။

ခုတော့ ဒီလို ပရဟိတလုပ်ငန်းဆိုတာ လူတိုင်း (စေတနာပါရင်) လုပ်လို့ရတယ်။ ဒီတော့ သူများမလုပ်နိုင်တာ ငါလုပ်မဟဲ့လို့ မြန်မာပြည်မှာ လိုနေတဲ့ (Big Gap) ကွက်လပ်ကြီးကို ဖြည့်ဘို့ ညဘက် အိပ်ချိန်တွေလျှော့ပြီး စာအုပ်တွေ ပြုစုတယ် ပေါ့ခင်ဗျာ။

ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် စာအုပ်ဆိုင်တွေ၊ စာအုပ်အဟောင်းတန်းတွေ သွားမွှေလေ့ရှိတယ်။ စာအုပ်ကို ကျွန်တော်က လူမှန်းသိတတ်စကတဲက ချစ်လာတာ။ ဒီလို လျှောက်မွှေရင်းနဲ့ ကိုယ်က အင်ဂျင်နီယာဆိုတော့ အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ လိုက်ရှာကြည့်တယ်။ ဘုရားစူးရပါစေရဲ့။ တကယ် အားကိုးအားထား ပြုရလောက်တဲ့ မြန်မာလိုရေးထားတဲ့ အင်ဂျင်နီးယားရင်း စာအုပ် တစ်အုပ်မှ မရှိဘူး ခင်ဗျာ။ ဦးဖေသိန်း (လျှပ်စစ်) ရေးတဲ့ စာအုပ်တချို့။ ဦးအုန်းမြင့် (ဒီဇယ်) ရေးတဲ့ စာအုပ်တချို့။ ဦးကိုကိုလေး ရေးတဲ့ စာအုပ်တချို့တလေပဲ တွေ့တယ်။ ဒါပေမဲ့ အဲဒီစာအုပ်တွေက တကယ့် အင်ဂျင်နီယာစာအုပ်တွေ မဟုတ်ဘူး။ တက်ခနစ်ရှန် (Technician) တွေအတွက်လောက်ပဲ အသုံးတည့်တယ်။

အင်ဂျင်နီယာ စာအုပ်တွေတင်ပဲလားတဲ့။ မဟုတ်ဘူးခင်ဗျ။ တခြား ဘာသာရပ်တွေရောပဲ။ အားလုံး။ တကယ့် ကျကျနန ပြုစုထားတဲ့၊ အားကိုးအားထား ပြုရလောက်တဲ့စာအုပ် တစ်အုပ်မှ မရှိဘူး။ မြန်မာစာပေနဲ့ပတ်သက်လို့တော့ စာအုပ်တွေ တော်တော်များများ တွေ့တယ်။ ညီမဖြစ်သူကလည်း မြန်မာစာဆရာမ၊ ကျွန်တော်ကလည်း မြန်မာစာပေ ၀ါသနာပါတော့ လက်လှမ်းမီသမျှ အကုန်လိုလို ၀ယ်ထားတယ်။ အားရစရာဆိုလို့ မြန်မာစာပေ တစ်ခုပဲရှိတယ်။

မနှစ်က ကျွန်တော့်သူငယ်ချင်း ကိုအောင်ဇော်ဦးက သူဖတ်ချင်လို့ စပါးအကြောင်း သေသေချာချာ ရေးထားတဲ့ စာအုပ်များရှိရင် ပြောစမ်းပါ။ သိရင်လည်း ၀ယ်ပေးစမ်းပါ။ ပိုက်ဆံပေးပါ့မယ် ပေါ့။ ပြောလာတယ်။

ဘုရားစူးရပါစေ့။ ဈေးကွက်ထဲမှာ စပါးနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရေးထားတဲ့စာအုပ် တစ်အုပ်ကမှ မရှိပါဘူး ခင်ဗျာ။ ကျွန်တော့်မိတ်ဆွေ အပေါင်းအသင်း စိုက်ပျိုးရေးပညာရှင်တွေ လိုက်မေးတော့လည်း ၀ယ်လို့ရတဲ့စာအုပ်တော့ မကြားမိဘူး။ ဟိုလူ့မှာတော့ ရှိတယ်။ လိုချင်ရင် ကော်ပီဆွဲလို့ရတယ်။ ဒီနေရာမှာတော့ ရှိမယ်ထင်တယ် ဆိုတာလောက်ပဲ သိခဲ့ရတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ စိုက်ပျိုးရေးပညာရှင်တွေ၊ ရိုးရိုးဘွဲ့ရ။ မဟာဘွဲ့ရ၊ ဒေါက်တာဘွဲ့ရ၊ နည်းနည်းတတ်တဲ့သူ၊ အရမ်းတော်တဲ့သူတွေ ရိုက်သတ်လို့ မကုန်ပါဘူး။ ကျွန်တော်က စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ၀န်ထမ်းဟောင်း တစ်ယောက်ဆိုတော့ ဘယ်သူတွေတော့ဖြင့် ဘယ်နိုင်ငံမှာ ဘာဘွဲ့တွေ သွားယူနေတယ် ဆိုတာ အမြဲလိုလို သတင်းတွေ ကြားနေရပါတယ်။

ဈေးကွက်မှာရှိတဲ့ စာအုပ်တွေက ဘာပန်းပင်စိုက်နည်း၊ မီးဖိုချောင်သုံး သီးနှံများစိုက်နည်း ဆိုပြီး လယ်သမားတွေ သိပြီးသား နည်းပညာတွေလောက်ပဲ ရေးထားတာများပါတယ်။ ကျွန်တော်လည်း လှည်းတန်းနဲ့ ရန်ကုန်မြို့ထဲ က စာအုပ်ဆိုင်တော်တော်များများမှာ လိုက်ရှာကြည့်တာပဲ။ မတွေ့ခဲ့ဘူး။

အဲဒီတော့ မြန်မာပြည်မှာ အတတ်ပညာပိုင်းဆိုင်ရာ စာအုပ်စာတမ်းတွေ အများကြီးလိုနေတယ်။ ဘာသာရပ်တိုင်း အတွက်ကို လိုတာ။ ဒီတော့ ကျွန်တော်ကလည်း အင်ဂျင်နီယာ ဆိုတော့ ကိုယ်သိထားတာလေးတွေ၊ တတ်ထားတာလေးတွေ။ လေ့လာမိထားတာလေးတွေကို ရနိုင်တတ်သမျှ စာအုပ်စာတမ်းတွေ ရှာဖွေပြီး ဘာသာပြန်။ တကယ့်ကို အင်ဂျင်နီယာတွေ အားကိုးအားထားပြုရမဲ့ စာအုပ်တွေ ရေးမယ်လို့ ဒီလိုပဲ စိတ်ကူးမိတယ်။

ကျွန်တော့် ပထမစာအုပ် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” ထုတ်တာ အုပ်ရေ ၁၅၀၀ ကို သိန်း ၅၀ ရင်းရတယ်။ အဲဒီပိုက်ဆံ အရင်းကျေဘို့ တစ်နှစ်ကျော်ကြာအောင် စောင့်ရတယ်။ ကုန်တော့သာ တလုံးတခဲတည်း သွားဟဲ့ သိန်း ၅၀ ဆိုပြီး ကုန်သွားတာ။ ပြန်ဝင်လာတော့ ၁ သိန်းဝင်၊ ၂ သိန်းဝင်။ ငါးသောင်းရတဲ့ အခါများတောင် ရှိတယ်။ ပိုက်ဆံ ဆိုတာမျိုးက နည်းနည်းစီဝင်လာလို့ကတော့ အသုံးစရိတ်ထဲ ၀င်သွားတာမျိုးကို။ ကုန်တော့သာ account ထဲက စင်ကာပူ ဒေါ်လာ ၇၀၀၀ ပြတ်ပြတ်သားသားထွက်သွားတယ်။ တစ်နှစ်ကြာလို့ အရင်းသာကြေသွားရော၊ အဲဒီ ၇၀၀၀ ဟာ ပြန်မ၀င် လာတော့ပါဘူး ခင်ဗျာ။ ကိုယ်တွေ့ပါ။ ဒါပေမဲ့ လူမှုရေးတာဝန်တော့ အရမ်းကျေသဗျို့။ မိတ်ဆွေတွေတွေ့ရင် ဟောတစ်အုပ်၊ ဟောတစ်အုပ်။ လက်မှတ်ကလေး ထိုးထိုးပေးလိုက်ရတာ။ ဟန်ကိုကျလို့။ ဟိုစာကြည့်တိုက်က လာအလှူခံတယ်။ သွားရော့ တစ်အုပ်။ ဟိုကလေးတွေကို ဆုပေးချင်တယ်။ သွားရော့ သုံးအုပ်။ စသဖြင့်။

ဒီတော့ နောက်စာအုပ်တွေကို ကိုယ့်ဟာကိုယ် ထုတ်ရမှာ အတော်ကြီးကို လက်တွန့်သွားတယ်။ ကျွန်တော့် အစ်မကြီးကလည်း ခပ်အင်အင်ပဲ။ ဒီတော့ “ပိုက်ပြင်ပိုက်ဆက်” စာအုပ်၊ ပြီးသာသွားရော ဘယ်လိုထုတ်ရပါ့မလဲ။ ရင် တထိတ်ထိတ်နဲ့ရယ်။ ကိုယ်ကလည်း ရေးမဲ့အတူတူတော့ တူတူတန်တန်လေးဖြစ်အောင် ဆိုပြီး သိသင့်တာမှန်သမျှ ပုံအော ထည့်လိုက်တာ ပထမစာအုပ်ထက် ပိုထူသွားတယ်။ ဒီတော့ ထုတ်ဝေခက သိန်း ၅၀ အောက်တော့ ဘယ်နည်းနဲ့မှ မလျော့ဘူး။ ပိုချင်သာပိုမယ်။

ဘုရားသိကြားမလို့ တော်ပါသေးရဲ့ လို့ ခေါ်ရမယ်။ ကျွန်တော့် ကျောင်းနေဘက်သူငယ်ချင်း ကိုအောင်ကြည်စိုးက ခု ကွန်ပြူတာဂျာနယ် ထုတ်နေတဲ့ ကိုမြင့်သူ ဆိုတာ မန္တလေးတုံးက သူနဲ့ကျောင်းနေဘက် သူငယ်ချင်း တဲ့။ အမှတ် ၁၄ ကျောင်းထွက်တွေ။ အဲဒါ ကိုမြင့်သူနဲ့ မိတ်ဆက်ပေးတယ်။ ဟန်ကျသဗျို့။ ကိုမြင့်သူက လိုလိုချင်ချင်ပဲ လက်ခံတယ်။ သူက ကျွန်တော့် ဒုတိယစာအုပ် “ဘ၀ခါးခါး” ကို အရမ်းကြိုက်သွားတာကိုး။ သူပဲ မန္တလေးစီးတီး အက်ဖ်အမ်ကို ကျွန်တော့်စာအုပ် အကြောင်း ညွှန်းပေးလိုက်သေးတယ်။

တိုတိုပြောရရင် နောင် ကျွန်တော်ရေးမဲ့စာအုပ်တွေအတွက် ထုတ်ဝေရေးကို မပူရတော့ဘူး။ ကိုမြင့်သူကလည်း ကျွန်တော်တို့လိုပဲ အမြင်ရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို ဘာပြန်ပေးနိုင်မလဲ ဆိုတာ ကြည့်နေတာကိုး။ သူလည်း အလုပ်ဖြစ်။ ကျွန်တော်လည်း ကိုယ်ရေးချင်တာ ရေးလို့ရ။ တိုင်းပြည်မှာလိုနေတဲ့ အဓိက ကွက်လပ်ကြီးကိုလည်း ဖြည့်နိုင်။

ခု “ပိုက်ပြင်ပိုက်ဆက်လက်စွဲ” ကို သူတို့ စာအုပ် format ပြင်နေတယ်။ ပြီးရင် စာပေစိစစ်ရေးတင်၊ စာအုပ်ထုတ်။ သုံးလေးလတော့ ကြာမှာပေါ့။ ကိစ္စမရှိဘူး။ စာအုပ်ထွက်လာဘို့ အရေးကြီးတာပဲ။

ကိုမြင့်သူ တိုက်တွန်းချက်အရ အခု “တာယာအန္တရာယ်ကင်းဝေးရေး” ဆိုတာရေးနေတယ်။ ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ သိပ်ခရီးမတွင်ဘူး။ ကိုယ့်ကိုယ်ကိုယ် မနည်းတွန်းနေရတယ်။ ဒါပြီးရင် -

၁။ အသေးစား လယ်ယာသုံး စက်ကိရိယာများ

၂။ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း - က ကုန်တော့မယ်။ အုပ် ၂၀၀ လောက်ပဲ ကျန်တော့တယ်။ ကုန်ရင် အခန်းသစ်တွေထပ်ဖြည့်၊ ပြင်သင့်တာတွေ ပြင်ပြီး ဒုတိယအကြိမ် ထပ်ရိုက်မယ်။

၃။ ဂဟေဆက်နည်း အတတ်ပညာ (အရင် ဒေသကောလိပ်သုံး စာအုပ်အဟောင်း ကျွန်တော့်ဆီမှာရှိတယ်။ ကျွန်တော်က ဒီထက် ပိုကောင်း၊ ပိုပြည့်စုံတဲ့ စာအုပ်တစ်အုပ်ဖြစ်အောင် ဖြည့်ရေးမယ်။)

၎။ မြန်မာပြည်မှာ မီးလောင်ပြီး တစ်နှစ်တစ်နှစ်ဆုံးရှုံးရတာ မနည်းလှဘူး။ ဒီတော့ စနစ်တကျ မီးကာကွယ်ရေးအကြောင်း နိုင်ငံတကာ စံချိန်စံညွှန်းများကိုယူပြီး ရေးမယ်။ ခုတောင် စုထားတာ အတော်များနေပြီ။

၅။ ကိုမြင့်သူသာ ထုတ်ဝေဘို့ စိတ်ဝင်စားမယ်ဆိုရင် safety အကြောင်းလည်း ရေးချင်တယ်။ ပိုက်ဆံနဲ့ အချိန်တွေ အကုန်ခံပြီး safety officer သင်တန်းသွားတက်ထားတာ ဘယ်နေရာမှာမှ အသုံးမချရသေးဘူး။

- စသဖြင့် စာအုပ်တွေ ဆက်ရေးသွားမယ်။ ကျွန်တော် သူဌေးဖြစ်ချင်လို့ မဟုတ်ပါ။ စာအုပ်တစ်အုပ်ရေးမှ အများဆုံး ၁၀ သိန်းထက် ပိုမရပါ။ ကျွန်တော့်လခဟာ သိန်း ၂၀ အထက်မှာရှိမယ်ဆိုတာ အားလုံးသိပါတယ်။ ကြီးကြီးကျယ်ကျယ် ပြောရရင် အမိမြန်မာပြည်ကြီးကို တစ်ခုခု ပြန်ပေးချင်လို့ပါ။

နောက်ဆုံးပြောချင်တာကတော့ ကိုယ့်ပိုက်ဆံကိုယ် အကုန်ခံပြီး စင်ကာပူလာ။ မိသားစုနဲ့ခွဲ၊ ဆင်းရဲဒုက္ခခံ လုပ်နေရတာကို မနေနိုင်မထိုင်နိုင် ကျွန်တော့်အပေါ် အပြစ်တွေမြင်နေတဲ့ ကျွန်တော့်ရဲ့ အင်မတန်ခင်မင်ရပါသော အမျိုးသမီးမိတ်ဆွေကို ငါ - နိုင်ငံခြားမှာ အလုပ်လုပ်နေပေတဲ့ တိုင်းပြည်အတွက် ဘာတွေလုပ်ပေးနေသလဲ ဆိုတာလည်း သိအောင် ပြလိုက်ချင်တာလဲ ပါပါတယ်။

ရှေ့တန်းထွက် သေနတ်ကိုင်ပြီး အသေခံတိုက်တာမှ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ နိုင်ငံ့သားကောင်း ဆိုတဲ့ အတွေးအခေါ် အယူအဆတွေဟာ ဆိုရှယ်လစ်စနစ်ကြီးနဲ့အတူ ဟောင်းနွမ်း၊ ဆွေးမြေ့၊ ပုပ်သိုးသွားခဲ့ပါပြီ။

ကျွန်တော်နဲ့ သဘောမတူသူများ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ခွင့်ရှိပါတယ်။
လူတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်တတ်နိုင်သလောက် လုပ်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

**အေးငြိမ်း**

Blk 134A, Kang Ching Road
#03-91
Singapore 619062
Tel: 97303027
email: y_nyein@yahoo.com.sg
(

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)