**Public Health**
ဆီးချိုသွေးချို ရောဂါရှိသူ တစ်ဦးရဲ့ ခြေထောက်မှာ အနာ ဖြစ်နေရင် ပိုးဝင်မှု ပိုပြင်းထန် တတ်ပါတယ်။ တကယ်လို့ ပိုးဝင်နေတဲ့ အနာကို ကောင်းစွာ ဂရုစိုက် ကုသမှု မလုပ်ရင် ခြေထောက် ဖြတ်ပစ်ရတဲ့ အထိ ဖြစ်တတ် တာကြောင့် အနာကျက်ပြီး ပိုးကင်းအောင် လုပ်ရမယ့် နည်းတွေကို ဖော်ပြလိုက်ပါတယ်။
*ဆီးချိုသွေးချို ရောဂါ ရှိသူတွေ အနေနဲ့ ခြေထောက်ကို အမြဲ စစ်ဆေး ကြည့်ရှူသင့် ပါတယ်။ ဖိနပ် မပါဘဲ ဘယ်နေရာကိုမှ မသွားသင့်ပါ။
*ခြေဖဝါး ဒါမှမဟုတ် ခြေချောင်းတွေမှာ အနာ ဖြစ်ခဲ့ရင် ဆားခါး (Epsom salt) ထည့်ထားတဲ့ ကြက်သီးနွေး ရေထဲမှာ ခြေထောက်ကို ၁ဝ မိနစ်လောက် စိမ်ထားပါ။ စိမ်ပြီးချိန်မှာ ခြေထောက်ကို တဘက် တစ်ထည်နဲ့ ခြောက်အောင် သုတ်ပြီး ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ပါတဲ့ ဆေးရည် ဒါမှမဟုတ် အနာကျက်ဆေး တစ်မျိုးကို ဂွမ်းစနဲ့ တို့ပြီး လိမ်းပေးပါ။ ပြီးရင် ပတ်တီး စည်းထားပါ။
*အနာက လက်၊ တင်ပါး စတဲ့ နေရာတွေမှာ ဖြစ်ရင် ပိုးသတ်ထားတဲ့ ရေနဲ့ အနာကို ဆေးပြီး ခြောက်အောင် သုတ်ပါ။ ပြီးရင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ပါတဲ့ ဆေးရည် ဒါမှမဟုတ် အနာကျက်ဆေး တစ်မျိုး လိမ်းပြီး ပတ်တီး စည်းထားပါ။ အနာကျက်တဲ့အထိ လုပ်ပေးဖို့ လိုပါတယ်။
**May Mon Kyaw**
--

No comments:
Post a Comment