ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 27, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**အာတိတ်ရှိ ရေခဲကျွန်းပေါ်တွင် ခေတ်လွန်မြို့တစ်မြို့တည်ဆောက်ရန် ရုရှားစီစဉ်**

မြောက်ဝင်ရိုးစွန်းမှ မိုင် ၁၀၀၀ ခန့်သာဝေးသော အာတိတ်ဒေသရှိ ရေခဲကျွန်းတစ်ခုပေါ်တွင် ခေတ်လွန် မြို့တစ်မြို့ကိုတည်ဆောက်ရန် ရုရှားနိုင်ငံက စီစဉ်နေကြောင်း သိရသည်။
ဆိုဗီယက်ဝင်ရိုးစွန်း ၀က်ဝံကာတွန်း ဇာတ်ကောင်အမည်အတိုင်း Umka ဟု အမည်ပေးထားသောမြို့ကို ဆောင်းရာသီတွင် အနုတ် ၃၀ ဒီဂရီမျှ အေးသောအရပ်၌ တည်ဆောက်မည်ဖြစ်သည်။ဝင်ရိုးစွန်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရင်းမြစ်များကို တူးဖော်ရန်ကြိုးပမ်းနေ သော ရုရှားက လူ ၅၀၀၀ ခန့် နေထိုင်နိုင်မည့်မြို့တစ်မြို့ကို ၀င်ရိုးစွန်းအနီး တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။အအေးဒဏ်ကိုကာကွယ်ရန်အတွက် အလုံပိတ် အမိုးခုံးကြီးပါ ပါဝင်မည့်မြို့ကို ကိုတယ်လ်ညီကျွန်းတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ ဘီ လျံကျော် အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်သည်။
သိပ္ပံပညာရှင်များနှင့် စူးစမ်းလေ့လာရေးသမားများသာမက စစ်သားများ၊နယ်ခြားစောင့်တပ်များ၊ သူလျှိုများပါ ထားရှိဖွယ်ရှိသည်ဟု စီမံကိန်းနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက ပြောကြားခဲ့သည်။
တည်ဆောက်ဖွင့်လှစ်မည့်အချိန်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း အာတိတ်ရေခဲပြင်မှ ရင်းမြစ်များကို ပိုင်ဆိုင်မှုအငြင်းပွားနေသည့် နိုင်ငံများထဲတွင်ခြေလှမ်းဦးသည့်အနေဖြင့် အလျင်အမြန် တည်ဆောက် သွားဖွယ်ရှိနေသည်ဟု သတင်းများက ဖော်ပြသည်။
(Ref;DailyMail)

(Palestinian President Mahmoud Abbas)
**၁၁-၁၁-၁၁ တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ပါလက်စတိုင်းကြိုးပမ်းနေ**
ပါလက်စတိုင်းသံတမန်များသည် နိုဝင်ဘာလ၁၁ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်လာရေး လုံခြုံရေးကောင်စီထောက်ခံမဲရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ပါလက်စတိုင်းအကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။
ပါလက်စတိုင်းတို့၏ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို စဉ်းစားလျှက်ရှိသော လုံခြုံရေးကောင်စီ၏ကော်မတီတစ်ရပ်သည် အစီအရင်ခံစာကို ထိုနေ့တွင်ပေးပို့မည်ဖြစ်ပြီး သံအမတ်များကနောက် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆုံးဖြတ်မည်ဟု ကုလသမဂ္ဂသံတမန်များက ယခုသီတင်းပတ်အစောပိုင်းက ပြောကြားခဲ့သည်။

မည်သည့် လုံခြုံရေးကောင်စီအဖွဲ့ဝင်မဆို ပါလက်စတိုင်း၏ အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းမှုအတွက် ထောက်ခံနိုင်ပြီး အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ထောက်ခံမဲ ကိုးမဲ လိုအပ်ပြီး အမြဲတမ်းလုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်နိုင်ငံက ဗီတိုအာဏာမသုံးရန် လိုအပ်သည်။ထို့အပြင် အထွေထွေညီလာခံတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် သုံးပုံ နှစ်ပုံ၏ အတည်ပြုချက်ရယူရန် လိုအပ်သေးသည်။ အစ္စရေးမဟာမိတ် အမေရိကန်ကမူပါလက်စတိုင်း၏ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ဗီတိုအာဏာသုံးမည်ဟု ကတိပြုထားသည်။

''နိုဝင်ဘာ ၁၁ ထိ ကျွန်တော်တို့ အချိန်ရပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ထောက်ခံမဲပေးဖို့ နိုင်ငံအချို့ကို တွန်းအားပေးမှုတွေ အများကြီးလုပ်ဖို့ရှိပါတယ်''ဟု ကုလဆိုင်ရာ ပါလက်စတိုင်းသံတမန် အီဘရာဟင်ခရေရှီက အေပီသို့ ဂျီနီဗာတွင် ပြောကြားခဲ့သည်။ပါလက်စတိုင်းကို ထောက်ခံသည့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်ရှစ်ဦးရရှိထားပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီး၊ လက်ဘနွန်၊ နိုက်ဂျီးရီးယားနှင့် ဂါဘွန်တို့ဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရီးယက် မာလ်ကီက သတင်းထောက်များကို စက်တင်ဘာလနှောင်းပိုင်းက ပြောကြားခဲ့သည်။ ဘော့စနီးယားနှင့် ကိုလံဘီယာတို့ထံမှ ထောက်ခံမဲရရေးလည်း စည်းရုံးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုလံဘီယာသမ္မတဆန်းတို့စ်က အစ္စရေးတို့နှင့် ညှိနှိုင်းပြီးတည်ထောင်ထားသည့် ပါလက်စတိုင်းနိုင်ငံကိုသာ အသိအမှတ်ပြုမည်ဟု ထုတ်ပြန်သည်။
(Ref: AP)

**တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသပေးမှုများနှင့်ပတ်သက်ပြီး တရုတ်ဆရာဝန်သုံးဦးကို ဖမ်းဆီး**
တရုတ်နိုင်ငံရှိ ပုဂ္ဂလိကပိုင်ဆေးခန်းတစ်ခုတွင် တရားမ၀င်ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသပေးမှုများ ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဆရာဝန်သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံမြောက်ပိုင်း ဟီပေးပြည်နယ်၊ ပါကျိုးမြို့ရှိ ဆရာဝန်များသည် လူတစ်ဦးထံမှ ကျောက်ကပ်ကိုထုတ်ယူရန် ပြင်ဆင်ခဲ့သည်ဟူသော ရဲသတင်းပေးချက်ကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကွန်မြူနစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြား ခဲ့သည်။
အမှုကို စုံစမ်းစစ်ဆေးနေကြောင်းဟု ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။
တရုတ်နိုင်ငံတွင် အသက်ရှင်သည့် အလှူရှင်ထံမှ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ခင်ပွန်း (သို့မဟုတ်) ဇနီး၊ ဆွေမျိုးသားချင်းနှင့် မွေးစားမိသားစုဝင်များကို အစားထိုးကုသပေးမှုများ မလုပ်ရန် ၂၀၀၇ ခုနှစ်က တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနတွင် ဖော်ပြခဲ့သည်။
သို့သော်လည်း အစားထိုးကုသရန် လိုအပ်ချက်များကြောင့် တရားမ၀င် ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းချမှုများ လမ်းပွင့်လာခြင်းဖြစ်သည်။
ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် သေဆုံးပြီးနောက်ပိုင်း ခန္ဓာကိုယ်အစိတ်ပိုင်းများကို လှူဒါန်းခွင့်ရှိသည့် အစီအစဉ်တစ်ခုကို တရုတ်နိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည်။
(Ref: AFP)

Ƭнαиκƨ,

\\\ ///
/ \
| \\ // |
( | (.) (.) | )
-------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)