(Famine kills 90 more Somalis)
**မိုးခေါင်ရေရှားမှုနှင့် အငတ်ဘေးကြောင့် ၂၄ နာရီအတွင်း ဆိုမာလီပြည်သူ ၉၀ ကျော်သေဆုံး**
(မိုဂါဒစ်ရှူး၊ အောက်တိုဘာ ၁၀)
ဆိုမာလီနိုင်ငံ မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ၂၄ နာရီအတွင်းကလေးငယ် ၆၀ အပါအ၀င် လူ ၉၀ ကျော် ငတ်မွတ်သေဆုံးခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ ဆိုမာလီနိုင်ငံ၌ မိုးခေါင်ရေရှားပြီး ငတ်မွတ်ခေါင်းပါးမှုကြောင့် နိုင်ငံတောင်ပိုင်းတွင် လူပေါင်း ၄၀၀ တို့ ငတ်မွတ် ပြီး သေရမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရစဉ် လွန်ခဲ့သည့် ၂၄ နာရီအတွင်းက လူ ၉၀ ကျော်သေဆုံးခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**ပင်လယ်ဓားပြနှိမ်နင်းရေး အီရန်စစ်သင်္ဘော အေဒင်ပင်လယ်ကွေ့စေလွှတ်**
(တီဟီရန်၊ အောက်တိုဘာ ၁၀)
ဂျာမာရန်စစ်သင်္ဘောနှင့် ဘန်ဒါအဘတ်စ်အစောင့်လိုက် သင်္ဘောအပါအ၀င် အီရန်အမှတ် (၁၆) ရေတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အေဒင်ပင်လယ်ကွေ့သို့ထွက်ခွာသွားပြီဖြစ်ကြောင်း အီရန်ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဟာဘီဘိုလာဆာယာရီက အောက်တိုဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ ပင်လယ်ဓားပြများ သောင်းကျန်းသည့်ဒေသအတွင်း အီရန်ကုန်သင်္ဘောများ ဖြတ်သန်းရာ၌ လုံခြုံမှုပေးရေးအတွက် အီရန်စစ်သင်္ဘော ဂျာမာရန်သည် အေဒင်ပင်လယ်ကွေ့သို့ ဦးတည်ခုတ်မောင်းကာ နိုင်ငံတကာပင်လယ်ဓားပြနှိမ်နင်းရေးတာဝန်ကို ပထမဆုံးယူလိုက်ပြီဖြစ်ကြောင်း အင်တာနက်သတင်းတွင်ဖော်ပြသည်။ (အင်တာနက်)
**မင်မင်းဆက်ခေတ် ကြွေပန်းအိုး ဒေါ်လာ ၂၁ သန်းကျော်ဖြင့် ရောင်းချရ**
(ပေကျင်း၊ အောက်တိုဘာ ၁၀)
ဆွစ်ဇာလန် ဇူးလင်းညီအစ်ကိုများပိုင်ဆိုင်သည့် အဆိုပါကြွေပန်းအိုးကြီးကို ဟောင်ကောင်ရှေ့ဟောင်းပစ္စည်း လေလံတင်ရောင်းချရေးရုံးမှ အမည်မဖော်လိုသူ တစ်ဦးက ဖုန်ဆက်အကြောင်းကြား ၀ယ်ယူလိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။ အဆိုပါ ပန်းအိုးကြီးမှာ မင်မင်းဆက်ခေတ်က ကြွေထည်ပစ္စည်းများတွင် ကမ္ဘာ့စံချိန်တင် ဈေးအမြင့်ဆုံးရသည့်ပစ္စည်းဖြစ်ကြောင်း ဟောင်ကောင်ရှိ လေလံတင်ရောင်းချသူများက ပြောကြားသည်။ အပြာနှင့်အဖြူရောင်ရောစပ်ထားသည့် သစ်သီးပုံများပါ အဆိုပါပန်းအိုးသည် သက်တမ်းအားဖြင့် အနည်းဆုံး နှစ် ၅၀၀ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ဆွမ်ဇာလန် ဇူးလင်းညီနောင်သည် အဆိုပါပန်းအိုးကြီးကို လွန်ခဲ့သော ရာစုနှစ်နှစ်ဝက်ကျော်က တရုတ်ရှေ့ဟောင်း ကြွေတည်များ စုဆောင်းသူများထံမှ ၀ယ်ယူခဲ့သည်ဟု ဆိုသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment