**တရုတ် ရုပ်ရှင်ကားရိုက်ရတာ မင်းသ မီး ဖြစ်စကလို ခံစားရတယ်လို့ ကိုရီးယားသရုပ်ဆောင် အွန်စောဖွင့်ဟ**
(ဘူဆန်၊ အောက်တိုဘာ)
အွန်စောဟာ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားကနေ ကိုရီးယားဇာတ်လမ်းတွဲတွေ ပြသချိန်ကစလို့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူပါ။ အဲဒီတုန်းက မင်းသမီး ဆောင်ဟေဂိုဟာ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ အွန်စောအဖြစ် သရုပ်ဆောင်ခဲ့သူပါ။ ဒီဇာတ်လွမ်းတွဲဟာ မြန်မာပရိသတ်တွေကြားအလွန်လူကြိုက်များရာက ယနေ့အထိညနေ ညတိုင်းကိုရီးယားဇာတ်လမ်းတွဲတွေက အရှိန်အဟုန်ကြီးမားစွာနဲ့  တီဗွီဖန်သားပြင်ပေါ်မှာ နေရာယူခဲ့ပြီး မြန်မာပရိသတ်ကို ညုံ့ယူဖမ်းစားထားနိုင်ခဲ့ပါတယ်။ သူမဟာတရုတ်နိုင်ငံမှာ ရုပ်ရှင်ရိုက်ရတာ သရုပ်ဆောင်မင်းသမီးဖြစ်စကလိုခံစားရတယ်လို့ တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် ဆောင်ဟေဂို(Song Hye Gyo)က ပြောပါတယ်။ (အင်တာနက်)

**ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲ ၄၉ ကီလိုတန်း၌ တရုတ်မှ ရှီမင်းကျို့နိုင်ပွဲရ**
(ဘာကူ၊ အောက်တိုဘာ ၁၀)
တရုတ်လက်ဝှေ့ကျော် ရှီမင်းကျို့၏ ဘယ်၊ ညာ ပိုက်လက်သီးတွဲများနှင့် ညာဖြောင့်လက်သီးများကို တောင်ကိုရီးယားလက်ဝှေ့သမား ဂျောင်ရှင်း၊ မရှောင်တိန်းနိုင်ဘဲ အထိနာခဲ့သည်။ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရှစ် ယှဉ်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှ လက်ဝှေ့ကျော် ၅၇၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၀ိတ်တန်း ၁၀ တန်းပါဝင် ထိုးသတ်ခဲ့ကြသည်။ ၄င်းပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ယှဉ်ပြိုင်ပွဲ အမျိုးသား ၄၉ ကီလိုတန်း လက်ဝှေ့ထိုးသတ်ပွဲကို အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ အောက်တိုဘာ ၁၀ ရက် နံနက်က ဆက်လက်ကျင်းပရာ တရုတ်လက်ဝှေ့သမား ရှီမင်းကျို့က တောင်ကိုရီးယားလက်ဝှေ့သမား ဂျောင်ရှင်းအား အနိုင်ရရှိပြီး ရွှေခါးပတ်ရရှိသွားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ
့

No comments:
Post a Comment