ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 6, 2011

တကယ်လိုချင်ရင် ရမှာပါမလွဲ

>
“If you want something badly enough
you will get it.”

မင်းတစ်ခုခုကို ဆိုးဆိုးဝါးဝါး လိုချင်နေပြီဆိုရင် အဲဒါကို မင်းရမှာပါပဲ။

ဒါ မှန်ပါတယ်။ မင်းတစ်ခုခုကို အမှန်တကယ် လိုချင်ပြီဆိုရင် အဲဒါကို မင်းရပါလိမ့်မယ်။ လိုချင်တဲ့ ဆန္ဒဆိုတာ လွယ်လွယ်နဲ့ ရပ်မသွားနိုင်တဲ့ တွန်းအားတစ်မျိုးပဲလေ။

မင်းရဲ့ ရည်မှန်းချက်နဲ့ပတ်သက်လို့ စဉ်းစားကြည့်ပါဦး။
- အဲဒါကို မင်းဘယ်လောက်ထိ ဆိုးဆိုးဝါးဝါး လိုချင်သလဲ။
- အဲဒါကိုရဖို့ မင်း အနစ်နာခံနိုင်၊ အပင်ပန်းခံနိုင်မလား။
- ဘယ်လို အခြေအနေမျိုးနဲ့ကြုံရင် မင်း လက်လျှော့လိုက်မှာလဲ။

မင်း တစ်ခုခုကို အမှန်တကယ် ဆိုးဆိုးဝါးဝါး လိုချင်လို့ရှိရင် နောက်ဆုတ်ဖို့ဆိုတာကို မင်းရွေးချယ်မှာမဟုတ်ပါဘူး။ မင်းကို အကောင်းတကာ့အကောင်းဆုံးဖြစ်အောင်၊ မင်းရဲ့ စွမ်းဆောင်ရည်တွေကို မီးညှိပေးမှာက မင်းရဲ့ လိုချင်တဲ့ ဆန္ဒပါပဲ။ မီးတောက် သေးသေးလေးက အပူတွေအများကြီး မပေးနိုင်ဘူးဆိုတာတော့ မင်းသိပါတယ်။ ဒါပေမဲ့ ပိုကြီးမားတဲ့ ပိုပြင်းထန်တဲ့ မီးတောက်ကြီးကို ရဖို့အတွက်တော့ အဲဒီမီးတောက်သေးသေးကို လိုအပ်တာပါပဲ။

မီးတောက်ကြီးဆိုတာကတော့ မင်းရဲ့ စိတ်အားထက်သန် ပြင်းပြမှုပါ။ ဘယ်နေရာမျိုးမှာမဆို အကောင်းတကာ့အကောင်းဆုံးဖြစ်ဖို့ တောက်လောင်နေတဲ့ မင်းရဲ့ဆန္ဒပေါ့။
မင်းရဲ့ ဆန္ဒက ပြင်းထန်သလား မပြင်းထန်ဘူးလားဆိုတာ မသေချာဘူးဆိုရင်၊ မင်းရဲ့ ဆန္ဒကို ပိုပြီး ပြင်းထန်လာစေမယ့် နည်းလမ်းတစ်ချို့ရှိပါတယ်။

စာရွက်တစ်ရွက်ကို ယူလိုက်ပါ။ ပြီးတော့ မင်းရဲ့ ရည်မှန်းချက်ကို ဘာကြောင့်လိုချင်ရသလဲဆိုတဲ့ အကြောင်းပြချက်တွေကို ချရေးလိုက်ပါ။ မင်းစိတ်ကူးလို့ရသမျှ ကောင်းကျိုးတွေအားလုံးကို ချရေးပါ။ အကြောင်းပြချက် များများပိုရလေ၊ မင်းရဲ့ လိုချင်တဲ့ဆန္ဒက ပိုကြီးမားလာလေလေပါပဲ။

မင်းရဲ့ရည်မှန်းချက်ကရမယ့် အကျိုးရလာဒ်စာရင်းကို နံနက်ခင်းတိုင်းမှာ ဖတ်ပါ။ ဒါဆို အဲဒီရည်မှန်းချက်ဟာ တစ်နေ့ခင်းလုံး မင်းခေါင်းထဲမှာ စွဲနေပါလိမ့်မယ်။ ဒီတော့ မင်းဟာ ပိုပြီး တက်ကြွလာမယ်၊ ပိုပြီး စိတ်အားထက်သန်လာမယ်။

မင်းရဲ့ ရည်မှန်းချက်က ပိုကြီးမားလေ၊ အတားအဆီးတွေ ပင်ပန်းမှုတွေက ပိုများလေပါပဲ။ အဲဒါတွေကို မင်းကြောက်ချင်ကြောက်နေနိုင်ပါတယ်။ အဲဒီလိုအခြေအနေမျိုးအတွက် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေးတစ်ချို့ကို လက်ဆောင်ပေးချင်ပါတယ်။

( ကိုယ့် blog ဟာ နိုင်ငံရေးဘလော့ဂ်မဟုတ်ပါဘူး။ ဒါ့ကြောင့် နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ကိုယ် ရေးမှာလည်းမဟုတ်ဘူး။ မင်းရဲ့ အောင်မြင်ရေးလမ်းကြောင်းကိုသွားရာမှာ အသုံးဝင်မယ့် နည်းလမ်းတွေကိုပဲ ကိုယ်က ပြောမှာပါ)

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားက ဘာလဲဆိုတော့ -
” မကြောက်အောင်ဆိုတာ ကိုယ့်မှာ ခံယူချက်တစ်ခုရှိရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးပြင်းထန်တဲ့ စိတ်တစ်ခုကို မွေးရမယ်။
ကိုယ်ကြောက်တဲ့စိတ်ထက် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။
ဒီလို စိတ်ဓာတ်တွေမွေးမှ ရမှာပဲ ”

ဟုတ်ပါတယ်။ မင်းရဲ့ ဆန္ဒက မပြင်းထန်ဘူးဆိုရင် အခက်အခဲလေးတစ်ခုကို တွေ့တာနဲ့ မင်းကြောက်ပြီး လက်လျှော့သွားမှာပဲ။ ဒီတော့ မင်းကြောက်တဲ့စိတ်ဓာတ် ပိုပြီးတော့ လုပ်ချင်တဲ့စိတ်က များရမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေဟာ ကိုယ့်အတွက် တော်တော်လေး တွန်းအားဖြစ်ခဲ့ပါတယ်။

ကိုယ်နိဂုံးချုပ်ပါမယ်။

ဆန္ဒဟာ အောင်မြင်မှုလမ်းကြောင်းမှာရှိနေတဲ့ အတားအဆီးမှန်သမျှကို ကျော်လွှားနိုင်တယ်။
ဆန္ဒဟာ တောင်တန်းကြီးတွေကို မြေမှုန့်လေးတွေဖြစ်အောင် လုပ်ပစ်နိုင်တယ်။
မင်းရဲ့လမ်းကြောင်းမှာ ဘယ်လိုအတားအဆီးတွေပဲရှိရှိ၊ ဆန္ဒက အဲဒီအတားအဆီးတွေကို ရွှေ့ပစ်နိုင်ပါတယ်။

ကိုးကား- The Law of Desire by Arina Nikitina

**From-Hlyan Htet Oo**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)