စပိန်နိုင်ငံတောင်ပိုင်းရဲ့  El Caminito Del Rey ဆိုတဲ့တောင်ကို တက်မယ်ဆိုရင် တောင်တက်ကျွမ်းဖို့ မလိုပါဘူး ၊ အသက် ၁၂ နှစ်အထက် ဖြစ်ဖို့ နဲ့  အမြင့်ကိုမကြောက်တတ်ဖို့ ပဲ လိုပါတယ် ။ အဲ့ဒီက ရေအားလျှပ်စစ်ထုတ်လုပ်ရာ နေရာ နှစ်ခုကြားကို ဖောက်ထားတဲ့ လမ်းကတော့ အလုပ်သမားနှစ်ယောက်ပြုတ်ကျသေပြီးထဲက ပိတ်ထားခဲ့ပါတယ် ။
တရုတ်နိုင်ငံက Huashan Cliffside ဆိုတဲ့ တောင်ပတ်လမ်းလေး ကတော့ တော်တော်နာမည်ကြီးပါတယ် ။ အဲ့ဒီလမ်းတွေကို ချဲ့ တာတို့  ၊ ပြင်တာတို့ အမျိုးမျိုးထပ်မံ လုပ်ခဲ့ပေမယ့်လဲ သေတဲ့သူတော်တော်များတယ်ဆိုပါတယ် ။
တရုတ်နိုင်ငံ အရှေ့ ပိုင်းက Gulucan ကျေးရွာ က ကလေးတွေကတော့ တစ်နေ့ တစ်နေ့  အမြင့်ပေ 5000 ရှိတဲ့တောင်ရဲ့ ထိပ်မှာ ဆောက်ထားတဲ့ ကျောင်းကိုရောက်အောင် တောင်ပတ်လမ်းကနေသွားကြရတယ် ။
ပြင်သစ်နိုင်ငံက Roche Veyrand တောင်ကို တတ်ဖို့ အရမ်းကို ကြမ်းတမ်းခတ်ခဲတဲ့ ပေမယ့် သံကြိုးတွေနဲ့ သွယ်ပြီး ပတ်လမ်းလေးလုပ်ထားတယ် ။
ပျိုပျိုအိုအို အကုန်တတ်လို့ ရတာကတော့ Switzerland က Ebenalp Path တောင်ပတ်လမ်းလေး ပဲဖြစ်ပါတယ် ။
ဒါကလဲ တရုတ်ပြည်ကပါပဲ Yueyang တောင် လမ်းပါ ။ အလုပ်သမားတွေအတွက် ဘာကြိုးမှမပါပေမယ့် စိတ်ငြိမ်ဖို့ တော့လိုပါမယ်။
Ireland မှာ တောင်တက်စက်ဘီးနင်းရရင်တော့ မတော်ရင် အတ္တလန္တိတ် သမုဒ္ဒရာထဲကိုကျဖို့ ရှိပါတယ် ။
**From-YuShweYiTun **

No comments:
Post a Comment