ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 29, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**အိုဟိုင်းယိုးပြည်နယ်တွင် တိရစ္ဆာန်မွေးမြူသူတစ်ဦးက ကျားနှင့်ခြင်္သေ့ အကောင် ၃၀ ကျော်အပါအ၀င် တိရစ္ဆာန်အမြောက်အမြားကို လွှတ်ပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့**
အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်ရှိ ဇိန်းဗီးလ်မြို့အနီးတွင် တိရစ္ဆာန်မွေးမြူသူတစ်ဦးက ကျားနှင့် ခြင်္သေ့အကောင် ၃၀ ကျော် အပါအ၀င် တိရစ္ဆာန်အမြောက်အမြားကို လွှတ်ပေးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့ရာ အန္တရာယ်ရှိသော အခြေအနေ ဖြစ်သွားခဲ့ခြင်းကြောင့် ရဲများက အင်အားကြီးသည့်တိရစ္ဆာန် အမြောက်အမြားကို ပစ်သတ်ခဲ့ရကြောင်းသိရသည်။
အောက်တိုဘာလ ၁၈ ရက်နေ့က တယ်ရီသွမ်ပဆင်န်ဆိုသူသည် မည့်သည့်အတွက်ကြောင့် ယင်းသို့ ဆောင်ရွက်ခဲ့သည်ဆိုခြင်းကိုမူ ရဲများက မသိရသေးပေ။
လွတ်လာသော တိရစ္ဆာန်များကို မေ့ဆေးသေနတ်ဖြင့် အရှင်မဖမ်းခဲ့ခြင်းမှာ မေ့သွားလျှင်ပင် ညမှောင်ချိန် မဖမ်းမိသေးမီ ပြန်သတိရပြီးလွတ်သွားနိုင်သောကြောင့် ဟု ရဲများက ထုတ်ပြန်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်သတ်သေသွား သူသွမ်ပဆင်န်သည် သူ့ခြံတွင်းမှ တိရစ္ဆာန်များ လွတ်လွတ်သွားခြင်းကြောင့် အိမ်နီးချင်းများနှင့် မကြာခဏ ကတောက်ကဆဖြစ်ခဲ့ဖူးပြီး မှတ်ပုံမတင်ဘဲ သေနတ်ကိုင်ဆောင်မှုအတွက် ထောင်ကျဖူးသူဖြစ်သည်။
(Ref:AP)

**ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှု အကျပ်အတည်း ဖြေရှင်းနိုင်ရန် ရုံးပိတ်ရက်များ တရားဝင် ကြေငြာခဲ့**

ဘန်ကောက်၊ အောက်တိုဘာလ (၂၈) ရက်နေ့။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ရေကြီးမှုကြောင့် ရုံးပိတ်ရက် (၃)ရက် သတ်မှတ်ကြောင်း အင်္ဂါနေ့က တရားဝင် ကြေငြာချက် ထုတ်ခဲ့ပါတယ်။ ဘန်ကောက်မြို့နဲ့ အခြားနေရာများမှာ ရှိတဲ့ အဓိက မြစ်ဒီရေ မြင့်တက်လာနိုင်ကြောင်းနဲ့ မြို့အတွင်းသို့ ရေလွှမ်းမိုးမှု အဖြည်းဖြည်း ပိုမို ဆိုးရွားလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ မြို့တော် အတွင်းနဲ့ အခြားပြည်နယ် (၂၀)တို့တွင် ငါးရက်ကြာ ရေကြီးမှုများကြောင့် ကျောင်းများ၊ စီးပွားရေး လုပ်ငန်းများနဲ့ အစိုးရရုံးများ တနင်္လာနေ့ နောက်ပိုင်း ကြာသပတေးနေ့နဲ့ သောကြာနေ့များတွင် ပိတ်လိမ့်မယ်လို့လည်း သိရပါတယ်။

“အောက်တိုဘာလ (၂၇)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပိတ်ရက်များအဖြစ် သတ်မှတ်ကြောင်း” ဘန်ကောက်မြို့တွင် ရေကြီးမှု အရှိန်မြင့်တက်လာမှုကို ဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပြီးနောက် ရေလွှမ်းမိုးမှု ကယ်ဆယ်ရေးဌာန (FROC)ရဲ့ အကြီးအကဲပါရာ ခါပရွမ်နော့(ဂ်ျ)မှ ပြောကြားခဲ့ပါတယ်။

ဘဏ္ဍာရေး ဈေးကွက်ပိတ်ဖို့၊ မပိတ်ဖို့ကို ဆုံးဖြတ်မယ်လို့လည်း ဗဟိုဘဏ်မှ ပြောကြားပါတယ်။
ဘန်ကောက် အုပ်ချုပ်ရေး အဖွဲ့ဆု(ခ်)ဟမ်(ဘ်)ဟန်းပါရီဘာတရာမှ ခါအိုပါရာရာ မြစ်တလျှောက် နေထိုင်သူ ဒေသခံများကို တနင်္လာနေ့တွင် ရေမျက်နှာပြင် အမြင့်(၂.၃၀)မီတာထိ မြင့်တက်နိုင်တဲ့ အတွက် တီဗွီမှ အပြည့်အဝ သတိပေး တပ်လှန့် ကြေညာခဲ့ပါတယ်။အကယ်၍ ရေလွှမ်းမိုးမှုဟာ ယခု အခြေအတိုင်း ဆက်လက် ရှိနေဦးမည် ဆိုပါက ဒီတပတ် အကုန်မှာ မြစ်ရေ မျက်နှာပြင် အမြင့် (၂.၆၀)မီတာအထိ ရောက်ပြီး၊ ပျမ်းမျှ စိုးရိမ်ရေမှတ်ဖြစ်တဲ့ (၂.၅၀)မီတာအထက်ထိ မြင့်တက်သွားနိုင်ကြောင်း ပြောကြားသွားပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်လက်(ခ်)နဲ့ အစိုးရ အဖွဲ့များဟာ မြို့လယ် မြောက်ဘက်ရှိ ဒေါင်းမောင့်လေဆိပ်တွင် တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ ဒေါင်းမောင့် လေဆိပ်တွင် ကယ်ဆယ်ရေး စခန်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းဌာနချုပ် ထားရှိပြီး ခိုလှုံစရာ နေရာ ၂ ဆ တိုးထားခဲ့ပါတယ်။ သို့သော် အဆိုပါ လေဆိပ် လမ်းပတ်ပတ်လည်ကို ရေတား သစ်လုံးများနဲ့ တားဆီးထားကြောင်း သိရပါတယ်။
အဆိုပါ နေရာဟာ ခရီးသွားလာဖို့ အခက်အခဲ ရှိနေတဲ့အတွက် ဒုက္ခသည်တွေ ပြောင်းရွှေ့ဖို့ စိုးရိမ်ပူပန်နေရကြောင်း ယင်းလက်(ခ်)မှ ဆက်လက်ပြောပြီး၊ အဆိုပါ လေဆိပ်၌ (FROC)အဖွဲ့များတော့ ကျန်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတွင် ရေကြီးမှု တဖြည်းဖြည်း အရှိန်မြင့်တက်ခဲ့ရာ လွန်ခဲ့သော (၃)လ မိုးသည်းထန်စွာ ရွာပြီးနောက် ယခု အချိန်အထိ လူပေါင်း (၁၂)သန်း ကူးစက်ရောဂါများ ခံစားခဲ့ရကြောင်းနဲ့ လူ(၃၆၀) ကျော် သေဆုံးပြီး၊ အိမ်ထောင်စုနဲ့ အိမ်ခြေပေါင်း သန်းနှင့်ချီပြီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရပါတယ်။
(Source- Xinhua)

**လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀) က ကြယ်ပေါက်ကွဲခဲ့ရတဲ့ လျို့ဝှက်ချက်ကို ဖြေရှင်းနိုင်တော့မည်**
ဦးဦး မှော်ဆရာ 2.png
မှတ်တမ်းဝင် ပထမဆုံး ဆူပါနိုဗာကြယ် စူးရှတောက်ပစွာ ပေါက်ကွဲခဲ့ခြင်း၌ ယင်းကြယ်ဘာကြောင့် ကြီးထွားမှု အလွန်မြန်ဆန်ပြီး အရွယ်အစား အလွန့်အလွန် ကြီးမားရသလဲဆိုတဲ့ မေးခွန်းဟာ နက္ခတ်တာရာ ပညာရှင်များ အတွက် ရာစုနှစ်တွေနဲ့ချီပြီး ကြာခဲ့တဲ့ ပဟေဋ္ဌိ ဖြစ်ခဲ့ရပါတယ်။ ယခုအခါမှာ ယင်းပဟေဋ္ဌိကို အမေရိကန် သုတေသီတွေက ဖြေရှင်းခဲ့ပါပြီ။ဆူပါနိုဗာကြယ် ပေါက်ကွဲမှုကြီးကို အေဒီ ၁၈၅ မှာ လေ့လာတွေ့ရှိခဲ့ပြီး တရုတ်နက္ခတ်တာရာ ပညာရှင်တွေက လျို့ဝှက်ဆန်းကြယ်တဲ့ “ဧည့်ကြယ်” အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ အဆိုပါကြယ်ကို ရှစ်လကြာအောင် မြင်တွေ့နိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက ဆူပါနိုဗာကြယ်ကို အလင်းနှစ် ၈,၀၀၀ အကွာအဝေး၌ နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆူပါနိုဗာကြယ် အကြွင်းအကျန်ဟာ မျှော်မှန်းထားတာ ထက်ပိုပြီးကြီးနေခဲ့တာ တွေ့ရပါတယ်။ ယင်းထံမှ အနီအောက်ရောင်ခြည် ထုတ်လွှတ်လျှင် လူသားတို့ရဲ့ သာမန် မျက်စိနဲ့ မြင်နိုင်တယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယင်းကြယ်ဟာ ကောင်းကင်မှာ လပြည့်လတစ်စင်းလောက်ကို ကြီးမားစွာ ပေါ်ထွက်ခဲ့လိမ့်မယ်လို့ ဆိုပါတယ်။
အာကာသ မှန်ပြောင်းကြီးတွေနဲ့ လေ့လာကြည့်ရှုခဲ့တဲ့ သုတေသီတွေရဲ့ နောက်ဆုံး လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ ကြယ်ရုပ်ကြွင်းများ လျင်မြန်စွာ သွားလာလို့ရတဲ့ အာကာသ ဟောင်းလောင်းပေါက်တစ်ခု အတွင်း ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေ့လာတွေ့ရှိမှု ရလဒ်ကို တနင်္လာ (အောက်တိုဘာ၂၄) နေ့က အွန်လိုင်း Astrophysical Journal မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ နီးပါးလောက်က ပေါက်ကွဲခဲ့တဲ့ ဆူပါနိုဗာကြယ်ကြီးဟာ မိမိတို့ မျှော်မှန်းထားတာထက် ၂ ဆ ကနေ ၃ ဆ လောက်အထိ ပိုပြီးကြီးမားမယ်လို့ မြောက်ကာရိုလိုင်းနား ပြည်နယ် တက္ကသိုလ်မှ ဘရိုင်ယန်ဝီလျံက ပြောကြားပါတယ်။ ယင်းကြယ်ကြီး ပေါက်ကွဲခဲ့ရတဲ့ အကြောင်းရင်းကို နောက်ဆုံးမှာ မိမိတို့ အတိအကျ သိနိုင်တော့မယ်လို့လည်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
(Source- Xinhua)

**တိုကျိုမြောက်ဘက်ရှိ နျူကလီးယားစက်ရုံမှ ရေဒီယိုသတ္တိကြွရေများ စိမ့်ထွက်**

တိုကျို၊ အောက်တိုဘာ (၂၇)ရက်။ ။ ဂျပန်နိုင်ငံ အိဘာရခိခရိုင်မှ တိုကိုင်နံပါတ်(၂) နျုကလီးယားစွမ်းအင် စက်ရုံမှ ရေဒီယိုတ္တိကြွ ပစ္စည်းများ ပါဝင်တဲ့ ရေများ စိမ့်ထွက်နေတယ်လို့ အစိုးရနျုကလီးယားနဲ့ စက်ရုံလုံခြုံရေး အေဂျင်စီက ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။ အဆိုပါစက်ရုံ ဂျပန်နိုင်ငံ မြောက်ဘက်တွင် တည်ရှိပြီး ဂျပန်နိုင်ငံ အလိုအလျောက် စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီပိုင် စက်ရုံဖြစ်ပြီး အဆိုပါစက်ရုံမှ ရေဒီယိုသတ္တိကြွ ပစ္စည်းများ ပါဝင်တဲ့ ရေ (၆၄)တန် စိမ့်ယို ထွက်ကျနေတယ်လို့ ဆိုပါတယ်။ အဆိုပါ စက်ရုံမှ အလုပ်သမားတွေဟာ ရေလှောင်ကန်မှ ဝက်အူရစ် မှားယွင်းစွာ လျော့လိုက်မိတဲ့အတွက် အဆိုပါရေများ စိမ့်ထွက်လာပြီး အလုပ်သမား (၄)ယောက်ဟာ ရေပက်ဖျန်းခြင်း ခံခဲ့ရသော်လည်း အလုပ်သမားများကို အန္တရာယ် မကျရောက်ခဲ့ဘူးလို့ သိရပါတယ်။
(Ref; Xinhua)

**အတွင်း တိမ်ကြောင့် မျက်စိ ကွယ်ခြင်းကို ကာကွယ်ပေးရန် ကမ္ဘာ့ ပထမဆုံး ဆေးဝါး လာပြီ**
အတွင်းတိမ်ကြောင့် မျက်စိကွယ်ခြင်းကို အကာအကွယ်ပေးနိုင်မည့် ကမ္ဘာ့ပထမဦးဆုံး ဆေးဝါးကို အောင်မြင်စွာ ဖန်တီးခဲ့ကြောင်း သြစတြေးလျ သိပ္ပံပညာရှင်တို့က ထုတ်ဖော် ပြောဆိုခဲ့သည်ဟု သိရသည်။ အတွင်းတိမ်မှာ Calpain ဟု သိထားသော ပရိုတင်းသည် တိမ်အဖြစ် မျက်စိ မှန်ဘီလူးကို ဖုံးကွယ်ကာ အမြင်အာရုံကို ပျက်စီးစေခြင်း ဖြစ်သည်။ ထို Calpain ပရိုတင်းသည် အသက်အရွယ် ကြီးရင့်ခြင်း အပါအဝင် အခြားသော အကြောင်းများကြောင့်လည်း ဖြစ်ပွားနိုင်သည်ဟု သိရသည်။ လက်ရှိအချိန်တွင် အတွင်းတိမ် ကုသမှုနည်းမှာ မှန်ဘီလူးကို ဖုံးကွယ်နေသော တိမ်အား ခွဲစိတ်ဖယ်ရှားကာ ဖန်တီးထားသော မှန်ဘီလူးအတုကို အစားထိုး ကုသခြင်း ဖြစ်သည်။သြစတြေးလျ သိပ္ပံပညာရှင်တို့ ဖန်တီးထားသော အတွင်းတိမ် ကုသသည့် ဆေးဝါးမှာမူ အတွင်းတိမ်ကို ခွဲစိတ်ရန် မလိုဘဲ တိမ်များကို ဆုတ်ယုတ် လျော့နည်းစေကြောင်း သိရသည်။ သိပ္ပံပညာရှင်တို့၏ ဆေးဝါးသစ်သည် မျက်စိတစ်ရှူး အတွင်းရှိ Calpain ပရိုတင်းကို ပစ်မှတ်ထား ချေဖျက်မည့် Calpain Therapeutics နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုထားခြင်း ဖြစ်သည်ဟု သိရသည်။ ကနဦး စမ်းသပ်မှုတွင် ထိရောက်ကြောင်း တွေ့ရှိရသော်လည်း လူသားတို့နှင့် စမ်းသပ်ရသေးခြင်း မရှိဟု ဆိုသည်။ ဆေးဝါးပုံစံမှာ အရည် သို့မဟုတ် ခရင်မ်အနှစ် ပုံစံမျိုး ဖြစ်ပြီး ညအိပ်ရာ မဝင်မီ မျက်စိထဲသို့ ထည့်ပေးခြင်းဖြင့် ကုသခြင်း ဖြစ်သည်ဟု သိရသည်။ သိပ္ပံပညာရှင် အဖွဲ့ခေါင်းဆောင် ပါမောက္ခ အင်ဒရူးအေဘယ်၏ အဆိုအရ ဆေးဝါးအား The Advertiser ဟု အမည်ပေးထားပြီး ထိုဆေးက အတွင်းတိမ်ကြီးထွားမှုကို သိသိသာသာ နှေးကွေးစေမည်ဖြစ်ပြီး ခွဲစိတ်ကုသရန် လိုအပ်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

--
Ƭнαиκƨ,

**ဦးဦး မှော်ဆရာ** \\\ ///
/ \
| \\ // |
( | (.) (.) | )
-------------o00o-- (_)--o00o---------------
======ஜ۩۞۩ஜ=======
◄██▓░ Ѧя Ƨσяcɛяɛя ░▓██►

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)