ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 12, 2011

ကြက်ဥပြုတ်များနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ

>
ကျွန်တော့်အဖေက စာများများဖတ်တဲ့ စွယ်စုံ ပါရမီရှင်ကြီးတစ်ယောက်ပါပဲ။ သိသမျှကိုလည်း မငြီးမညူ သင်ကြားပေးလေ့ရှိတယ်။ ကျွန်တော့်ကို ပါရမီရှင်တစ်ယောက်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် လက်သပ်မွေးကာ သင်ကြားပေးခဲ့ပါတယ်။

ကျွန်တော့်ကို စာပေသင်တယ်။ သူအကြိုက်ဆုံးစာအုပ်က `တန်မင်းဆက်ကာလရဲ့ ကဗျာသုံးရာ´ ပါပဲ။ အဲဒီကဗျာတွေကို ဒေါက်ကနဲ ဒေါက်ကနဲ အလွတ်ရွတ်ပြနိုင်တဲ့အထိ သူကျွန်တော့်ကို ညှင်းပမ်းသင်ကြားပေးပါတယ်။ အခြားစာအုပ်သစ် တစ်အုပ်တစ်လေကို ကျွန်တော် စမ်းဖတ်ကြည့်တဲ့အခါတိုင်းမှာလည်း သူ ဒေါသပုန်ထတတ်တယ်။ ပြီးရင် အာဘောင်အာရင်းသန်သန်နဲ့ မိန့်ခွန်းရှည်ကြီး ဟောတော့တာပါပဲ။ `တန်ကဗျာသုံးရာကို မင်း ကျွမ်းကျင်နေပြီများ မှတ်နေလား။ အဲဒီကဗျာတွေရဲ့ ဆန်းကြယ်မှုတွေ၊ ကာရံတွေ၊ ဆန့်ကျင်ဘက်စကားလုံး တွဲဆက်မှုတွေ၊ စကားလုံးရွေးချယ်မှုတွေ၊ စိတ်ကူးအံဝင်ခွင်ကျ ဖြစ်မတွေ၊ ကဗျာနိမိတ်ပုံတွေ၊ အတွေးနယ်ခွင်တွေ၊ အဓိပ္ပာယ်တွေရဲ့ အရိပ်လွှမ်းမိုးမှုတွေ အိုး.. အများကြီး…အများကြီး…. အဲဒါတွေကို ညီညွတ်အောင် မင်း ပေါင်းစပ်နိုင်ပြီလား..။ အသုံးချနိုင်ပြီလား။ မင်းရဲ့ ကဗျာတွေဟာ လီဘိုင်း၊ တုဖူး၊ မင်ဟောင်းရန်၊ ၀မ်ဝေ၊ လီရှန်ကျင်းနဲ့ တုမုတို့ရဲ့ကဗျာတွေထက်များ ကောင်းနေလို့လား။ မင်းရဲ့ ကဗျာစွမ်းရည်က အဲဒီ ကဗျာသူတော်စင်တွေ၊ ကဗျာစုန်းတွေထက် သာလွန်နေပြီလား။ တန်ကဗျာဟာ ခေတ်နောက်ကျသွားပြီလို့များ မင်းထင်နေသလား´။
သူက ကျွန်တော့်ကို သီချင်းလည်း သင်ပေးတယ်။ သူ့အကြိုက်ဆုံးသီချင်းက `သိုးကျောင်းနေတဲ့ ဆုဝု´ ဆိုတဲ့ သီချင်း။ အခြားသီချင်းတစ်ပုဒ်တစ်လေကို ကျွန်တော် ကျက်ပြီဆိုတာနဲ့ ဒေါသတစ်ကြီးမေးခွန်းထုတ်တာ ခံရတော့တာပါပဲ။ `သိုးကျောင်းနေတဲ့ ဆုဝု´ ကို မင်းကောင်းကောင်းဆိုတတ်ပြီဆိုတဲ့ သဘောလား။ ဒါဆို ပညာရှင်တစ်ယောက်လို မင်းဆိုနိုင်ပြီလား။ အဲဒီသီချင်းတွေအတွက် အမှတ် (၁၁၀) လောက် မင်းရနိုင်မယ်ပေါ့လေ။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကိုလည်း ကျွန်တော့်ကို သင်ပေးခဲ့သဗျ။ ရေဒီယိုကလာတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအစီအစဉ် နံပါတ် (၁) ဆိုပါတော့။ အခြားနံပါတ်စဉ်တွေကို ကျွန်တော် လေ့လာချင်တယ်လို့ပြောမိတိုင်း အဖေက သိပ်ဆွဲဆောင်မှုရှိပြီး ယုတ္တိကျတဲ့ မေးခွန်းတွေ မေးတော့တာပါပဲ။

`ပထမဆုံး လေ့ကျင့်ခန်းတွေကို မင်း သေသေချာချာ လုံလုံလောက်လောက် လေ့ကျင့်ပြီးပြီလား။ မင်း ဒီထက်ပိုတိုးတက်အောင်၊ ပုံစံကျအောင် လုပ်စရာမလိုတော့ဘူးလား။ မင်းလို ဂျပုလေးအတွက် ဒီနံပါတ် (၁) လေ့ကျင့်ခန်းတွေက အကောင်းဆုံးမဟုတ်ဘူးလား။ ကဲ.. ပြော..။
အဖေက ကျွန်တော့်ကို ကြက်ဥပြုတ်တွေ ကျွေးပါတယ်။

ကြက်ဥကြော်တို့၊ ကြက်ဥပြုတ်တို့ရော ပြောင်းစားလို့မရဘူးလားလို့ ကျွန်တော်က မေးမိတာပေါ့။ ဒါဆို သူ ကျွန်တော့်ကိုအော်ပြီး.. `အော်… ကြက်ဥပြုတ်ကို မင်းစားစရာ မလိုတော့ဘူးပေါ့။ ကြက်ဥပြုတ်က ကယ်လိုရီ၊ ပရိုတိန်း၊ ဗိုက်တာမင်အေနဲ့ စီတို့ ပေးတယ်ကွ။ ကြက်ဥကို စွန့်လွှတ်မယ်လို့ မင်း ဘယ်တော့မှ မပြောနဲ့……´
အဖေက သိပ်အပြောကောင်းတာပဲ။ အခုဆို ကျွန်တော်ဟာ စာအုပ်ဆိုရင် `တန်မင်းဆက်ကာလ ကဗျာသုံးရာ´ ကိုပဲ ဖတ်တယ်။ သီချင်းဆိုရင် `သိုးကျောင်းနေတဲ့ ဆုဝု´ကိုပဲ ဆိုတယ်။ နံပါတ် (၁) ကိုယ်လက်လှုပ်ရှား အစီအစဉ်ကိုပဲ လုပ်ဆောင်သလို အစားအစာ တစ်မျိုးတည်းကိုပဲ စားတယ်။ ကြက်ဥပြုတ် ဆိုပါတော့။

Posted by တေဇာ (လရောင်လမ်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)