ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 12, 2011

လူထုကျန်းမာရေး (၀မ်းရောဂါ)

> (၀မ်းရောဂါပိုး)

**Public Health**

လေထုထဲမှာ ဖုန်မှုန့်တွေ ပျံ့လွင့်ပေါများနေတဲ့ နွေရာသီမှာ သန့်စင်အောင် ဆေးမထားတဲ့ လက်တွေနဲ့ ဖန်တီးထားတဲ့ အစားအသောက်တွေ ကနေ တစ်ဆင့် ကြောက်စရာ ကူးစက်ပျံ့ပွားတတ်တဲ့ ၀မ်းရောဂါဟာ အိပ်မက်ဆိုး တစ်ခုပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ နှစ်စဉ်နှစ်တိုင်း တစ်နှစ်စီအတွင်း ၀မ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၃ သန်းကနေ ၅ သန်းလောက်အထိကို ရှိနေကြပြီး အဲဒီအထဲကမှ လူ တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းလောက် ၀မ်းရောဂါနဲ့ သေဆုံးကုန်ကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုပါတယ်။
ဝမ်းရောဂါဆိုတာ ကုသခံယူမှု မရရင် ကိုယ်ထဲက အရည်ဓာတ်တွေ၊ ဓာတ်ဆားတွေ ဆုံးရှုံးကာ သွေးပေါင်ချိန်တွေ အရမ်းကျ၊ သတိလစ်ပြီး နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်တဲ့ ၀မ်းလျောဝမ်းပျက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ကလေးငယ်တွေ၊ အာဟာရ ပြည့်အောင် မစားနိုင်သူတွေ၊ ကိုယ်ခံအား ကျဆင်းနေသူတွေမှာ ဖြစ်ရင် ပိုဆိုးရွားစွာ အန္တရာယ် ရှိပါတယ်။ ဒီလို ၀မ်းရောဂါဟာ သေနိုင်လောက်အောင် ပြင်းထန်သလို ကူးစက်ပျံ့နှံ့နှုန်း မြန်လွန်းပြီး ကပ်ရောဂါအသွင်အထိ ဖြစ်နိုင်ပေမယ့် ကုသရ ခက်တဲ့ ရောဂါ တစ်ခုတော့ မဟုတ်ပါဘူး။ ၀မ်းရောဂါ ဖြစ်သမျှ လူတိုင်းရဲ့ ၈၀% လောက်ကို ဓာတ်ဆားရည် ဖြည့်တင်းပေးခြင်း တစ်ခုတည်းနဲ့ အောင်မြင်စွာ ကုသကယ်တင်နိုင်ပါတယ်။

**၀မ်းရောဂါ ဆိုတာ ဘာလဲ**
ပုံမှန် ၀မ်းလျှော ၀မ်းပျက်ခြင်းကို WHO ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ လူတစ်ဦးတစ်ယောက်ဟာ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်း သုံးကြိမ်နဲ့ အထက် သွားခြင်းကို ၀မ်းလျောဝမ်းပျက်ခြင်းလို့ သတ်မှတ်ပါတယ်။ တစ်ချိန်က ကပ်ရောဂါ အသွင် ဆောင်ခဲ့လို့ ကာလ၀မ်းရောဂါ လို့ ခေါ်ခဲ့ဖူးကြတဲ့ ၀မ်းရောဂါကျတော့ ၀မ်းသွားရင်း သွားရင်းနဲ့ လုံးဝ အရည်တွေပဲ သွားတော့ပြီး လူက သိသိသာသာ အားကုန် ပျော့ခွေသွားခြင်းဟာ တခြား ၀မ်းပျက်ရောဂါတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အချက် ဖြစ်ပါတယ်။
**၀မ်းရောဂါ၏ ဆိုးရွားသော သမိုင်းနောက်ခံများ**
၁၉ ရာစုတုန်းက အိန္ဒိယနိုင်ငံ Ganges မြစ်ဝကျွန်းပေါ် ဒေသကနေ စတင်ကာ ကမ္ဘာနဲ့ချီပြီး ကပ်ရောဂါအသွင် ဆောင်တဲ့ ၀မ်းရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးပါတယ်။ ကမ္ဘာ့ တိုက်ကြီးများ အားလုံးမှာ တပြိုင်နက်နီးပါး ၀မ်းရောဂါကပ် ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေ ရှိပါတယ်။

ခုနစ်ကြိမ်မြောက် ၀မ်းရောဂါကပ်ဟာ ၁၉၆၁ ခုနှစ်က အာရှတိုက်တောင်ပိုင်းမှာ စတင် ဖြစ်ပွား ခဲ့ပြီး တစစနဲ့ အကင်းမသေဘဲ ကြီးထွားပျံ့ပွားလာကာ ၁၉၇၁ ခုနှစ်မှာ အာဖရိကတိုက်၊ ၁၉၉၁ ခုနှစ်မှာ အမေရိကတိုက်များ သို့ပါ ရောက်ရှိကူးစက်သွားခဲ့ဖူးလို့ အထူးသတိထားစရာ ရောဂါဆိုးတစ်မျိုးပါပဲ။ ယနေ့ကမ္ဘာပေါ်မှာ ၀မ်းရောဂါဖြစ်ပွားနှုန်း လျော့နည်းသွားပြီလို့ အကြမ်းဖျဉ်း ဆိုနိုင်ပေမယ့် လူနေမှုစနစ် နိမ့်ကျတဲ့ နေရာဒေသများမှာ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အနေအထား ရှိနေဆဲပါပဲ။

**ဘာကြောင့် ၀မ်းရောဂါ ဖြစ်ရတာလဲ**
ဝမ်းရောဂါဟာ သိပ္ပံအမည်အားဖြင့် Vibrio cholerae လို့ ခေါ်တဲ့ ၀မ်းရောဂါပိုး ကူးစက်ခံရမှုကြောင့် ဖြစ်ပွားရတာ ဖြစ်ပြီး မသန့်ရှင်းတဲ့ အစားအသောက်၊ သောက်သုံးရေ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့် အဓိက ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီပိုးဟာ အဆိုပါ နည်းလမ်းတွေနဲ့ လူ့ကိုယ်ထဲကို ၀င်ရောက်ပြီးရင် ရောဂါပေါ်ဖို့ အများဆုံး ၃ ရက်ကနေ ၅ ရက်လောက်အထိ ကြာတတ်ပေမယ့် ကူးစက်ခံရသူရဲ့ ကိုယ်ခံအားကို လိုက်ပြီး နှစ်နာရီအတွင်းတောင်စဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း လူဦးရေ အများကြီးကို ကူးစက်နိုင်တာ ဖြစ်ပါတယ်။

ဒါတောင် ဒီပိုး ကိုယ်ထဲရောက်ခံရတဲ့ လူလေးဦးမှာ သုံးဦးဟာ ရောဂါလက္ခဏာ မပေါ်ဘဲ သူတို့ရဲ့ မစင်ကနေတစ်ဆင့် ရောဂါပိုးတွေ ပျံ့နှံ့စေနိုင်တာမျိုးပဲ ဖြစ်စေလို့ တော်သေးတာပေါ့ ပြောရမလားပဲ။
ဒါပေမဲ့ အများသုံး ရေထွက်ပင်ရင်းထဲ မစင်စွန့်တဲ့ အလေ့အထ ရှိတဲ့(ဥပမာ မြစ်ချောင်းအင်းအိုင် များထဲ အိမ်သာလှည့်ဆောက်ထားတဲ့) အရပ်ဒေသများမှာ ကျတော့ ဒီအချက်ကြောင့် လူပေါင်းများစွာ ပိုမိုလျင်မြန်စွာ ကူးစက်ခံရတတ်တာ တွေ့ရပါတယ်။

**ရောဂါလက္ခဏာတွေက ဘာတွေလဲ **
အပေါ်မှာပြောခဲ့သလို လူတစ်ဦးတစ်ယောက်ဟာ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်း သုံးကြိမ်နဲ့ အထက် သွားမယ်၊ အရည်ဝမ်း သွားတဲ့ အကြိမ်အရေအတွက် အရမ်းစိပ်လာမယ်ဆိုရင် ၀မ်းရောဂါ ဖြစ်နေပြီလို့ သေချာပေါက် ပြောနိုင်ပါပြီ။ ၀မ်းသွားတော့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့ အတွက် ကြွက်သားတွေ အားနည်းခြင်း (အထူးသဖြင့် လမ်းလျှောက်ရာတွင် နုံးခွေသွားခြင်းက သိသာသည်)၊ မျက်လုံးအမြင် အာရုံများေ၀၀ါးခြင်း၊ ခေါင်းမူးခြင်း၊ ရံဖန်ရံခါ အော့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
အရည်တွေ အများကြီး အချိန်တိုအတွင်းမှာ ဆုံးရှုံးသွားတဲ့ အတွက် သွေးပေါင် အရမ်းကျသွားပြီး ခေါင်းမူးတာ၊ အမြင်တွေ ၀ါးကုန်တာ၊ အရမ်းဆိုးရင် မူးလဲ သတိလစ်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေမှာ အရည်ဓာတ် ဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေ ပိုမို မြန်ဆန်ပြင်းထန်တာ တွေ့ရပါတယ်။ အရည်နဲ့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့ အနေအထားဟာ သတိလစ် မေ့မျောခြင်း၊ တက်ခြင်း၊ တစ်ခဏချင်း သိသိသာသာ ပိန်ကျသွားခြင်း၊ မျက်တွင်းကျခြင်း၊ ငယ်ထိပ် မပိတ်သေးတဲ့ ကလေးငယ်တွေမှာ ငယ်ထိပ် ချိုင့်ကျသွားခြင်း၊ မှိန်းသွားခြင်း၊ ဗိုက်ကြွက်သားကို လက်ညှိုးလက်မနှင့် ညှပ်၍ ဒေါင်လိုက်ဆွဲကြည့်ပါက တင်းတင်းရင်းရင်း မရှိတော့ဘဲ ပါးရေတွန့်သကဲ့သို့ ရှုံ့တွဲနေခြင်း စတာတွေနဲ့ တွဲဖက် ဖြစ်ပေါ်လာရင် လူနာဟာ ပြင်းထန်လွန်းသော ကိုယ်တွင်း အရည်ဓာတ် ဆုံးရှုံးမှု (Severe Dehydration) သို့ ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ အထူးစိုးရိမ်ရတဲ့ အနေအထားမှာ ရှိလို့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး မဖြစ်မနေ သွားရောက်သင့်ပါပြီ။
အိမ်မှာ နေတဲ့ အချိန်နဲ့ သွားမယ့် လမ်းမှာ လူနာကို ဓာတ်ဆားရည် ၀င်သမျှ တိုက်ကျွေးပေးဖို့ လုံးဝမမေ့ပါနဲ့။ ၀မ်းရောဂါ ဖြစ်ပွားသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ သေချာပေါက် Severe Dehydration ကြုံရတတ်လေ့ရှိပြီး အာဟာရ ချို့တဲ့သူ၊ အခြား ကိုယ်ခံအားကျစေသော ရောဂါကြီး တစ်ခုခု (ဥပမာ HIV, TB စသဖြင့်) ရှိသူတွေနဲ့ အသက် ကြီးလွန်း ငယ်လွန်းသူတွေဟာ ဖြစ်ဖို့ ပိုနီးစပ်တာ တွေ့ရှိရပါတယ်။

**ဘယ်လို ကုသမလဲ **
ဝမ်းရောဂါဟာ တကယ်ဖြစ်လာရင် ကြောက်စရာ ကောင်းပေမယ့် ကုသရ လွယ်ကူတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်မှာတော့ ကုဖို့ မလွယ်ပါဘူး။ ကုန်ဆုံးသွားတဲ့ အရည်တွေနဲ့ ဓာတ်ဆားတွေ ပြန်ဖြည့်ရမယ့် အမြန်နှုန်းဟာ ပါးစပ်ကနေ တိုက်ရင် မမီနိုင်ဘဲ အကြောကနေတစ်ဆင့် သွင်းပေးဖို့ မဖြစ်မနေ လိုအပ်လို့ ၀မ်းရောဂါမှန်း သေချာပြီ ဆိုတာနဲ့ လူနာကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ဒေသန္တရ ကျန်းမာရေး ဌာန စတာတွေကို အမြန်ဆုံး ပို့ဆောင်ပေးရပါမယ်။ ဒါမှသာ လူနာဟာ အသက်ချမ်းသာရာ ရဖို့ စိတ်ချရမှာပါ။
အဲဒီ နေရာတွေနဲ့ အရမ်းဝေးတယ် ဆိုရင်လည်း နေအိမ်မှာ၊ သွားနေတုန်း လမ်းမှာ မဖြစ်မနေ အရည်များများ တစ်ချိန်လုံး တိုက်သွားဖို့ လိုအပ်ပါတယ်။ ကဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေနဲ့ ဂက်စ်ပါဝင်တဲ့ အအေးတွေကလွဲလို့ အာဟာရ ပြည့်ဝစေတဲ့ အရည်ဆိုရင် ဘာအရည်မဆို သင့်တော်ပါတယ်။ ဆေးရုံနဲ့ ဒေသန္တရ ကျန်းမာရေး ဌာနတွေမှာ UNICEF နဲ့ အခြား အဖွဲ့အစည်းတွေက ဖြန့်ဝေထားတဲ့ ဓာတ်ဆားထုပ်တွေ ရရှိနိုင်ပြီး လိုအပ်တဲ့ ကုသလမ်းညွှန်မှုကိုပါ ရရှိနိုင်မှာပါ။

ဝမ်းရောဂါအတွက် ပုံမှန်မှာ ပဋိဇီဝ ပိုးသတ်ဆေး မပေးပေမယ့် အရမ်းဝေဒနာပြင်းထန်သူတွေ ကျတော့ သောက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အူလမ်းကြောင်း ပုံမှန် ပြန်လည်ကောင်းမွန်ဖို့ ဖောလစ်အက်ဆစ် ဆေးပြားနဲ့ Zinc ဓာတ်ဖြည့် ဆေးပြား မှီဝဲပေးဖို့လည်း လိုအပ်ပါတယ်။ သေချာစနစ်တကျသာ ကုသမယ်ဆိုရင် ၀မ်းရောဂါဟာ အဖိတ်အစင် မရှိသလောက် နည်းအောင် ကုလို့ ရပါတယ်။ ပတ်ဝန်းကျင်က လူတွေအများကြီး ၀မ်းရောဂါ ဖြစ်လာတာ တွေ့ရရင် ဘာလုပ်မလဲ ၀မ်းရောဂါ ရုတ်တရက် ပျံ့နှံ့မှု (Cholera Outbreak) ဖြစ်လာပြီဆိုရင် မိမိ ကုသမှု ခံယူရရေး မြန်မြန်လုပ်သင့်သလို သက်ဆိုင်ရာ ကျန်းမာရေး ဌာနကို မဖြစ်မနေ အကြောင်းကြားရပါမယ်။

ပြင်ပဆေးခန်းတစ်ခုခုမှာ လူတွေ အစုလိုက်အပြုံလိုက် ၀မ်းရောဂါနဲ့ လာပြကြတယ် ဆိုရင်လည်း ဆေးခန်းရဲ့ ဆရာဝန်က အကြောင်းကြားဖို့ တာဝန်ရှိပါတယ်။ ပြည်သူတွေ အားလုံးကို သိစေချင်တာက ၀မ်းရောဂါဟာ ကိုယ့်ဟာကိုယ် အိမ်ထဲမှာ ကြိတ်ကုလို့ မလွယ်တဲ့ ရောဂါမျိုးပါ။ ဒါ့အပြင် မိမိတစ်အိမ်တည်း မဟုတ်ဘဲ ပတ်ဝန်းကျင် အိမ်တချို့မှာပါ ဖြစ်လာပြီဆိုရင် တာဝန်သိ ပြည်သူတစ်ယောက် အနေနဲ့ သက်ဆိုင်ရာ မြို့နယ်/ကျေးရွာ ကျန်းမာရေးဌာနကို မဖြစ်မနေ အသိပေး အကြောင်းကြား ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန်မီ စနစ်တကျ မတားဆီးရင် ၀မ်းရောဂါဟာ အချိန်တိုအတွင်း ကပ်ရောဂါ အသွင် ဆောင်သွားနိုင်တဲ့၊ အစိုးရရဲ့ ကျန်းမာရေးဌာန အဆင့်ဆင့်ကနေ လိုအပ်ရင် နိုင်ငံအချင်းချင်းပါ အကြောင်းကြားသင့်ရင် ကြားရမယ့် ရောဂါများထဲက တစ်ခု (One of The Notifiable Diseases) ဖြစ်နေလို့ပါပဲ။

တကယ် ဖြစ်လာတဲ့ အချိန်မှာ ရောဂါ ဖြစ်နေတဲ့ သူတွေကို အချိန်မီ ကုသအသက်ကယ်တဲ့ အလုပ်နဲ့ ရောဂါမပြန့်ရေး အတွက် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ထမ်းများနဲ့ အကူအညီ ပေးဖို့ ရောက်လာတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက လုပ်ကြပါလိမ့်မယ်။ ဒီနေရာမှာ လိုအပ်တာ တစ်ခုက လူတွေအားလုံး သောက်သုံးနေတဲ့ ရေထွက်ပင်ရင်းမှာ ၀မ်းရောဂါပိုး ရှိမရှိ စစ်ဆေးပြီး ရှိနေရင် ပိုးသန့်စင်ဖို့၊ ရေသန့်တွေ လုံလောက်စွာ ဖြန့်ဝေဖို့၊ ရောဂါဆက်မပျံ့ဖို့ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး၊ နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပညာရေး လုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။
လူတွေ အစုလိုက်အပြုံလိုက် ဖြစ်တဲ့ ၀မ်းရောဂါဟာ မြို့ပြဒေသရဲ့ ကျူးကျော်ရပ်ကွက်များ၊ ဆင်ခြေဖုံးလူနေမှုနိမ့်ရာ အပိုင်းများမှာ အများဆုံး ဖြစ်လေ့ရှိပြီး မသန့်ရှင်းတဲ့ နေရာတွေမှာ နေတဲ့ လူဦးရေ မြင့်တက်လာတဲ့ နှုန်းအတိုင်း နှစ်စဉ်ဝမ်းရောဂါ ဖြစ်နှုန်းတွေပါ အပြိုင် မြင့်တက်လာတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ စာရင်းဇယားဂရပ်ဖ်တွေ အရ သိရပါတယ်။

ယနေ့ကမ္ဘာကြီးမှာ နည်းပညာကြောင့် လူနေမှုစနစ်တွေ၊ စီးပွားရေးတွေ မြင့်တက်လာတယ် ဆိုပေမယ့် နိမ့်ကျတဲ့ လူနေမှုအနေအထားမှာ အဓိက ဖြစ်တတ်တဲ့ ၀မ်းရောဂါ ဖြစ်ပွားမှုတွေကတော့ လျော့ကျမသွားဘဲ ကမ္ဘာ့လူဦးရေနဲ့ အပြိုင် တိုးတက်လာလျက် ရှိနေတယ်လို့ WHO က ထုတ်ဖော်ပြောဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ အတွင်း ကထက်စာရင် ၀မ်းရောဂါ ဖြစ်ပွားမှုဟာ ၂၀၀၄-၂၀၀၈ ကာလအတွင်းမှာ ၂၄% တောင် တိုးတက်လာပါသတဲ့။ ၂၀၀၈ ခုနှစ် တစ်နှစ်တည်းမှာကိုပဲ ၅၆ နိုင်ငံမှာ ၀မ်းရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ကြပြီး စာရင်းရှိတင်ပဲ လူပေါင်း ၅၁၄၃ သေဆုံးစေခဲ့ပါတယ်။

ဒါဟာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ခြင်း (Sanctions) ခံရသောနိုင်ငံများ၊ စာရင်းကောက်ယူရန် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသော ဒေသများက စာရင်းတွေ မပါသေးပါဘူး။ တကယ်တမ်းကျတော့ ကမ္ဘာကြီးပေါ်မှာ တစ်နှစ်ကို ၀မ်းရောဂါကြောင့် သေဆုံးသူဦးရေ နှစ်စဉ် ပျမ်းမျှ တစ်သိန်းကနေ တစ်သိန်းနှစ်သောင်း ရှိပါတယ်လို့ WHO ရဲ့ စာရင်းဇယားများ အရ သိရပါတယ်။ ဒါကြောင့် ဒီလိုနေရာဒေသတွေရဲ့ သန့်ရှင်းတဲ့ ရေရရှိမှု၊ လူနေမှု အဆင့်အတန်းနဲ့ ကျန်းမာရေး အသိ မြင့်တက်လာဖို့ မဖြစ်မနေ လိုအပ်လျက်ရှိပါတယ်။ ဒါ့အပြင် မုန်တိုင်း၊ငလျင် စတဲ့ သဘာဝဘေးအန္တရာယ် တွေရဲ့ နောက်ကနေ အဖော်အပေါင်းအဖြစ် ပါလာတတ်လို့ ဒီအချိန်မျိုး တွေမှာလည်း အထူးသတိထား ကာကွယ် ဆောင်ရွက်ပေးရပါမယ်။

**ဘယ်လို ကာကွယ်ရမလဲ **
လူတစ်ဦးတစ်ယောက်ချင်းစီ အတွက်ကနေ ပတ်ဝန်းကျင် တစ်ခုလုံးစာအတွက် ကာကွယ်နည်းတွေ သန့်ရှင်းတဲ့ သောက်သုံးရေကို ပုံမှန်ရရှိနိုင်အောင် ဆောင်ရွက်ရပါမယ်။ လိုအပ်ရင် ရေကို ကျိုချက် အအေးခံပြီး သောက်ရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး အထူးသဖြင့် အစားအသောက်တွေ ပြင်ဆင်ချိန် စားသောက်ချိန်မှာ လက်သန့်ရှင်းရေး အထူး အလေးထားရပါမယ်။ ယင်နားစာနဲ့ ဖုန်မှုန့်တွေ ၀င်နိုင်တဲ့ အစာတွေ မစားပါနဲ့။ အိမ်ထဲက အစားအစာတွေကိုလည်း ယင်မနားအောင် ကာကွယ်နိုင်ရပါမယ်။ ယင်လုံအိမ်သာ သုံးပါ။

အိမ်သာတက်ပြီးတိုင်း၊ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ ဆေးတဲ့ အကျင့်ကို မွေးမြူပါ။ အစစအရာရာ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ဒီလိုလုပ်လို့ ငွေဘယ်လောက်မှ ပိုကုန်တာလဲ မဟုတ်၊ အလုပ်ပိုရှုပ်တာလဲ မဟုတ်ပါဘူး။ မိသားစုကျန်းမာရေးအတွက် လူကြီးမိဘများက စလို့ ကလေးတွေကို အခြေခံ ကျန်းမာရေး အသိတွေ သင်ကြားပေးပါ။ ကိုယ်တိုင် လိုက်နာပြပါ။ ရပ်ရွာအလိုက် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြပါ။
လူနေမှု စနစ်နဲ့ ကျန်းမာရေး အသိနိမ့်လို့ ရောဂါတွေ ဖြစ်လာနိုင်သလို ဒီလို ရောဂါတွေ ဖြစ်လာလို့ တိုင်းပြည်ထူထောင်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်တွေ လျော့ကျသလို ရေရှည်မှာ တိုင်းပြည်ဘဏ္ဍာ ပိုမို ထိခိုက်ကုန်လို့ တစ်ဖန် ပြန်ပြီး တိုင်းပြည်နိမ့်ကျ ထိခိုက်မှု သံသရာလည်နေတာကို ရောဂါများကြောင့် နှစ်ဆတိုးစေသော ၀န်ထုပ်ဝန်ပိုး (Double Burden of Diseases) လို့ခေါ်ပါတယ်။ ယနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်ကို ကူးပြောင်းနေကြပြီ ဖြစ်တဲ့ နိုင်ငံများဟာ အမျိုးသား ကျန်းမာရေး ပညာရေး၊ စီးပွားရေးနဲ့ တန်းတူ အထူးအလေးထား မြှင့်တင်ကာ ၀န်ထုပ်ဝန်ပိုးနှစ်ဆ မဖြစ်အောင် ပါးနပ်စွာ ရှောင်ရှားသွားနိုင်တာ အတုယူစရာပါပဲ။

**၀မ်းရောဂါအတွက် ကာကွယ်ဆေး ရှိလား **
ရှိပါတယ်။ တကယ်ဝမ်းရောဂါ အသည်းအသန် ဖြစ်နေတဲ့ ဒေသတွေမှာ ကပ်ရောဂါအဖြစ် ပျံ့ပွားမသွားရေး တားဆီးရန် WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး နှစ်မျိုးကို တိုက်ကျွေးနိုင်ပေမယ့် ပုံမှန်မှာ လူတိုင်းစေ့ တိုက်ကျွေးနိုင်ဖို့ မလွယ်ပါဘူး။ Dukoral နဲ့ Shanchol ဆိုတဲ့ ကာကွယ်ဆေးနှစ်မျိုးဟာ နှစ်ကြိမ် တိုက်ကျွေးလိုက်ရင် ၀မ်းရောဂါကနေ ၈၅-၉၀% လောက် အကာအကွယ် ပေးနိုင်ပေမယ့် ဒီကာကွယ် ဆေးတွေကို ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆိုတဲ့ လူနေမှု စနစ် မြှင့်တင်ရေးတွေလောက် မထိရောက်၊ စိတ်မချရတာ တွေ့ရပါတယ်။ ဒါကြောင့် mmDailyNews ပရိသတ်များနဲ့ မြန်မာပြည်သူများ အနေဖြင့် အစာ၊ရေ၊ ပတ်ဝန်းကျင်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးများဖြင့် နွေရာသီဝမ်းရောဂါ ဖြစ်ပွားတတ်မှုကို ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

**မီးပြတိုက်**

(၀မ်းရောဂါပိုး)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)