ရပ်ကွက် တခုမှာ ၂ လုံးထီ ထိုးတာ ၀ါသနာပါတဲ့ မိန်းမကြီး ၁ ယောက် ရှိတယ်။တနေ့ တော့ လမ်းလျှောက်ထွက်ရင်း ညောင်ပင်အောက်မှာ ၁ပိုင်း၁ စ ထွက်နေတဲ့ အရုပ်လေး၁ ခု ကို သွားတွေ့ တယ် .. အချွန်တွေအတက်တွေနဲ့  ဆို တော့ နတ်ရုပ်လို့ ထင်တာပေါ့..အဲဒါ နဲ့  အဲ့မိန်းမကြီးက အဲဒီ အရုပ်ကို အိမ်ယူသွား...ရေတွေဘာတွေ သေချာဆေးပီး ပူဇော်ထားလိုက်တယ် ...ည ကျတော့ အဲဒီ အရုပ်က အိမ်မက်ပေးပါရော....ဘယ် ဂဏန်းကို ထိုးဆိုပီးတော့ ပေါ့..မိန်းမကြီးလည်းမယုံမရဲ နဲ့  ထိုးလိုက်တာ ကွက်တိကို ပေါက်ရော..သူက အရင်ကလည်း နည်းနည်းပါးပါးပေါက်ဖူးတာဆိုတော့ မသိသလို ပဲ...ဒါပေမယ့် နောက်နေ့ ညကျတော့ အရုပ်က ထက် အိမ်မက်ပေးပါရော. သူလည်း မနေ့ ကထက်တော့ နည်းနည်းပို ထိုးလိုက်မယ်ဆိုပီးထိုးလိုက်တာ ထက်ပေါ့က်ပါလေရော.. အဲလို နဲ့  ၁ ပတ် လောက် အိမ်မက်ရတိုင်းနည်းနည်းခြင်းဆီ ပိုထိုးလာလိုက်တာ..နေ့  တိုင်းပေါက်တော့ လောဘတက်လာရော.. အဲဒါနဲ့  ဒီ ၁ ခါတော့ ခပ်များများတင်လိုက်မယ်ဆိုပီးတွေးထားတာပေါ့.
အဲဒါနဲ့  အိမ်မက်လဲ ရရော ပိုက်ဆံ ခပ်များများနဲ့  ပုံထိုးလိုက်တယ်..ဒါပေမယ့် မပေါက်ဖူးး)...မိန်းမကြီးက.. အော်. တစ်ခါတစ်လေ လွဲတာဖြစ်မှာပါဆိုပြီး... နောက်နေ့ ထက်ထိုးတယ် နတ်ရုပ်ပေးတဲ့  ဂဏန်းကို ... ၂ ဆ ပိုပီးတော့လေ..ဒါပေမယ့် ထက်လွဲတယ်...အဲလိုနဲ့  လွဲလိုက် ပိုထိုးလိုက်...နဲ့  မိန်းမကြီးမှာ ရှိသမျှ ရွှေငွေ အိမ်သုံးပစ္စည်းလေးတွေ တက်တက် ပြောင်လာတယ်....နောက်ဆုံးတော့ နေစရာအိမ်လေး၁ လုံးပဲကျန်တယ်...း)..အဲဒါ နဲ့ ဒီနတ်ရုပ် စုတ်ကြောင့် .သွားလေရော့လဟယ်....ဆိုပီး ထင်းခုတ် ဓားနဲ့ တစ်စဆိ ဖြစ်အောင် ခုတ် ပီး မီးပုံ ရှို့ လိုက်တယ်..အဲဒီညမှာပဲ နတ်ရုပ်က အိမ်မက်ထဲ ရောက်လာတယ်....နတ်ကြီးက ကျိတ်မနိုင်ခဲမရမျက်နှာကြီးနဲ့ ပေါ့.....စကား၁ခွန်းပြောပြီး ပျောက်သွားတယ်.....ဘာလဲဆိုတော့... " ငါ အရင်ပြာဖြစ်ဦးလို့ ပေါ့ဟာတဲ့ ..နို့ မို့  ဆို နင် ဖာဖြစ်ပီ " တဲ့ .... :)...
**လွမ်းနေသူ**

No comments:
Post a Comment