(ဗန်ကောက်၊ အောက်တိုဘာ ၂၆)
ဒွန်မောင်းလေဆိပ်၏ မြောက်ဘက်လေယာဉ်ပြေးလမ်းပေါ်တွင် ရေများလွှမ်းနေပြီး လေဆိပ်၏မိုးကြိုးဒဏ် ကာကွယ်ရေးစနစ်များလည်း ထိခိုက်ပျက်စီးလျက်ရှိကြောင်း၊ ယို့ကြောင့် ဒွန်းမောင်းလေဆိပ်ကို အောက်တိုဘာ
၂၅ ရက်ည ၇ နာရီမှစတင်ကာပိတ်ထားလိုက်ပြီဖြစ်ကြောင်း ၄င်းသတင်း၌ ဖော်ပြသည်။ နော့ခ်အဲလေကြောင်း
လိုင်းနှင့် အခြားလေကြောင်းတစ်ခုတို့က နိုဝင်ဘာ ၁ ရက်အထိလေကြောင်းခရီးစဉ်များပျံသန်းဆင်းသက်နိုင်မည်
မဟုတ်ကြောင်း ပြောကြားသည်။ သို့သော် ဒွန်မောင်းလေဆိပ်မှ လေယာဉ်အားလုံးကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြောင်းရွှေ့ဆင်းသက်ပျံသန်းနိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် အောရင့်ထိုင်းအဲလိုင်း၊ လောကော့အဲလိုင်းအပါအ၀င် အခြားလေကြောင်းလိုင်းများမှ လေယာဉ်များဆင်းသက်ပျံသန်းမှုကို အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီမှစတင်ကာ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း ၄င်းသတင်း၌
ဖော်ပြသည်။ (အင်တာနက်)
**မက္ကဆီကိုနိုင်ငံ၌ ဘတ်စ်ကားမှောက်မှုကြောင့် ၁၀ ဦးသေဆုံး**
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော်အနီး အောက်တိုဘာ ၂၄ ရက်က ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်
ပွားပြီး လျှိုမြောင်တစ်ခုအတွင်းသို့ ကျသွားခဲ့ရာအနည်းဆုံး ၁၀ ဦးသေဆုံးပြီး ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။ အဆိုပါ မတော်တဆဖြစ်ပွားမှုသည်။
ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်က မက္ကဆီကိုစီးတီးမြို့၏ အစွန်အဖျားဒေသ၌ ယင်းဘတ်စ်
ကားမောင်းသူ အရှိန်လွန်မောင်းနှင်မှုကြောင့် တိမ်းမှောက်ကာ အနက် ၁၅ မီတာရှိလျှိုမြောင်တစ်ခုအတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများမှာ အမျိုးသမီးသုံးဦးနှင့် အမျိုးသားခုနစ်ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားသည်။ ဒဏ်ရာရသူအချို့မှာ ပြင်းထန်မှုကြောင့် ဆေးရုံ၌အရေးပေါ် အခြေအနေ တင်ပို့ထား
ရသည်။ (အင်တာနက်)
**တူရကီနိုင်ငံသို့ တောင်ကိုရီးယားကယ်ဆယ်ရေးလုပ်သားများပို့မည်**
မြေငလျင်ဒဏ်ခံရသည့် တူရကီနိုင်ငံသို့ ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ၀င်ရောက်ကူညီရန် တောင်ကိုရီးယားနိုင်ငံက ကယ်ဆယ်ရေးလုပ်သားငါးဥိးစေလွှတ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာများက
အောက်တိုဘာ ၂၅ ရက်တွင် ကြေညာသည်။တူရကီအစိုးရနှင့်တိုင်ပင်ကာကယ်ဆယ်ရေးပစ္စည်းများလည်း
ပေးပို့ရန် တောင်ကိုရီးယားအစိုးရက စီစဉ်လျက်ရှိသည်ဟု သိရသည်။ (အင်တာနက်)
**ရုရှားခရီးသည်တင်လေယာဉ် မီးခိုးများထွက်သဖြင့် အရေးပေါ်ဆင်းသက်**
အဲဘတ်စ်အေ - ၃၂၀ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဝေဟင်၌ ပျံသန်းနေစဉ် လေယာဉ်မှ မီးခိုးများ
ထွက်ရှိလာသဖြင့် ရုရှားနိုင်ငံ ယူရယ်တောင်တန်းဒေသရှိလေဆိပ်တစ်ခုသို့ အောက်တိုဘာ ၂၅ ရက်က အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။ ၄င်းလေယာဉ်သည် လူဖ်သန်ဆာလေ
ကြောင်းလိုင်မှ လေယာဉ်တစ်စင်းဖြစ်ပြီး ရုရှားနိုင်ငံ ယီတာကာရင်ဘတ်မြို့မှ ဂျာမနီနိုင်ငံဖရန့်ဖွတ်မြို့သို့
ပျံသန်းလာစဉ် လေယာဉ်မှူး ထိုင်ခံအောက်မှ မီးခိုးများထွက်ရှိလာသဖြင့် လေဆိပ်သို့ အရေးပေါ်ဆင်း
သက်ခဲ့ရခြင်းဖြစ်သည်။ (အင်တာနက်)
**အီရန်ရဲများလေ့ကျင့်ရေးအစီအစဉ်အမေရိကန်ငွေကြေးဖြုန်းတီးရာရောက်**
(၀ါရှင်တန်၊ အောက်တိုဘာ ၂၆)
အမေရိကန်အစိုးရ၏ ထိုအစီအစဉ်အတွက် ခွင့်ပြုလိုက်သည့် ငွေကြေး၏ ၁၂ ရာခိုင်နှုန်းသာ အီရတ်ရဲတပ်ဖွဲ့ဝင်များလေ့ကျင့်သင်တန်းပေးရေးကိစ္စကို တိုက်ရိုက်သုံးစွဲမည်ဖြစ်ပြီး ကျန်ငွေများကို
ဖြုန်းတီးရာရောက်ကြောင်း အစီအရင်ခံစား၌ ဖော်ပြပါရှိသည်။ ထိုအစီအစဉ်အကောင်အထည်
ဖော်ရန် အမေရိကန်နိုင်ငံခြားရေးဌာန၏ ဆောင်ရွက်မှုမှာ ထိရောက်မှုမရှိ ဖြုန်းတီးရာရောက်သည်
ဟု ဆိုသည်။(အင်တာနက်)
**စုစည်းဘာသာပြန် - တင်မောင်လွင်**
**ဗန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ရေလွှမ်းမှုကြောင့် ပိတ်ထားလိုက်ရ**

No comments:
Post a Comment