ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 31, 2011

ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ

>
(အောက်တိုဘာ ၃၁ရက်၊ ၂၀၁၁)
င်လယ်ဒီရေမြင့်တက်လာတဲ့အတွက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ ကျောက်ဖရားမြစ်ရေဟာ ပင်လယ်ရေမျက် နှာပြင်ထက်အမြင့် ၂.၅ မီတာထိ မြင့်တက်လာမယ်လို့ ခန့်မှန်းရတယ်လို့ ရေတပ်ဌာနရဲ့ရေအခြေအနေပြဦးစီးဌာန က တနင်္လာနေ့က ပြောပါတယ်။ မနက် ၄ နာရီခွဲမှာ ရေအမြင့်က ၁.၅၃ မီတာရှိပါတယ်။ ၃ နာရီ ၂၃ မီးနစ်တုန်းက ဒီရေကျ သွားပြီး ရေကလည်း ၂.၂ မီတာထိ ကျလာပါတယ်။ ဒါပေမဲ့ နောက်တခါပြန်တက်လာမှာဖြစ်ပြီး မနက် ၇ နာရီ ၅၃ မီးနစ် မှာတော့ ၂.၃ မီတာထိ ရောက်နေပြီလို့ အဲဒီဌာနက ပြောပါတယ်။(နေ့သစ်)
(ဘန်ကောက်ပို့စ်)
(အောက်တိုဘာ ၃၀ရက်၊ ၂၀၁၁)
ဖြစ်ရပ် ၁။ ။ ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် ဘန်ကောက်မြို့တော်အနေနဲ့ နောက်ထပ် ဘယ်လို ပျက်စီးဆုံးရှုံးမှုကိုမဆို ကာကွယ်တားဆီးနိုင်လိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ဒီကနေ့ အကောင်းမြင် ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့ တော်က ရေမြောင်းတချို့ ရေပြည့်ရေလျှံ ဖြစ်နေချိန်မှာပဲ ၀န်ကြီးချုပ်ယင်းလပ်က ဒီအရေးမှာ ထိုင်းနိုင်ငံသားတွေအနေနဲ့ အစိုးရရဲ့ ကိုင်တွင်ဖြေရှင်းနိုင်မှု အရည်အချင်းအပေါ် ယုံကြည်မှုရှိကြဖို့ ပြောဆိုလိုက်ပါတယ်။စနေနေ့က ဘန်ကောက်ရဲ့ မြောက်ဘက်ရပ်ကွက်တွေနဲ့ ပတ်ဝန်းကျင်ကျေးလက်ဒေသတွေ သုံးပုံတစ်ပုံဟာ ရေအောက်မှာ နစ်မြှုပ်နေကြပါတယ်။ ထိုင်းပင်လယ်ကွေ့က ရေလှိုင်းကြီးတွေက ဘန်ကောက်မြို့ထဲက ကျောက်ဖယားမြစ်ထဲကို ရေတွေအလုံးအရင်းနဲ့ ရိုက်တင်နေတာကြောင့် ကျောက်ဖယားမြစ်ကမ်းဒေသ တ၀ိုက်မှာ တနင်္လာနေ့အထိ ရေတွေတင်နေဦးမှာ ဖြစ်ပါတယ်။ဘန်ကောက်မြို့လယ်က အဆောက်အဦးတွေမှာတော့ သဲအိတ်တွေ ပတ်ပတ်လည်ကာရံထားကြပေမဲ့ ဘန်ကောက်ရဲ့ အထင်ကရ ဘုရင့်နန်းတော်တ၀ိုက်နဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်ရာနေရာတွေမှာ လျှံတက်လာတဲ့ ကျောက်ဖယားမြစ်ရေတွေ ရောက်ရှိနေပါပြီ။(VOA)

ဖြစ်ရပ်၂။ ။ မြန်မာအစိုးရ စစ်တပ်တွေ ထိုးစစ်ဆင်နေမှုကြောင့် စစ်ဘေးဒဏ်ကနေ တိမ်းရှောင်နေရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေကို မလေးရှား နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်းတွေကနေ အလှူငွေကောက်ခံပြီး ကူညီ ထောက်ပံ့ပေးနေပြီးလို့ ကချင်တိုင်းရင်းသား အကူညီပေးရေး အဖွဲကကြီးကြပ်သူ ဘရမ်မိုင်က ပြောပါတယ်။ကျွန်တော်တို့ ဒီကချင်ပြည်နယ်မှာ ဒုက္ခအများကြီးရောက်နေတာကိုး။ တတ်နိုင်သလောက် ကျွန်တော်တို့ ဒီကနေပို့ပေးပါတယ်။ စုပေါင်းကူညီပါတယ်။ ဒီမလေးမှာရှိတဲ့တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးပါဘဲ။ အဖွဲ့အစည်းပိုင်းလဲသွားတယ်။ တချို့ကလဲဒီ တစ်ဦးချင်းဆီပေါ့နော် စုပြီးမှကျွန်တော်တို့ပို့ပေးတယ်ပေါ့။ ငွေကြေးအပိုင်းကတော့ တချို့ကလဲပုဂ္ဂိုလ်ရေးအရ တချို့ကလဲအဖွဲ့အစည်းက နေစုပေါင်းထည့်ဝင်ကြပါတယ်။ အခုဆိုရင်ကျွန်တော်တို့တဖွဲ့တင် မလေးရှားရင်းဂစ်သုံးသောင်းကျော် ကူညီထားပြီးပြီ။မလေးရှားနိုင်ငံရောက် ချင်းအဖွဲ့အစည်းတွေကတော့ ဘာသာရေးအဖွဲ့အစည်းတွေကနေ ဦးဆောင် အလှူငွေကောက်ခံပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကိုကူညီနေတယ်လို့ ချင်းဒုက္ခသည်ကော်မီတီတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။( ရွှေဟင်္သာ သတင်းဌာန)

(အောက်တိုဘာ ၂၉ရက်၊ ၂၀၁၁)

ရေကြီးနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထဲကနေ လူတွေအစုလိုက် အပြုံလိုက် ဘေးလွတ်ရာ ပြောင်းရွှေ့နေကြချိန်မှာပဲ ကြီးနေတဲ့ရေတွေ မကြာခင်မှာ ပြန်ကျသွားပါလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် (YinLuck Shinawatra) က ပြောလိုက်ပါတယ်။ ကြီးနေတဲ့ ရေမျက်နှာပြင်ဟာ အမြင့်ဆုံးကိုရောက်နေပြီး ရှေ့သီတင်းပတ်ထဲမှာ ရေပြန်ကျပါလိမ့်မယ်လို့ ဝန်ကြီးချုပ်ယင်းလပ် က နိုင်ငံတော်ကို အပတ်စဉ်ပြောတဲ့ မိန့်ခွန်းထဲမှာ ပြောကြားထားတာပါ။တချိန်တည်းမှာပဲ ဘန်ကောက်မြို့တော်ထဲမှာ နေထိုင်ကြသူတွေဟာ ရေဘေးလွတ်ရာ သွားနိုင်ကြဖို့ လေဆိပ်မှာစုပြုံနေကြသလို ရထားဂိတ်တွေ၊ ကားဂိတ်တွေမှာလည်း လူတွေ အပြည့်ဖြစ်နေပါတယ်။ အစိုးရက ရုံးပိတ်ရက် ၅ ရက် သတ်မှတ်ထားတဲ့အတွက် တချို့ကလည်း ကိုယ်တိုင်ကားမောင်းပြီး ဘန်ကောက်မြို့ထဲကနေ ထွက်ခွာနိုင်ဖို့ ကြိုးစားနေကြပါတယ်။ကုန်းမြင့်ပိုင်းဖြစ်တဲ့ တောင်ပိုင်းဒေသတွေဘက်ကို အများအပြား သွားနေကြတာ ဖြစ်ပါတယ်။ လူတွေ သေဆုံးရတဲ့အထိဖြစ်နေတဲ့ ရေကြီးမှုကို အမေရိကန် ရဟတ်ယာဉ် ၂ စင်း သုံးပြီး ဆန်းစစ်နိုင်ဖို့ ထိုင်းနိုင်ငံအတွက် အဓိကကျတဲ့ဆိပ်ကမ်းမှာ အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို ဆက်ပြီးနေပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုထားတယ်လို့ ပင်တဂွန် (Pentagon) စစ်ဌာနချုပ်က ပြောပါတယ်။(VOA)

(အောက်တိုဘာ ၂၈ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရေတွေ တဖြည်းဖြည်း ဆက်တက်လာနေတာနဲ့အမျှ လူပေါင်း ထောင်သောင်းချီပြီး မြို့ကနေ ထွက်ခွာနေကြပါတယ်။ ဘန်ကောက်မြို့ခံတွေ လေကြောင်းကနေသာမက ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ မြို့ကနေထွက်ခွာဖို့ ကြိုးစားနေကြသလို ကားတွေနဲ့လည်း မြို့ကနေ ထွက်ခွာနေကြတာပါ။ ဘေးလွတ်ရာအဖြစ် တောင်ပိုင်းဒေသက အမြင့်ပိုင်းကို ထွက်ခွာသူတွေလည်း ရှိပါတယ်။ကျောက်ဖယားမြစ်က တက်လာတဲ့ရေတွေဟာ ကမ်းစပ်ကနေ တဖြည်းဖြည်း လျှံတက်လာရာက ဘန်ကောက်မြို့က အထင်ကရ ဘုရင့်နန်းတော်ထဲမှာဆိုရင်လည်း ရေတွေဟာ ခြေကျင်းဝတ်လောက်အထိ ရှိနေပါပြီ။ နောက်ထပ်ရေတွေ ထပ်တက်လာမှာကိုလည်း အစိုးရတာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ မြစ်ကမ်းပါးကနေ လျှံလာတဲ့ရေတွေကို ထိန်းချုပ်နိုင်ဖို့အတွက်လည်း အာဏာပိုင်တွေက ကြိုးစားနေကြတာပါ။ရေလွှမ်းမိုးမှုတွေဟာ ၂ လလောက်အထိ ကြာနိုင်တယ်လို့ မြို့ခံတွေကို သတိပေးထားတဲ့အကြောင်းကိုလည်း ကာကွယ်ရေးဝန်ကြီး ယူထာဆတ် ဆာဆီပရာပါ (Yutthasak Sasiprapa) က သတင်းထောက်တွေကို ပြောပါတယ်။ အစိုးရအနေနဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေပေမဲ့ အခြေအနေမှန်ကို မြို့ခံတွေ လက်ခံဖို့လိုတယ်လို့လည်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။(VOA)

(အောက်တိုဘာ ၂၇ရက်၊ ၂၀၁၁)
န်ကောက်သားတွေဟာ ရေဘေးဒဏ် စိတ်မချရလို့ ဟွာဟင်းနဲ့ပတ္ထရားဆီကို အစုလိုက်အပြုံလိုက် ပြေးနေကြလို့ အဲဒီ နေရာတွေက ဈေးသက် သာတဲ့ဟိုတယ်တွေ၊ တည်းခိုခန်းတွေလည်း ပြည့်သိပ်နေကြပါပြီ။ “ပြီးခဲ့တဲ့အပတ်ကတည်းက ဟိုတယ်တွေ တိုက်ခန်းတွေအတွက် ကြိုတင်ငှားရမ်းမှုတွေ အရမ်းမြင့်တက်လာခဲ့ပါတယ်” လို့ ဟိုတယ်ပိုင်ရှင် တဦးက ပြောပါတယ်။ ပြည်ပကလာနေသူတချို့က သူတို့တိုင်းပြည်ကို ပြန်ဖို့ ဆုံးဖြတ်ထားကြပြီး တချို့ကတော့ ပတ္ထရားကို ရွေ့ ပြောင်းနေကြပါတယ်။ ကုမ္ပဏီအများအပြားဟာ သူတို့ဝန်ထမ်းတွေအတွက် သူတို့ရုံးနားက ဟိုတယ်ခန်းတွေမှာ ငှားထား ကြပါတယ်။(နေ့သစ်)
(ဘန်ကောက်ပို့စ်)
(အောက်တိုဘာ ၂ ၆ ရက်၊ ၂၀၁၁)

ကျောက်ဖယားမြစ်ထဲကရေတွေ ကာထားတဲ့ တမံတွေကို ကျော်ပြီး ဘန်ကောက်မြို့တော်ထဲ ၀င်မလာနိုင်အောင် ထိုင်းအာဏာပိုင်တွေ အစွမ်းကုန် ကြိုးစားနေကြပါတယ်။
မြို့ထဲဝင်လာတဲ့ရေတွေကို မြစ်ထဲစုပ်ထုတ်နေတဲ့လုပ်ငန်းတွေ အရှိန်မြင့် လုပ်ဆောင်နိုင်ဖို့ ထိုင်းရေတပ်ကလည်း ကျောက်ဖယားမြစ်ထဲ ရေတပ်သင်္ဘောတွေ စေလွတ်ထားပါတယ်။
အဲဒီလို ရေတွေ စုပ်ထုတ်တဲ့အစီအစဉ်က အတော်လေး အထောက်အကူပြုတဲ့အကြောင်း ရေတပ် ဗိုလ်မှူးကြီး Prasert Chanprapak က ပြောပါတယ်။ ရေတပ်သင်္ဘော ၁၀ စင်းလောက်နဲ့ ထိုင်းရေတပ်က ရေတွေကို စုပ်ထုတ်ပေးနေတာပါ။
ဒါပေမယ့် ရေတပ်က ဘယ်လိုဘဲ ကြိုးစားလုပ်ဆောင်နေပေမယ့် ရေတွေဟာ ကာထားတဲ့ တမံတွေကိုကျော်ပြီး ၀င်မလာဘူးဆိုတာ သူမအနေနဲ့ ၅၀ ရာခိုင်နှုန်းထက်ပိုပြီး ယုံကြည်မှုမရှိလှဘူးလို့ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ပြောပါတယ်။ (VOA)

(အောက်တိုဘာ ၂၅ ရက်၊၂၀၁၁)

ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး မြန်မာအလုပ်သမား ၂၀၀၀၀ခန့် နေရပ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း သိရသည်။မြန်မာအလုပ်သမားများသည် ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ်လူ ၅၀၀ ခန့် နေရပ်သို့ ပြန်နေကြခြင်းဖြစ်ပြီး ထိုင်း – မြန်မာ နယ်စပ် မြ၀တီမြို့တွင် လူပွဲစားများက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ အဓမ္မ ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း၊ လမ်းခရီးတွင် အခက်အခဲနှင့်ကြုံတွေ့ကြရကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။နေရပ်ပြန်သူများအနက် ကရင်ပြည်နယ် ဘားအံမြို့အထိ လုံခြုံစွာ အခမဲ့ သွားရောက်နိုင်သူ ဦးရေမှာ ၄၁ ဦးသာရှိသည်။
ထိုသူများကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက ကားဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(ဧရာဝတီ)

(အောက်တိုဘာ ၂၄ရက်၊ ၂၀၁၁)

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် ၄ ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ရုံးဟောင်းရှေ့တွင် ယနေ့နံနက် ၈ နာရီကျော်ကဗုံးတလုံးပေါက်ကွဲရာ ဘုန်းတော်ကြီးတပါး ဒဏ်ရာရရှိသွားသည်။ဗုံးပေါက်ကွဲမှုကို မြ၀တီခရိုင် အာဏာပိုင်များက စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)အဖွဲ့၏ လက်ချက်ဟု ယူဆပြီး ဆက်လက်စုံစမ်းနေကြောင်း မြ၀တီမှ အစိုးရ၀န်ထမ်းတဦးက ပြော သည်။ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး DKBA အဖွဲ့၏ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူး ဆန်းအောင်က ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ပြန်လည်ငြင်းဆိုသည်။(ဧရာဝတီ)
(အောက်တိုဘာ ၂၃ရက်၊ ၂၀၁၁)

(အောက်တိုဘာ ၂၂ရက်၊ ၂၀၁၁)

အလုပ်ရှင် ၁၅၇၄ ဦးတို့၏လက်အောက်တွင် လုပ်ကိုင်နေကြသော တရားမ၀င်အလုပ်သမားများ လွန်ခဲ့သောလက ပထမအသုတ်အဖြစ် လက်ဗွေနှိပ်မှတ်ပုံတင်ခဲ့ရာ ယင်းအုပ်စုတွင် ၁၇၉၅၉ ယောက်ပါဝင်ခဲ့သည်။ ထိုအထဲမှ ၁၇၂၂၇ ယောက်ကို တရားဝင်အဖြစ်အသိအမှတ်ပြုပြီး၊ ၇၃၂ ယောက်ကိုငြင်းပယ်ခဲ့သည် ဟု မလေးရှားပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Hussein ကပြောဆိုခဲ့ပါသည်။ထိုငြင်းပယ်ခြင်း ခံရသူများတွင် သတ်မှတ်ထားသော သတ်မှတ်လုပ်ငန်း ၅ ခု၏မဟုတ်သော အခြားလုပ်ငန်းများ တွင်လုပ်ကိုင်နေသော သူများဖြစ်ကြောင်း၊ ထိုပြင် သတ်မှတ်ထားသောနိုင်ငံ စာရင်းတွင်မပါဝင်ကြောင်း ပြောပါသည်။ သတ်မှတ်ထားသော အလုပ်အကိုင် ၅ မျိုးမှာ- စက်ရုံကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဥယျာဉ်ခြံမြေ၊ ဆောက်လုပ်ရေး၊ နှင့် ၀န်ဆောင်မှုများ တို့ဖြစ်ကြပါသည်။ ၆ P အစီအစဉ်တွင် စုစုပေါင်း ၁.၃ သန်းမှတ်ပုံတင်ခဲ့ကြပါသည်။ အကယ်၍ ထိုလုပ်ငန်း ၅ မျိုးတွင်မပါဝင်သော အလုပ်မျိုးကိုလုပ်ကိုင်သော အလုပ်သမားများအတွက်မူ အလုပ်ရှင်များက အသနားခံတင်ပြပါက စဉ်းစားမည်ဖြစ်သည်။

(အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၁)
ဖြစ်ရပ် ၁။ ။ ထိုင်းနိုင်ငံ အနိမ့်ဆုံး လုပ်အားခသတ်မှတ်ရေး ကော်မတီမှ ယနေ့ စုံညီဆွေးနွေးကြပြီးမကြာမီတွင် အနိမ့်ဆုံးအလုပ်အားခ ဘတ် (၃၀၀) ပေးရေး အစီအစဉ်အား စတင်တော့မည်ဖြစ်ကြောင်း သိရသည်။ (RFA)

ဖြစ်ရပ် ၂။ ။ မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးအကျဉ်းစခန်းများတွင် အထိန်းသိမ်းခံနေရသော မြန်မာအကျဉ်းသားများကိစ္စကို မြန်မာနိုင်ငံ ပြည်ထဲရေး ဌာနဒုတိယ၀န်ကြီးနှင့် ဆွေးနွေးပြီးနောက် အဆိုပါအကျဉ်းသားဦးရေကို လျော့ချသွားရန် (ပြန်လွှတ်ပေးရန်) ရှိကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။
မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ (အကျဉ်းသား) လဲလှယ်ရေး အစီအစဉ်ကို စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးမှ ပြောဆိုပါသည်။ ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein က မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် နှင့် လွှတ်တော်တွင် ယနေ့ (၁၇.၁၀.၂၀၁၁) တွင် ဆွေးနွေးခဲ့ပါသည် ဟု ပြောဆိုပါသည်။နိုင်ငံနှစ်ခုကြား အလုပ်အမှုဆောင်ကော်မတီ တစ်ခုအသစ်ဖွဲ့စည်း ယခုကိစ္စကိုဆောင်ရွက်နေခြင်းဖြစ်ပြီး၊ နယ်စပ် ဖြတ်ကျော်ခြင်းကိုလည်း ထိန်းချုပ်သွားမည်ဖြစ်ကြောင်းပြောပါသည်/မလေးရှားပြည်ထဲရေးဝန်ကြီးက မလေးရှားနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးထားသော မြန်မာနိုင်ငံသား ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း၊ ထို့သို လဲလှယ်ခြင်းကြောင့် ထောင်များ၊ ကမ့်များတွင် အကျဉ်းသား စုပြုံနေခြင်းမှ သက်သာသွားမည်ဖြစ်သည်ဟု ယင်းကဆက်၍ ပြောပါသည်။(RFA)

(အောက်တိုဘာ ၁၆ ရက်၊ ၂၀၁၁)

ကျောက်ဖယားမြစ်ကို ကာထားတဲ့ တမံတွေက တောင့်ခံထားနိုင်ဆဲဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် များစွာအတွင်း အဆိုးဆုံးဖြစ်ပေါ်နေတဲ့ ရေလွှမ်းမိုးမှုက ဘန်ကောက်မြို့နဲ့ မြို့နေလူထု ၁၂ သန်းကို ရေလွှမ်းမိုးမှုဒဏ် ခံရတော့မှာ မဟုတ်ဘူးလို့ ၀န်ကြီးချုပ် ယင်းလပ် ရှီန၀ပ်က ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မိုးကြီးပြီး တောင်ပိုင်းဒေသကို စီးဆင်းလာနေတဲ့ ရေတွေဟာ ဘန်ကောက်မြို့ကို မ၀င်တော့ဘဲ ထိုင်းပင်လယ်ကွေ့ထဲကို တန်းဝင်သွားတယ်လို့ ပညာရှင်တွေက ပြောတဲ့အကြောင်း ၀န်ကြီးချုပ် ယင်းလပ်က ဒီနေ့မှာ ပြောကြားလိုက်တာပါ။ဘန်ကောက်မြို့ မြောက်ပိုင်းက ရေကြီးနေတဲ့ ဒေသတွေမှာလည်း ရေတွေ တဖြည်းဖြည်း ကျလာနေပြီ ဖြစ်တာကြောင့် အခုလကုန်ပိုင်း ဒီရေတက်ချိန်အထိ ဘန်ကောက်မြို့အနေနဲ့ ရေကြီးမယ့်အတွေ့အကြုံနဲ့ ရင်ဆိုင်ရနိုင်စရာ အကြောင်းမရှိဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ထိုင်းနိုင်ငံအတွင်း ၂ လကျော်ကြာ မိုးတွေ မရပ်မနား ရွာခဲ့တာကြောင့် တိုင်းပြည်ရဲ့ ၃ ပုံ ၂ ပုံလောက် ရေလွှမ်းခဲ့တာပါ။ အခုချိန်ထိတော့ သေဆုံးသူ အရေအတွက် ၃၀၀ နီးပါးရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဟာလည်း အမေရိကန်ဒေါ်လာ ၅ ဘီလျံလောက် ရှိတယ်လို့ ဆိုပါတယ်။(VOA)

(အောက်တိုဘာလ ၁၄ ရက်၊ ၂၀၁၁)

ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့် စက်သုံးဆီများ သိုလှောင်ရာ ကရင်ပြည်နယ် မြ၀တီမြို့အမှတ် ၅ ရပ်ကွက် ကမ်းနားတွင် ယနေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူတဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရရှိသဖြင့် ထိုင်းနိုင်ငံ မဲဆောက် မြို့ဘက်ရှိ ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။
မြ၀တီမြို့မှ မျက်မြင်သက်သေတဦးက“ဒီနေ့မွန်းလွဲ ၁ နာရီခွဲမှာ ထိုင်းဘက်ကလာတဲ့ ဆီတွေကို ပြောင်းတင်တဲ့အချိန်မှာမီး စ လောင်တာ၊ ၃ နာရီလောက်မှာ မီးငြိမ်းသွားတယ်၊ အလုပ်သမားတဦးကတော့ ဒဏ်ရာရလို့ ထိုင်းဘက်ပို့လိုက်တယ်”ဟုပြော သည်။
မီးလောင်မှု ဖြစ်ပွားသည့်နေရာသည် ထိုင်းနိုင်ငံဘက် အမှတ် ၁၀ လှေဆိပ်မှတဆင့် တရားမ၀င်နည်းဖြင့် တင်သွင်းလာသည့် စက်သုံးဆီမျိုးစုံကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် အခြားဒေသများသို့ လက္ကားဖြန့်ဖြူးပေးသည့်နေရာဖြစ်ပြီး ထိုင်း-မြန်မာ နယ်ခြား သောင်ရင်းမြစ်၏ မြန်မာဘက်ကမ်းနဖူးတွင် တည်ရှိသည်။- (ဧရာဝတီ)
(အောက်တိုဘာလ ၁၃ရက်၊ ၂၀၁၁)

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်းကိစ္စနှင့်ပတ်သက်ပြီး ဘန်ကောက်မြို့၊ မြန်မာသံရုံးဧည့်ခန်းမဆောင်၌ အောက်တိုဘာလ (၁၂) ရက်နေ့ ညနေပိုင်းတွင် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာအစိုးရအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သိန်း၊ ရဲမှူးကြီးဝင်းနိုင်ထွန်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသည့်အသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူ (၁၅) ဦးခန့်တက်ရောက်ခဲ့သည်။(လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

(အောက်တိုဘာလ ၁၁ ရက်၊ ၂၀၁၁)
မြန်မာအလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာရောက်ရှိနေပြီး ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအားလုံး ယာယီမှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရေး ထိုင်းအစိုးရနဲ့ ဆွေးနွေးနေပါတယ်။
ဒီအစီအစဉ်အရ မြန်မာတာဝန်ရှိသူတွေက ထိုင်းနိုင်ငံကို သွားရောက် လုပ်ကိုင်ပေးမယ့် စနစ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်လုပ်ခွင့် ကန်ထရိုက် သက်တမ်းကုန်တဲ့အခါ အလုပ်ဆက်လုပ်ခွင့်ရရေး၊ အလုပ်သမားအခွင့်အရေး စတာတွေကို ထိုင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ ဒု-ဝန်ကြီးက ပြောပါတယ်။ပြည်တွင်းမှာလည်း အလုပ်သမားအဖွဲ့အစည်း ဥပဒေကို အစိုးရက တမြန်နေ့က အတည်ပြုလိုက်ပြီဖြစ်လို့ အလုပ်သမားတွေ လွတ်လွပ်လပ်လပ် အသင်းအပင်း ဖွဲ့စည်းလှုပ်ရှားခွင့် ရနေပြီလို့ ဝန်ကြီး ဦးမြင့်သိန်းက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဟာ ဘန်ကောက်မြို့ မဟာချိုင်ဒေသက မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေကိုလည်း တွေ့ဆုံသွားပါတယ်။(DVB)

မြန်မာနိုင်ငံမှ ဒုတိယအလုပ်သမားဝန်ကြီးဦးမြင့်သိန်းနှင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးတို့ ယနေ့ထိုင်းနိုင်ငံ၌ တွေ့ဆုံကြပြီး မြန်မာနှင့်ထိုင်းတို့ ပူးတွဲဆောင်ရွက်လျက်ရှိသော ယာယီနိုင်ငံကူးလက်မှတ်အစီအစဉ်ကိုပိုမိုမြန်ဆန်စေရန် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတို့၏ ရင်သွေးငယ်များနေထိုင်ခွင့်လက်မှတ်ရရှိစေရန် ဆွေးနွေးခဲ့ကြကြောင်း ဒုတိယ၀န်ကြီးဦးမြင့်သိန်းက ပြောဆိုသည်။ (BBC)

(အောက်တိုဘာ ၉၊ ၂၀၁၁)

ထိုင်နိုင်ငံ ပြည်နယ် ၃၀ိခန့်တွင် မကြာမီရက်များက မိုးသည်းထန်ပြီး ရေလွှမ်းမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ အောက်တိုဘာ ၉ ရက်အထိ သေဆုံးသူဦးရေမှာ ၂၆၁ ဦးရှိပြီး လေဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်နိုင်ငံ သဘာဝဘေးကာကွယ်တာဆီးရေးဌာနက သတင်းထုတ်ပြန်သည်။ ဆူချွိင်းထိုင်း၊ ဖိချစ်၊ နာသွန်ဆ၀မ်၊ ယူထိုင်းသာနီ၊ ချိုင်နက်၊ ဆင်းဘူရီ၊ အန်သွန်၊ အယုဒ္ဓယ၊ လော့ဘူရီ၊ ဆာရာဘူရီ စသည့်ပြည်နယ်များတွင် ရေလွှမ်းမှုများ၊ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ကျေးရွာပေါင်း ၃၀၁၃၀ ရေလွှမ်းမှုဒဏ်ကြုံတွေ့နေရပြီး ဒေသခံပြည်သူ ၂.၃၄ သန်းမှာလည်း ရေဘေးဒုက္ခကြုံတွေ့နေရသည်။ ထိုင်းနိုင်ငံ၏ မြို့ဟောင်းတစ်ခုဖြစ်သည့် အယုဒ္ဓယမြို့တွင် အဆိုးရွားဆုံ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည်။
အယုဒ္ဓယမြို့ဆေးရုံမှ လူနာ ၆၀၀ ကျော်တို့အား မြို့တော်ခန်းမသို့ ရွှေ့ပြောင်းပေးထားရပြီး အရေးကြီးသည့်လူနာများကို ဗန်ကောက်မြို့သို့ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။ (အင်တာနက်)

(အောက်တိုဘာလ ၈ရက်၊ ၂၀၁၁)
အောက်တိုဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့က ထိုင်းနိုင်ငံ Chiang Rai ပြည်နယ် Chiang Sean ခရိုင်အတွင်းရှိ မဲခေါင်မြစ်ထဲမှာ လူသေအလောင်း ၁၂ လောင်းမျောပါလာတာကိုတွေ့ရပါတယ်။ အလောင်းအများစုကတော့ လက်နောက်ပြန် လက်ထိပ်ခတ်ထားရပြီး ထိုင်းရဲတပ်ဖွဲ့က Pol.Col.Popkorn Khuncharoensuk က သေဆုံးသူများမှာ ၅ ရက်နေ့က Pha Muang တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်တဲ့ တရုတ်သင်္ဘောမှ သင်္ဘောသားတွေဖြစ်တယ်လို့ပြောပါတယ်။ ထိုင်းအာဏာပိုင်များက တရုတ်သံရုံးကို အကြောင်းကြားပြီး တရုတ်သံရုံးကလူးတွေ လာရောက်စစ်ဆေးပြီးတော့ ဒီတရုတ်သင်္ဘောတွေက ကုန်တင်သင်္ဘောတွေ ဖြစ်ပြီးတော့ ၅ ရက်နေ့ မတိုင်ခင်က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေရဲ့ အပိုင်စီးတာကို ခံရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းသူတွေအနေနဲ့ မြန်မာနိုင်ငံ အတွင်းက မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရာမှာ သင်္ဘောတွေကို သုံးလိုတာကြောင့် သတ်လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆကြပါတယ်။ထိုင်း Pha Muang အဖွဲ့က အောက်တိုဘာလ ၅ရက်နေ့က မဲခေါင်မြစ်ထဲမှ ကုန်တင်သင်္ဘော နှစ်စင်းကိုစစ်ဆေးရန်အတွက် ရပ်တန့်စေခဲ့ရာ မရပ်ပဲ မောင်းပြေးသွားပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် Pha Muang အဖွဲ့က ပြန်လည်ပစ်ခတ်ရာ တစ်ယောက်သေဆုံးပြီး ကျန်လူများ ရေထဲ ခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ၄င်းသင်္ဘောနှစ်စီးကို စစ်ဆေးရာ စိတ်ကြွဆေးပြား ၅၆၀၀၀၀ ခန့် ကာလတန်ဘိုး ထိုင်းဘတ် သန်း ၁၀၀ ကျေုာ် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောကြားပါတယ်။

(အောက်တိုဘာလ ၅ ရက်၊ ၂၀၁၁)
ထိုင်းနိုင်ငံတ၀ှမ်း ရေကြီးမှုများဖြစ်ပေါ်လျက်ရှိရာ ယခုအခါ လူ(၂၆၀)ခန့် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း၊ ခရိုင်ပေါင်း (၅၀)ခုတွင် ရေကြီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)