ကမ္ဘာ့အလုပ်သမားလောကမှာ နာမကျန်းခွင့်၊ ကိုယ်ဝန်ဆောင်ခွင့်၊ လုပ်သက်ခွင့် စတာတို့သာ ကျုပ်ကြားဖူးခဲ့ပေမဲ့ ခု ၂၀၀၉ခုနှစ်ထဲမှာတော့ ကမ္ဘာ့အလုပ်သမားလောကမှာ အဆန်းဆုံးခွင့်တွေကို တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိ ကုမ္ဗဏီတခုက စတင်လိုက်ပြီလို့ပဲ ပြောလိုက်ပါရစေ။ အဲဒါကဘာလဲဆိုတော့ အဲဒီ့ကုမ္ဗဏီကြီးက အချစ်ရေးကံမကောင်းကြတဲ့ ဝန်ထမ်းတွေအတွက် အထူးအဆန်းပဲဆိုပါတော့။ Xenius 18-11-2009 ထဲမှာ ဘယ်လိုပါသလဲဆိုတော့ အဲဒီရှန်ဟိုင်းမြို့မှာ ခုလို ဝန်ထမ်းသက်သာချောင်ချိရေးပရိုမိုးရှင်း အစီအစဉ်ကြီး လုပ်လိုက်တဲ့ ကုမ္ဗဏီကြီးရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာဖောင်ဆိုသူက ဘာပြောသလဲဆိုတော့ သူတို့ ကုမ္ဗဏီက ဝန်ထမ်းတွေအနေနဲ့ သက်သေပြစရာမလိုဘူး။ ကျွန်တော် ဒါမှမဟုတ် ကျွန်မကတော့ ရည်စားပြစ်သွားလို့ ရည်းစားပျက်လို့ စိမ်းကားသွားရင် အသည်းကွဲရောဂါခံစားရပါပြီလို့ ပြောလိုက်တာနဲ့ ကုမ္ဗဏီက ခွင့်(၂)ရက်တခါတည်း ပေးလိုက်မှာပဲ။ ဒါပေမဲ့ ဝန်ထမ်းတယောက်က ခဏခဏအသည်းကွဲလို့တော့ မရဘူး။ တနှစ်ကို တကြိမ်ပဲ အသည်းကွဲခွင့်ရှိသတဲ့။ ပြီးတော့ လင်မယားတွေအဆင်မပြေလို့ ကွဲကွဲ၊ ဘယ်လိုပဲ ကွဲကွဲ ကျွန်တော် ဒါမှမဟုတ် ကျွန်မတို့ လင်မယားကွဲသွားပြီဆိုတာနဲ့ ကုမ္ဗဏီက ခွင့်(၃)ရက်ရမှာ ကြိမ်းသေပါပဲ။ ကုမ္ဗဏီဝန်ထမ်းတဦးဖြစ်တဲ့ ဂျောင်ဆိုတဲ့လူက အဲဒီအမိန့်လည်းထွက်ရော ဒီခွင့်ပေးတာဟာ အလုပ်ခွင်မှာ တွေဝေနေစရာ မလိုတော့ဘူး။

နွေးထွေးစွာအလုပ်ကို ပျော်ရွှင်သွာလုပ်လို့ရပြီး ခုလို လုပ်ငန်းခွင်မှာ နွေးထွေးမှုရှိတဲ့ ပါတ်ဝန်းကျင် ဖြစ်အောင် စီစဉ်ပေးတာဟာ လစာ တိုးပေးတာထက်တောင် စိတ်ချမ်းသာစေပါသတဲ့။ ဒီလိုအခွင့်အရေးမျိုးက ကမ္ဘာမှာ ဒါဟာပထမဆုံးပဲထင်လိုက်သလို အဲဒီအခွင့်အရေးအတွက်လည်း လက်ခုပ်တီးပေးလိုက် ပါတယ်။ (မြန်မာပြည်မှာလည်း မပေါ်ဘူးလို့ မပြောနိုင်ဘူး)
**မောင်ယဉ်ကျော်**
**From-Thantsin Phyoe

No comments:
Post a Comment