ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 15, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
(Death toll from flooding in southern Vietnam reaches 43)
**မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ ရေလွှမ်းမိုးမှုများကြောင့် ၄၃ ဦးသေဆုံးပြီး နေအိမ် ၇၀၀၀၀ ခန့် ရေနစ်မြုပ်**

(ဟနွိုင်း၊ အောက်တိုဘာ ၁၃)
ဗီယက်နမ်နိုင်ငံတောင်ပိုင်း မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်နယ်များ၌ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ ၄၃ ဦးထက်မနည်းသေဆုံးပြီး နေအိမ်အလုံးပေါင်း ၇၀၀၀၀ ခန့် ရေနစ်မြုပ်လျက်ရှိကြောင်း ယင်းနိုင်ငံရှိ သတင်းဌာနများက အောက်တိုဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။ ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံး တွေ့ကြုံခံစားကြရသော ပြည်နယ်များမှာ ဒေါင်သက်၊ အင်းဂျိုင်းနှင့် လောင်အန်းပြည်နယ်များဖြစ်ကြသည်။ စပါးစိုက်ခင်းဟက်တာ ၆၀၀၀၀ ခန့်မှာ ရေနစ်မြုပ်လျက်ရှိသည်။ လွန်ခဲ့သည့် ကိုးလတာကာလအတွင်း ယခုနှစ်၏ အဆိုးရွားဆုံးသော ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကြောင်း မိုးလေ၀သ ပညာရှင်များပြောကြားကြသည်။ အိမ်နီးချင်း ကမ္ဘောဒီယားနိုင်ငံမှ စီးဆင်းလာသောမြစ်ရေမှာ အရှိန်အဟုန်ပြင်းစွာ စီးဆင်းလာခြင်းကြောင့် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းရှိတာတမံများ ကျိုးပေါက်ခဲ့ရသည်။ မဲခေါင်မြစ်၏ မြစ်ကြေပိုင်းသို့ စီးဆင်းလာသောရေထုပမာဏမျာ ကုဗမီတာ ၄၉၀ ဘီလီယံ ရှိနိုင်သည်ဟ ခန့်မှန်းရကြောင်း၊ ဖော်ပြပါရေထုပမာဏ၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းမှာ ဗီယက်နမ်နိုင်ငံ ကျူလောင်းမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသသို့ စီးဝင်ကြောင်း ဗီယက်နမ် ရာသီဥပြောင်းလဲမှုလေ့လာရေးသိပ္ပံဌာနက ပြောကြားသည်။ ရေလွှမ်းမိုးသောရာသီအတွင်း တစ်စက္ကန့်လျှင် ကုဗမီတာ ၄၀၀၀၀ ခန့်နှုန်းဖြင့် စီးဆင်းကြောင်း အဆိုပါ သိပ္ပံပညာရှင်က ပြောကြားသည်။ (ဆင်ဟွာ)

**သတ္တုတူးဖော်မှုများကြောင့် မဟာတံတိုင်းကြီး ပျက်စီးရ**
(ပေကျင်း၊ အောက်တိုဘာ ၁၃)
တရုတ်နိုင်ငံအတွင်းရှိ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှည်ကြာခဲ့ပြီဖြစ်သော မဟာတံတိုင်းကြီး၏ အစိတ်အပိုင်းများသည် တရားမ၀င် သတ္တုတူးဖော်သူများပယောဂကြောင့် ပြိုကျနေပြီဖြစ်ကြောင်း တရုတ်နေ့စဉ်သတင်းစာ၏ အဆိုကိုကိုးကား၍ အောက်တိုဘာ ၁၃ ရက်သတင်းများတွင် ဖော်ပြထားသည်။ မိုင်ပေါင်း ၅၅၀၀ ရှည်လျား၍ အရှေ့မှ အနောက်သို့ သွယ်တန်းတည်ဆောက်ထားသော မဟာတံတိုင်းကြီးသည် တရားမ၀င်သတ္တုတူးဖော်သူများကြောင့် ပျက်စီးယိုယွင်းလာကြောင်း တရုတ်နေ့စဉ်သတင်းစာတွင် ရေးသားဖော်ပြထားသည်။ တရုတ်နိုငံမြောက်ပိုငး ဟီပေပြည်နယ် လိုင်ယွန်ခရိုင်ရှိ ၉၄ မိုင်ရှည်လျားသော မဟာတံတိုင်းကြီး၏အစိတ်အပိုင်းသည် တရားမ၀င်သတ္တုတူးဖော်သူများ ကြေးနီ၊ သံနှင့် နီကယ်လ်စသော သတ္တုများအား တူးဖော်ထုတ်ယူမှုကြောင့်ပြိုကျပျက်စီးရကြောင်း တရုတ်နေ့စဉ်သတင်းစာ၏ အဆိုအရသိရသည်။ တရုတ်နိုင်ငံ၏ကမ္ဘာကျော် အထိမ်းအမှတ်ဖြစ်သော မဟာတံတိုင်းကြီး၏ ၈၀ ရာခိုင်နှုန်းသည် အခြေအနေဆိုးရွားလျက်ရှိရာ ခရီးသွားလုပ်ငန်းနှင့် ပြုပြင်ထိန်းသိမ်းမှု လုံလောက်မှုမရှိခြင်းကြောင့် ယင်းသို့ဖြစ်ခဲ့ရကြောင်း ပြစ်တင်ခဲ့ကြသည်။ လေ့လာမှုအရ မဟာတံတိုင်းကြီး ပျက်စီးထိခိုက်ရခြင်းတွင် တရာမ၀င်သတ္တုတူးဖော်ရေးလုပ်ငန်းများက အခရာကျကြောင်း သိရသည်။ (အင်တာနက်)

**အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ငလျင်လှုပ်ခတ်၊ ဆူနာမီဖြစ်ပေါ်နိုင်သည့် ပြင်းအားမရှိ**
(ဘာလီ(အင်ဒိုနီးရှား)၊ အောက်တိုဘာ ၁၃)
အင်ဒိုနီးရှားနိုင်ငံ၏ နာမည်ကျော် အပန်းဖြေကျွန်းဖြစ်သည့် ဘာလီတွင် ကြာသပတေးနေ့က ပြင်းအား ၆.၁ မဂ္ဂနီကျူရှိ ငလျင်လှုပ်ခတ်သွားရာ လူ ၅၀ ကျော် ဒဏ်ရာရရှိ၍ ဟိုတယ်များ၊ နေအိမ်များမှ လူအများအပြားမှာ ကြောက်လန့်ကာထွက်ပြေးကြကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။ အထက်တန်းကျောင်း နှစ်ကျောင်းမှာ မျက်နှာကြက်များနှင့် ဟိန္ဒူရှေးဟောင်း ဘုရားကျောင်းများမှ ကျောက်တုံးများ၊ နံရံများ ပြိုကျပျက်စီးခဲ့သည်။ မြို့တော်တစ်ခွင်၌ မောင်းနှင်သွားလာလျက်ရှိသော ကားအချို့အပေါ်အဆောက်အအုံများမှ ကွန်ကရစ်အစိုက်အခဲများ ပြုတ်ကျ၍ ပျက်စီးကြရသည်။ ယင်းငလျင်သည် ဘာလီကျွန်း၏ အနောက်တောင်ဘက် မိုင် ၆၀ အကွာ ပင်လယ်ကြမ်းပြင်အောက် ၂၁ မိုင်ကိုဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေးစခန်းက ပြောကြားခဲ့သည်။ (အင်တာနက်)

**ရုရှားနှင်းလွင်ပြင်ဒေသ၌ နှင်းလူများနေထိုင်နိုင်**
(လန်ဒန်၊ အောက်တိုဘာ ၁၃)
ရှရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ နှင်းလွင်ပြင်များ၌ ယီတီခေါ် နှင်းလူသတ္တများများ လှည့်လည်ကျက်စားကြသည်ဟူသော သက်သေအထောက်အထားများသည် ခိုင်လုံသလောက်ရှိကြောင်း သိပ္ပံပညာရှင်များ၊ နှင်းလူသတ္တ၀ါများနှင့် ပတ်သက်၍ စိတ်ဝင်စားသူများက ယုံကြည်လျက်ရှိသည်ဟု ဂါဒီယန်သတင်းစာက အောက်တိုဘာ ၁၂ ရက်တွင် ဖော်ပြထားသည်။
မော်စကို မြို့တော် အရှေ့ဘက်မိုင် ၂၀၀၀ ခန့်အကွာရှိ ကီမာရိုဗိုဒေသတက်ရှ်တာဂေါလ်မြို့၌ တစ်ရက်ကြာ ညီလာံတစ်ရပ်ကျင်းပခဲ့ပြီးနောက် ရုရှား၊ ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့မှ ကျွမ်းကျင်သူများက ဒဏ္ဍာရီဆန်လှသော နှင်းလူသတ္တ၀ါကြီးများတည်ရှိမှုမှာ ၉၅ ရာခိုင်နှုန်းသေချာကြောင်း ထုတ်ဖော်ကြေညာခဲ့ကြသည်။ နှင်းလူဟူ၍ အများသိကြသော ယီတီသတ္တ၀ါကြီးများကို တွေ့မြင်ခဲ့ရကြောင်း ဆိုက်ဘေးရီးယားနှင့်လွင်ပြင်ဒေသနေ ဒေသံပြည်သူများက မကြာသေးမီနှစ်များ အတွင်း သတင်းပေးပို့ခဲ့ကြသည်။ ကီမာရိုဗိုဒေသရှိ အေဇက်စကီလိုဏ်ဂူနှင့် ကာရာတက်တောင်ထိပ်တို့၌ နိုင်ငံတကာကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့က နှစ်ရက်ကြာ စူးစမ်းလေ့လာမှုများပြုလုပ်ခဲ့ရာုယင်းဒေသ၏ နှင်းလွင်ပြင်များတွင် ယီတီသတ္တ၀ါများတည်ရှိသည်ဟူသော အချက်အား မငြင်းနိုင်သည့် သက်သေအထောက်အထားများ တွေ့ရှိခဲ့ကြောင်း ကီမာရိုဗိုဒေသအာဏာပိုင်းများက အောက်တိုဘာ ၁၀ ရက်က ကြေညာခဲ့သည်။ ခိုင်မာသည့် သက်သေအထောက်အထားနည်းပါးလွန်းခြင်းကြောင့် နှင်းလူများတည်ရှိမှုနှင့်ပတ်သတ်၍ သိပ္ပံပညာရှင်အသိုက်အ၀န်းအတွင်း သမိုင်းနှင့်ချီ၍ အငြင်းပွားခဲ့ကြရသည်။ သို့ရာတွင် ကီမာရိုဗိုဒေသ၌ လေ့လာခဲ့ကြသော ကျွမ်းကျင်သူပညာရှင်များသည် နှင်းလူတို့၏ ခြေရာများ၊ ၄င်းတို့ အိပ်စက်ခဲ့သည်ဟု ယူဆရသောနေရာများ အခြားသောအမှတ်အသားများ တွေ့ရှိခဲ့ကြကြောင်း သတင်းတွင်ဖော်ပြသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)