ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 15, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>
**လူသားချင်းစာနာမှုအကူအညီများပေးရန် သွားရောက်ခဲ့သည့် အိန်ဂျလီနာဂျိုလီ၏ ခရီးစဉ်**
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(ယူအင်န်အိပ်ခ်ျစီအာ)၏ အထူးသံတမန် ကမ္ဘာကျော်ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန် လစ်ဗျားနိုင်ငံသို့ နှစ်ရက်ကြာသွားရောက်ခဲ့ပြီး စစ်ပွဲဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခည်များအရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အသက် (၃၆)နှစ်ရှိပြီဖြစ်သည့် အိန်ဂျလီနာဂျိုလီက ဒုက္ခသည်များထံမှ ဘ၀သင်ခန်းစာအများအပြားကို လေ့လာသင်ယူခဲ့ရကြောင်း၊ လူကောင်းသူကောင်းတစ်ယောက်ဖြစ်လာအောင် လေ့လာသင်ယူခဲ့ရသကဲ့သို့ မိခင်ကောင်းတစ်ယောက် ဖြစ်လာအောင်လည်း သင်ယူခဲ့ရကြောင်းနှင့် ဒုက္ခသည်များထံမှ ဘ၀အတွေ့အကြုံအခတ်အခဲများက မိမိကိုလူသားချင်းစာနာထောက်ထားသည့် စိတ်ဆန္ဒမျာကို ပိုမိုခိုင်မာအောင် တွန်းအားပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)

**မန်ယူအသင်း ဟာနန်ဒက်ဇ်နှင့်ငါးနှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို**
(မန်ချက်စတာ၊ အောက်တိုဘာ ၁၃)
ပွဲစဉ်(၇)အပြီးတွင် ပရီမီယားလိဂ်အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်နေသည့် မန်ယူအသင်းသည် အသင်း၏တိုက်စစ်မှူးဟာနန်ဒက်ဇ်နှင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် တိုးမြှင့်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည်။ ရီးယဲလ်မက်ဒရစ်အသင်း၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် ပဲစိမ်းလုံးလေးဟာနန်ဒက်ဇ်နှင့် မန်ယူအပေါ်သစ္စာရှိသွားမည်ဟု ပြောဆိုခဲ့သည့်အတိုင်း အသင်း၏ကမ်းလှမ်းမှုကို လက်ခံကာစာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

**ဗီဒစ်နှင့် စတန်ကိုဗစ်တို့ နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူတော့မည်**
(လန်ဒန်၊ အောက်တိုဘာ ၁၃)
ဆားဘီးယားနိုင်ငံသားများ ဖြစ်ကြသည့် မန်ယူနောက်ခံကစားသမား ဗီဒစ်နှင့် အင်တာမီလန်ကစားသမား စတန်ကိုဗစ်တို့သည် ၄င်းတို့၏ နိုင်ငံအသင်း ၂၀၁၂ ဥရောပဖလားခြေစစ်ပွဲအောင်မြင်ခြင်း မရှိခဲ့သည့် နောက်ပိုင်းတွင် နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူတော့မည်ဟု ထုတ်ဖော်ပြောကြားလာသည်။ ဆားဘီးယားအသင်းသည် ဥရောပဖလားခြေစစ်ပွဲတွင် ဆလိုဗေးနီးယားအသင်းကို အနိုင်ရပါက ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်ရှိသော်လည်း အဆိုပါပွဲတွင် ဗီဒစ်၏ ပယ်နယ်တီလွဲချော်မှုနှင့်အတူ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် ဆားဘီးယားအသင်းခြေစစ်ပွဲမအောင်မြင်ရခြင်းမှာ မိမိတွင် အဓိကတာဝန်ရှိသည်ဟုဆိုကာ နိုင်ငံလက်ရွေးစင်ဘ၀မှ အနားယူရန်ဆုံးဖြတ်ခဲ့သည်ဟု ဗီဒစ်က ဆိုသည်။ ထို့ပြင် စတန်ကိုဗစ်ကလည်း မိမိအသက်အရွယ်အရ နိုင်ငံအသင်းမှ အနားယူသင့်ပြီဖြစ်သကဲ့သို့ အင်တာမီလန်အတွက် တစိုက်မတ်မတ် အာရုံစိုက်နိုင်ရေးအတွက် နိုင်ငံအသင်းမှ အနားယူရန် စဉ်းစားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ (အင်တာနက်)

**ဘောလုံးလောကသတင်းတိုများ**

ဖီအိုရင်တီးနားကွင်လယ်ကစားသမား မွန်တိုလီဗိုကို အေစီမီလန်၊ အာဆင်နယ်တို့နှင့်အပြိုင် မန်ယူကပါခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
ဒရော့ဘာသာ အသင်းပြောင်းမည်ဆိုလျှင် ခေါ်ယူရန်အသင့်ရှိနေကြောင်းဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်က ဆိုသည်။
လာဇီယိုနှင့် အဝေးကွင်းကစားရမည့်ပွဲတွင် ရိုးမားအသင်းခေါင်းဆောင် တော့တီမှာ ပါဝင်နိုင်ဦးမည်မဟုတ်ကြောင်း သိရသည်။

စုစည်းဘာသာပြန် - ဟန်သစ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)