မင်း ဘာကောင်လဲ ဟု ကျွန်တော်.ကိုယ်ကျွန်တော် ပြန်မေးကြည်.မိပါသည်။ကျွန်တော်
သည် ကဗျာဆရာဖြစ်ချင်ပါသည်။
သို.သော် မည်သည်. မဂ္ဂဇင်း ဂျာနယ် စာစောင်တွင်မှ တစ်ပုဒ်မျှ ဖော်ပြမခံရဖူးသေးပါ။တစ်ချို.က ကျွန်တော်.အား ပန်းချီဆရာဟု ခေါ်ကြပါသည်။သို.သော် ကျွန်တော်သည် တောင်ခြစ် မြောက်ခြစ် နှင်.
စိတ်ထင်ရာ လျှောက်ရေးခြစ်တတ်သူ သက်သက်သာဖြစ်ပါသည်။ကျွန်တော်.တွင် ဆိုင်းဘုတ်မရှိပါ။ကျွန်တော်သည် ကျွန်တော်. စိတ်ကူးများအား ဈေးပေါပေါနှင်.ရောင်းချနေသူတစ်ဦးသာဖြစ်ပါသည်။
ကျွန်တော်သည် ကမ္ဘာကြီးအကြောင်းအား ပြောဆိုချင်ပါသည်။သို.သော်
ကမ္ဘာကြီးလုံးဝန်းသည်ကလွဲလျှင် ကမ္ဘာကြီးအကြောင်းကျွန်တော် ဘာဆိုဘာမှမသိခဲ.ပါ။အမှန်တရားကို ကျွန်တော်နှစ်သက်မြတ်နိုးတတ်ပါသည်။သို.သော်ကျွန်တော်ကိုယ်တိုင်အမှားများစွာကျူးလွန်ခဲ.ဖူးပါသည်။
ကိုယ်ကျင်.တရားနံစော်နေသောသူတို.ကို ကျွန်တော် အလွန်မုန်းပါသည်။သို.သော် ကျွန်တော် ကိုယ်တိုင် ကိုယ်ကျင်.တရား ဘယ်နှစ်ကျပ်သားရှိမှန်း ကျွန်တော်မသိပါ။
ကြုံလျှင် ကျွန်တော်.ကိုယ်ကျွန်တော် ချိန်ကြည်.ရပါဦးမည်။ကျွန်တော်သည် ကြီးကြီးကျယ်ကျယ် တွေးပြီး ကြီးကြီး
ကျယ်ကျယ်ပြောတတ်ပါသည်။ထို.ကြောင်. လူတကာ၏တံတွေးခွက်တွင် ကျွန်တော်.ဘ၀ မျောချင်တိုင်းမျောခဲ.ရပါသည်။ကျွန်တော် စဉ်းစား
ကြည်.မိပါသည်။ကြီးခြင်းတွင် ပိုက်ဆံ ချမ်းသာရန်လိုပါမည်။ကျယ်ခြင်းတွင်လည်း ပိုက်ဆံချမ်းသာရန် လိုပါမည်။
ကျွန်တော်သည် အလွန်မေ.တတ်သူတစ်ဦးဖြစ်ပါသည်။ပိုပြီး ဆိုးသည်မှာ ကိုယ်.ဘ၀ကိုယ် မေ.တတ်လွန်းခြင်း
ဖြစ်ပါသည်။
ခံစားချင်ရာခံစားပြီး ရေးချင်ရာရေးပါသည်။ထို.နောက် ကဗျာဟု ခေါင်းစဉ်တပ်ပေးတတ်ပါသည်။တစ်ခ်ါတစ်ရံတွင် အက်ဆေးဟုလည်း ခေါင်းစဉ်တပ်ပေးတတ်ပါသည်။တွေးစရာရှိလျှင်လည်း ဆွဲ ရ်ျ ရသမျှ ဆန်.ပြီးတွေး
တတ်ပါသည်။ကျွန်တော်သည် မျက်နှာမပါသော အသံများအား မယုံကြည်တတ်ပါ။မျက်နှာမမှန်သော စကားလုံး
များအား မယုံကြည်တတ်ပါ။
ကြုံရာအကိုင်းတွင် ၀င်နားတတ်သော ငှက်ကဲ.သို.လည်း မနှစ်သက်ပါ။မိုးကဲသို.လည်း ကြုံသလို မရွာတတ်ပါ။
စိတ်ကိုလည်းစားကျက်ကဲသို. လွှတ်ကျောင်းတတ်သူမဟုတ်ပါ။ စိတ်အဆာပြေရန် လက်သရမ်းခြင်းကိုလည်း ၀ါသနာမပါပါ။ကျွန်တော်. စိတ်နှင်. ကိုယ် အား ၀မ်းဆက် ၀တ်ပေးချင်ပါသည်။ စိတ်နှင်.ကိုယ်အား ဟာမိုနီ ဖြစ်စေချင်ပါသည်။ကျွန်တော်သည် ဘ၀အား
သတ်ပုံမှားပြီးရေးခဲ.ဖူးပါသည်။အချစ်ကိုလည်း ဘာသာပြန်မှားခဲ.ဖူးပါသည်။ကျစ်ကျစ်ဆုပ်ထားခဲ.သော ကျွန်တော်
. လက်ဆုပ်ကလေးအား ပြန်ဖြည်ကြည်.လိုက်သောအခါ ဗလာသက်သက်ကိုသာတွေ.ရပါသည်။ကျွန်တော်သည် လူရာမ၀င်ချင်ခဲ.ပါ။
ထို.အတူ လူအများကလည်း ကျွန်တော်.အား လူရာမသွင်းကြပါ။ကျွန်တောိသည် လူတစ်ယောက်ဖြစ်ပါသည်။သို.သော် ကျွန်တော် လူဖြစ်ရှုံးခဲ.ရပါသည်။ကျွန်တော်၏မျက်လုံးများအား ဘောင်ခတ်မထားချင်ပါ။သို.သော် ဘောင်ခတ်ပေးရန်လိုအပ်လာပါသည်။
ကျွန်တော်၏ အမှားများစွာအား ပြန်မြင်နိုင်ရန်အတွက် လိုအပ်သော ပါဝါ ကို တပ်ဆင်ရပါဦးမည်။
**၀မ်းဈာန်**
**From-blocker black**

No comments:
Post a Comment