အမတ်တွေ အိမ်ပြန်နားနေကြသည် အတော်မော အဲလေ အတော်ညောင်းသွားကြတာကိုး
နိုင်ငံတကာအဆင့်မှီ လွှတ်တော်ကြီးက အမတ်တွေ အစည်းအဝေးနားကြလေပြီ
ဒီတစ်နှစ်အတွင်း လွှတ်တော်မှာ အစည်းအဝေးလုပ်တာ ပိုက်ဆံဘယ်လောက်ကုန်သွားလဲသိချင်သည်
အမတ်တွေ အိမ်ပြန်နားနေကြသည် အတော်မော (အဲလေ) အတော်ညောင်းသွားကြတာကိုး
ဒီအချိန်မှာ အမတ်တွေကို ရီဗျူးလုပ်ရန်အကောင်းဆုံးအချိန်ဖြစ်သည်
မီဒီယာသမား ညီအစ်ကိုတို့ စာရင်းပြုစုပေးကြပါ
ဘယ်အမတ်က မေးခွန်းဘာတွေမေးသွားခဲ့တာ
ဘယ်အမတ်က ဘယ်ဟာတွေကိုအဆိုပြုခဲ့တာ
ဘယ်အမတ်က ဘာတွေကို ကန့်ကွက်ခဲ့ပြီး ဘာတွေကိုထောက်ခံ ဘာတွေကို မသိသလို
မဆိုင်သလို တုံဏှိဘာဝေနေခဲ့တာ ဆိုတာပေါ့
ဒါတွေအသေးစိတ်သိတော့ အမတ်တွေကို အမှတ်ပေးချင်ပါသည်
ဘယ်အမတ်က ဘယ်နေရာပိုတော်လဲသိချင်သည်
လွှတ်တော်ထဲမှာ လက်ညှိုးထောင်ခေါင်းငြိမ့်သွားလုပ်တဲ့ အမတ်များလည်းရှိမည်ထင်သည်
အဲဒီအမတ်တွေဘယ်သူဆိုတာသိရင် သံဃမဟာနာယက ဘုန်းဘုန်းတွေနဲ့သွားတိုင်မည်
အမတ်တစ်ဦးချင်းစီရဲ့ နေ့စဉ်မှတ်တမ်းတွေပြုစုပေးကြပါ

အမတ်တွေ မီနီဆလွန်းရမည်ဆိုသည့်ကိစ္စ ဘယ်အဆင့်ရောက်ပြီ
ဘယ်အမတ်တွေစီးနေကြပြီ သိချင်ပါသည်
တိုးတိုးတိတ်တိတ် ဘာအခွင်းအရေးတွေထပ်ရသတုန်း သိချင်သည်
နိုင်ငံခြားလွှတ်တော်တွေလို အပျင်းပြေနားထောင်ချင်သူတွေအတွက်
လေ့လာသူဧည့်သည်တော်နေရာသီးသန့်စီစဉ်ပေးထားစေချင်သည်
ရောက်ဖူးချင်သူများအတွက်လည်း အဆင်ပြေသွားမည်ထင်သည်
ရပ်ကွက်ထဲက ကလေးများ အမတ်လုပ်တန်းကစားနေကြသည်
ဘုန်ကထိန်မှာ ပိုက်ဆံကြဲရင် လုဖို့ လေ့ကျင့်နေသူများလည်းရှိသည်
မျိုးဆက်သစ်များအတွက် လုနိုင်မှရမည်ဆိုတဲ့ အတွေးအခေါ်ကို
လက်ဆင့်ကမ်းပေးသော ဓလေ့ဟုထင်သည်
ဒီကိစ္စ အားလုံးထင်ချင်သလို ထင်နိုင်ပါသည်
ရပ်ကွက်ထဲက ကိစ္စတွေဘက် ဆက်ပြောပါမည်
အမတ်တွေနဲ့ ဓါတ်ပုံတွဲရိုက်ချင်သူတွေရှိနေသည်ဟုကြားရသည်
အိမ်ပြန်ရောက်တုန်းအမတ်တွေ လမ်းသလားစေချင်သည်
ရပ်ကွက်ထဲမှာ ဘာတွေဖြစ်နေလဲ မြို့နယ်ထဲမှာဘာတွေဖြစ်နေလဲ
တိုင်းပြည်မှာဘာတွေဖြစ်နေလဲသိစေချင်သည်
ကလေးတွေခဏခဏ ပျောက်နေတယ်
သမီးပျိုအရွယ်တွေ တရုတ်ပြည်ကို ရောင်စားတာခံနေကြရတယ်
နာဂစ်ဒေသနာလံမထူတာရှိသေးတယ် ၊ ဂီရီဒေသ ပိုဆိုးသေးတဲ့
တာလေငလျှင် ဘာဆက်ဖြစ်သလဲ မသိဘူး
ပခုက္ကူရေးဘေး ပူပူနွေးနွေးပဲရှိသေးတယ်
တချို့နေရာ မီးပျက်နေတုန်းပဲ
လမ်းတွေမှာလဲ ချိုင့်တွေချည်းပဲ
ကျောင်းနားက မီးပွိုင့်တွေ ကျောင်းတက်ကျောင်းဆင်ချိန် ပျက်နေတုန်း
ဈေးနားက အမှိုက်ပုံကြီး ဒီအတိုင်းပဲ
မြောင်းတွေမှာလဲ ပုပ်စော်နံနေတုန်း
လူတွေထက် ကြွက်တွေက ပိုပြီးကျန်းမာရေးကောင်းနေကြသည်
မြို့ထဲက ဘစ်ကားခတွေ ဈေးမကျသေးပါဘူး
အချိန်မမှန်တဲ့ မြို့ ပတ်ရထားက ဈေးတက်ဦးမယ်တဲ့
ကချင်ပြည်နယ်မှာ စစ်တိုက်တာ မရပ်သေးဘူးတဲ့
ဆယ်တန်းအောင်ပြီး အလုပ်မရှိအကိုင်မရှိတွေ အများကြီးဖြစ်နေသည်
ဆယ်တန်းမအောင်တဲ့အလုပ်မရှိအကိုင်မရှိတွေက ပို ပို များသည်
ဆယ်တန်းအထိ ကျောင်းမနေရခဲ့တဲ့ အလုပ်မရှိ အကိုင်မရှိတွေက ပို ပို ပို များသည်

ဂျာနယ်ပုံမှန်ဖတ်ရင် ဒါတွေအားလုံးသိနိုင်သည်
ဂျာနယ်သတင်းထောက်တွေက စာအရေးအသားကောင်းကြသည်
ဲပြသနာတွေကို မျက်စိထဲပေါ်လွင်အောင် ရေးပြနိုင်ကြသည်
အဲဒီပြသနာတွေကို ဘယ်လိုဖြေရှင်းရင် ပြေလည်သွားမည်ဆိုတာကိုတော့ရေးမပြကြပါ
ဲပြသနာတွေအားလုံး ပြေလည်သွားရင် ဂျာနယ်တွေရောင်းအားကျသွားမှာ
စိုးသောကြောင့်ဟုထင်သည်
ဘယ်ဂျာနယ်ရောင်းအား ဘယ်လောက်ရှိလို့ ပိုင်ရှင်တွေ
ဘယ်လောက်ချမ်းသာသွားကြပြီးလဲသိချင်သည်
စိတ်ကူးတဲ့ရာလျှောက်ပြောရင်း ဘယ်ရောက်သွားမှန်းမသိပါ
ဂျာနယ်တွေကိုရော သတင်းထောက်တွေကိုပါ အားပေးပါ၏
ဂျာနယ်များရောင်းကောင်းအောင် ပြသနာများများ ဆက်လက်ရေးသားတော်မူကြပါကုန်
**eimmet mahotpar**

No comments:
Post a Comment