ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, November 11, 2011

Brian Tracyရဲ့အောင်မြင်ရေးဒဿန

>
အသက်(၇ဝ)နားနီးနေပြီးဖြစ်တဲ့ Brian Tracyဟာ ဆံပင်တွေ တစ်ခေါင်းလုံးဖြူနေပေမယ့် ခန္ဓာကိုယ်က လူငယ်တစ်ယောက်လို သန်မာနေဆဲဖြစ်တယ်။ ဒါဟာ နှစ်ကာလကြာ သူလေ့ကျင့်ခဲ့တဲ့ ကိုယ်ကာယရလဒ်ဖြစ်တယ်။ Tracyဟာ တခြားလူပြောတဲ့စကားကို နားထောင်တဲ့အခါ အာရုံစိုက်ပြီး အပြုံးမျက်နှာနဲ့ ခပ်ပြုံးပြုံးနားထောင်လေ့ရှိတယ်။ သူကိုယ်တိုင်စကားပြောတဲ့အခါမှာလည်း သံလိုက်စက်ကွင်းတစ်ခုဖြစ်အောင် သူဖန်တီးနိုင်တယ်။ ဒီလိုသံလိုက်စက်ကွင်းက နေရာမှာရှိတဲ့လူအားလုံးရဲ့ အာရုံကို ဖမ်းစားဆွဲငင်ထားနိုင်တယ်။
(Brian Tracy and bill gate)

Brian Tracyဟာ တစ်ချိန်က ဘီဂိတ်လ်ရဲ့ စီးပွားရေးလမ်းညွှန်ဆရာဖြစ်ခဲ့သလို Buffett၊ Michael Dell၊ Jack Welchတို့တောင် သူ့ဟောပြောပွဲကို တက်ရောက်ခဲ့ဖူးတယ်။ သူဟာ အမေရိကန်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး ဟောပြောသူ၊ အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေထဲက တစ်ဦးဖြစ်တယ်။ နိုင်ငံပေါင်း(၄ဝ)ကျော်မှာ ဟောပြောပွဲတွေ သူကျင်းပခဲ့သလို နိုင်ငံပေါင်း(၉ဝ)ကျော်ကိုလည်း သူရောက်ခဲ့ဖူးတယ်။

တခြား အောင်မြင်တိုးတက်ရေး ဟောပြောဆရာတွေနဲ့ မတူတဲ့အချက်က Brian Tracyဟာ သူ့အကြောင်း၊ သူ့ပုံပြင်ကိုပဲ နှစ်နှစ်ခြိုက်ခြိုက် ဟောပြောတတ်တာဖြစ်တယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် သူကိုယ်တိုင်ကိုက သက်ရှိထင်ရှား အရှင်လတ်လတ် အောင်မြင်ရေးသင်ခန်းစာတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။

"ကျွန်တော့်ဘဝလမ်းမကြီးက အစကတည်းက ညီညာဖြောင့်ဖြူးနေခဲ့တာ မဟုတ်ပါဘူး"

ဒီစကားကို Brian Tracy မကြာခဏပြောတတ်တယ်။ အကြောင်းက သူဟာ ဆင်းရဲသားမိသားစုက ပေါက်ဖွားခဲ့သူဖြစ်ပြီး အထက်တန်းမပြီးခင်မှာပဲ ကျောင်းရပ်နားခဲ့ရတယ်။

Brian Tracyကို ကယ်ရီဖိုးနီးယားပြည်နယ် San Diegoမှာမွေးဖွားခဲ့တယ်။ မိဘနှစ်ပါးက ကျပမ်းအလုပ်သမားဖြစ်တာကြောင့် ငယ်ငယ်လေးကတည်းက စားဝတ်နေရေးချိုတဲ့တဲ့ဘဝကို သူရင်ဆိုင်ခဲ့ရတယ်။ နှစ်အတန်ကြာပြီးနောက် ငယ်ဘဝကို သူပြန်ပြောင်းစဉ်းစားမိတိုင်း သူပြောတတ်တာက "အဲဒီတုန်းက အိမ်မှာအမြဲပြောဖြစ်၊ ကြားရတဲ့စကားတစ်ခွန်းက "ငါတို့ မဝယ်နိုင်ဘူး"ဆိုတာပဲဖြစ်တယ်"လို့ ဆိုတယ်။

အထက်တန်းမပြီးခင်မှာပဲ Brian Tracyကျောင်းနားခဲ့ရတယ်။ သူ့ရဲ့ပထမဆုံးအလုပ်က စားသောက်ဆိုင်ငယ်လေးတစ်ခုမှာ ပန်းကန်ဆေးတဲ့အလုပ်ဖြစ်တယ်။ နေ့တိုင်း ညနေ၄နာရီမှ နောက်တစ်နေ့မနက်အထိ သူအလုပ်လုပ်ခဲ့ရတယ်။ သူ့ရဲ့ဒုတိယအလုပ်က ကားရေဆေးတဲ့အလုပ်ဖြစ်တယ်။ အဲဒီကမှ ကုမ္ပဏီသန့်ရှင်းရေးအလုပ်ကို သူလုပ်ခဲ့တယ်။ ညနက်သန်းခေါင်ယံအထိ ကြမ်းပြင်တွေ သူဆေးကြောသုတ်သင်ခဲ့ရတယ်။ "တစ်သက်လုံးပဲ ငါဒီလိုအလုပ်မျိုးပဲ လုပ်ရတော့မလားလို့?" သူ့ကိုယ်သူ မေးခဲ့တယ်။

အသက်(၂ဝ)အရွယ်မှာ Brian Tracyဟာ နေရာအနှံ့ စလှည့်ပတ်ခဲ့တယ်။ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဒေါ်လာ(၃ဝဝ)နဲ့ အမေရိကတိုက်၊ ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက်တွေကို ဖြတ်သန်းခဲ့တယ်။ ခရီးစဉ်ရဲ့ မိုင်ပေါင်း၃သောင်းနီးနီးကို ကား၊ ခြေကျင်နဲ့ပဲ သူတို့ဖြတ်သန်းခဲ့တယ်။ အာဖရိကတိုက်က ဆာဟာရသဲကန္တာရကို Tracy ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ရတယ်။ အဲဒီမှာ "လူတိုင်းက ကိုယ့်ဆာဟာရသဲကန္တာရကို ဖြတ်ကျော်ရတယ်" ဆိုတဲ့အသိကို သူရခဲ့တယ်။

Tracyဟာ သူ့ဘဝကို သူစတင်ပြောင်းလဲဖို့ ကြိုးစားလိုက်တယ်။ နေ့တိုင်း ကာယအားနဲ့အလုပ်တွေ လုပ်ကိုင်ပြီးနောက် စာပေလေ့လာသင်ယူခြင်းကို အချိန်(၅)နာရီကြာ သူအသုံးပြုခဲ့တယ်။ ခွန်အားနဲ့ အလုပ်လုပ်သူတစ်ဦးက ဘာကြောင့် နေ့တိုင်း စာတွေကို ကျက်မှတ်နေရသေးသလဲ?ဆိုပြီး သူ့သူငယ်ချင်းတော်တော်များများက သူ့လုပ်ရပ်ကို နားမလည်ခဲ့ကြဘူး။ Tracyအတွက်တော့ အကြောင်းပြချက်က ရိုးရှင်းလှပါတယ်။ ဒါဟာ ဘဝကိုပြောင်းလဲဖို့အတွက် "ဒီလိုအလုပ်မျိုး ငါတစ်သက်လုံး မလုပ်ချင်ဘူး"လို့ သူကဆိုပါတယ်။

နောက်ကြောင်းကိုပြန်ကြည့်တော့ သူ့ဘဝမှာ ဘာလှည့်ပြောင်းမှတ်မှရှိခဲ့တယ်လို့ Tracyမထင်ခဲ့ဘူး။ ဘဝဆိုတာ အဆင့်ဆင့် မပြတ်ဆည်းပူးခြင်းရဲ့ရလဒ်လို့ပဲ သူသတ်မှတ်ခဲ့တယ်။ သူ့ဘဝကိုပြောင်းလဲခဲ့တဲ့ အကြောင်းရင်း(၃)ရပ်ရှိတယ်လို့ သူထင်ခဲ့တယ်။ အဲဒီအကြောင်းရင်းသုံးရပ်က---
(၁) ကိုယ့်ကိုယ်ကို တာဝန်ယူပါ။ ဘယ်တော့မှ ဆင်ခြေမရှာပါနဲ့။
(၂) ရည်မှန်းချက်ရဲ့တန်ဖိုးကို သိနားလည်အောင်လုပ်ပြီး အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။
(၃) လေ့လာသင်ယူခြင်းရဲ့တန်ဖိုးကို သိနားလည်အောင်လုပ်ပြီး အသက်ထက်ဆုံးအထိ စွဲမြဲသင်ယူပါ။

အနှစ်(၄ဝ)အတွင်းမှာ နေ့ရက်တိုင်းကို (၃)နာရီကြာအချိန်ပေးပြီး Tracyစာဖတ်ခဲ့တယ်။ အလုပ်များရက်၊ အားလပ်ရက်ပဲဖြစ်ပါစေ စာဖတ်တာကို သူအပျက်မခံခဲ့ဘူး။ အဲဒီလို ကြံ့ကြံ့ခံပြီး စွဲစွဲမြဲမြဲစာဖတ်ခဲ့ခြင်းက Tracyကို အချိန်မှန်မှန်စာဖတ်တတ်တဲ့ အကျင့်ကိုပေးခဲ့ရုံမက အသိပညာ၊ ဗဟုသုတနောက် အမြဲလိုက်လံတတ်အောင်လည်း ကျင့်ပေးခဲ့တယ်။ အထက်တန်းမပြီးခဲ့တဲ့ Tracyဟာ နောက်ဆုံးမှာ ကိုယ့်ကြိုးစားမှုနဲ့ တက္ကသိုလ်မှာဘွဲ့ရခဲ့ပြီး ဘွဲ့လွန်ပါဆက်တက်ခဲ့တယ်။

အောင်မြင်မှုဆိုတာ ရည်ရွယ်ချက်ကို လက်တွေ့ဆောင်ရွက်တာပဲဖြစ်တယ်လို့ Tracy ယူဆပါတယ်။ "၃%လူတွေလောက်ပဲ အနာဂတ်အတွက် အသေးစိပ်စီမံချက်ချထားတယ်။ ၉၇% လူတွေက အနာဂတ်အတွက် ဘာစီမံချက်မှမချထားဘူး။ ယေဘုယျအားဖြင့်ပြောရရင် စီမံချက်ချထားတဲ့လူမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ကြတယ်။ စီမံချက်ချမထားတဲ့လူက အဲဒီ စီမံချက်ချထားတဲ့လူတွေဆီမှာ အလုပ်လုပ်ကြရတယ်" လို့ Tracyကပြောခဲ့တယ်။

Tracyဟာ နှစ်အတော်ကြာ ကိုယ်တိုင်လက်တွေ့ဆောက်ရွက်ချက်နဲ့ လေ့လာကြည့်ရှုချက်အရ အထွတ်ထိပ်လူတွေက အနာဂတ်အတွက် အမြဲတွေးတောပြီး သာမညလူတွေက ပြီးခဲ့တာတွေကို အမြဲတွေးတောကြောင်း တွေ့ရှိခဲ့တယ်။

"တော်ထက်တဲ့လူတွေက စတင်မလှုပ်ရှားခင် အနာဂတ်အတွက် ပစ်မှတ်တစ်ခု/ရည်ရွယ်ချက်တစ်ခုကို အရင်ရေးဆွဲတယ်။ ပြီးရင် အဲဒီပစ်မှတ်အတွက် အခုချိန်မှာဘာလုပ်သင့်တယ်ဆိုပြီး ပထမခြေလှမ်းကို စလှမ်းတယ်။ လူတိုင်းမှာ ဘဝနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အတွေးအမြင်တွေ ရှိကြတယ်။ ဒါပေမဲ့ ပထမခြေလှမ်းကို စမလှမ်းခဲ့ကြဘူး"

"သဘာဝလောက,က မျက်လှည့်ဆရာတစ်ဦးနဲ့တူတယ်။ သူဟာ သင့်ရှေ့မှာ လိုက်ကာတစ်ခု ကာထားပေးတယ်။ သင်ရှေ့တစ်လှမ်းတိုးတိုင်း လိုက်ကာက အလိုလို နောက်တစ်လှမ်းရွေ့တယ်။ တကယ်လို့ ဒီခြေလှမ်းကို သင်မလှမ်းရင် ရှေ့ကအခြေအနေကို သင်ပြတ်ပြတ်သားသား တွေ့မြင်နိုင်မှာမဟုတ်ဘူး။ အနာဂတ်အတွက် စီမံချက်ကို သိပ်စေ့စေ့စပ်စပ် စီမံထားစရာမလိုပါဘူး။ အဓိက,က ပထမခြေလှမ်းကို သင်စလှမ်းဖို့ပါပဲ"

Tracy က လှုပ်ရှားမှုကို လက်ကိုင်ထားသူဖြစ်တယ်။

"အောင်မြင်မှုမှာ လှုပ်ရှားမှုက အဓိကဖြစ်တယ်။ အောင်မြင်သူတွေက လှုပ်ရှားမှုကို ဦးထိပ်ထားသူတွေဖြစ်တယ်။ သူတို့ဟာ အတွေးစိတ်ကူးတစ်ခုခုရှိတာနဲ့ ချက်ချင်း လက်တွေ့ဆောက်ရွက်သူတွေဖြစ်တယ်။ လက်တွေ့ဆောင်ရွက်တဲ့နေရာမှာ ရလဒ်နှစ်မျိုးရှိတယ်။ (၁)အောင်မြင်နိုင်တယ်၊ (၂)ကျရှုံးနိုင်တယ်။ အောင်မြင်ခြင်းမှာ ရှုံးနိမ့်ခြင်းက တသီကြီး လိုက်ပါအဖော်ပြုတယ်။ အောင်မြင်ခြင်းဆိုတာ ရှုံးနိမ့်ခြင်းတွေ စုပြုံထားတာပဲဖြစ်တယ်။ ဒါကြောင့် သင်ကြိုးစားလုပ်ခဲ့ရင် ရှုံးနိမ့်လိမ့်မှာမဟုတ်ဘူး"

"ရှုံးနိမ့်မှာမကြောက်နဲ့။ အဓိက,က လှုပ်ရှားမှု၊ လုပ်ဆောင်ချက်ပဲ လိုတယ်။ တရုတ်နိုင်ငံကနေ အမေရိကန်ကိုပျံတဲ့ လေယာဉ်တွေဟာ ၉၉%အချိန်လောက်က အစီအစဉ်ဆွဲထားတဲ့လမ်းကြောင်းထဲ လမ်းလွဲပျံသန်းတတ်ကြတယ်။ ဒါပေမဲ့ လေယာဉ်အများက သတ်မှတ်ချိန်အတိအကျ ဆိပ်ရောက်ကြတယ်။ ဒါဟာ လှုပ်ရှားနေစဉ်အတွင်းမှာပဲ ကိုယ့်အမှားကို သူတို့မပြတ်ပြင်ဆင်လို့ဖြစ်တယ်။ လူ့ဘဝခရီးဟာလည်း ဒီအတိုင်းပဲဖြစ်တယ်။ လှုပ်ရှားရင်း၊ ပြင်ဆင်ရင်း၊ ပန်းတိုင်အထိ ရှေ့ဆက်တယ်" လို့ Tracyက ဆိုပါတယ်။

မူရင်း-- D Men ပြုစုရေးသားသော The Secret of Success.... စာအုပ်မှ

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

*--
*Don't worry. Be Happy ,*
**Moe Moe.

--

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)