ကမ္ဘာကျော်ပန်းချီဆရာ 'ဗင့်ဆင့်ဗန်းဂိုး' ဟာ အဆုံးစီရင်ခဲ့ခြင်းမဟုတ်ကြောင်း၊တကယ်တော့ ၎င်း နဲ့ သိကျွမ်းတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ လက်ချက်ကြောင့်
မတော်တဆသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဗန်ဂိုး အတ္ထုပ္ပတ္တိ စာအုပ်အသစ် Van Gogh:
The Life မှာစာရေးဆရာ 'စတီဗင်နိုင်ဖေး' နဲ့ 'ဂရက်ဂိုရီဝှိုက်စမစ်' တို့က
ရေးသားတင်ပြထားပါတယ်။
စတီဗင်နဲ့ ဂရက်ဂိုရီတို့ဟာ ဘာသာပြန်ဆရာနှင့် သုတေသီ ၂၀ဦးထက်မနည်း အကူအညီယူကာ
ဆယ်နှစ်တိုင်တိုင် သုတေသနလုပ်ပြီးနောက် အခုလိုကောက်ချက်ချလိုက်ခြင်းဖြစ်ပါတယ်။
ဟောလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ဗန်ဂိုးပြတိုက်မှ တာဝန်ရှိသူတွေက
၎င်းတို့ရဲ့အဆိုဟာစိတ်ဝင်စားစရာကောင်းပြီး ပြဇာတ်ဆန်ကြောင်းပြောကြပါတယ်။ သို့တစေ
ဗန်ဂိုးသေဆုံးမှုနှင့်ပတ်သက်လို့ အဖြေမရှိတဲ့မေးခွန်းတွေ အများ
ကြီးကျန်သေးကြောင်း၊ ၎င်း အဆုံးစီရင်ခြင်းမဟုတ်ကြောင်း ပြောဖို့ဟာ
စောလွန်းကြောင်း ပြတိုက်မှူး 'လီယိုဂျန်ဆင်' ကပြောပါတယ်။
ယခုတင်ပြချက်အသစ်တွေကြောင့် ဆွေးနွေးငြင်းခုံမှုတွေ အများကြီးပေါ်ပေါက်
လာနိုင်တယ်လို့လည်း ၎င်းကဖြည့်စွပ်ပြောပါတယ်။
ဗန်ဂိုးဟာ ၁၈၉၀ ပြည့်နှစ်က အသက် ၃၇နှစ်အရွယ် ပြင်သစ်နိုင်ငံ၊
သြဗားစ်ဆာရ်အွိုက်စ် အရပ်မှာသေ ဆုံးခဲ့ပါတယ်။ ဒတ်ခ်ျလူမျိုးဖြစ်တဲ့ ဗန်ဂိုးဟာ
ပန်းချီဆွဲဖို့ ဂျုံခင်းတွေဆီ ခြေကျင်လျှောက်သွားလို့ရတဲ့ 'သြဘာ့ဂ်ဗူး'
တည်းခိုခန်းမှာနေထိုင်ခဲ့ပါတယ်။ ဗန်ဂိုးဟာ ဂျုံခင်းထဲမှာ ၎င်းဘာသာ
သေနတ်နဲ့ပစ်ပြီး တည်းခိုခန်း သို့ပြန်လာကာ သေဆုံးသွားတယ်လို့ယူဆခဲ့ကြပါတယ်။
'ဗန်ဂိုးဟာ သူ့ကိုယ်သူသေနတ်နဲ့ပစ်ဖို့ ဂျုံခင်းထဲကို သွားတာမဟုတ်မှန်း
ကျွန်တော်တို့ ရှင်းလင်းစွာသိ ရပါတယ်။ သြဗားစ်မြိုက သူ့ကိုသိတဲ့လူတွေက
ကောင်လေးနှစ်ယောက်လက်ချက်ကြောင့် ဗန်ဂိုးမတော်တဆ သေဆုံးသွားခဲ့ရကြောင်း။
၎င်းတို့နှစ်ယောက်အပြစ်တင်မခံရအောင် သူကဖုံးကွယ်ခဲ့ကြောင်း နားလည်လက်ခံ ခဲ့ပါတယ်'
လို့စာရေးဆရာ 'စတီဗင်' ကပြောပါတယ်။
၁၉၃၀ပြည့်နှစ်များအတွင်းက သြဗားစ်မြို့ကိုသွားလည်တဲ့
နာမည်ကြီးပန်းချီသမိုင်းပညာရှင် ဂျွန်ရီဝေါလ်ဟာ အဲဒီအဖြစ်ပျက်တွေကို
မှတ်တမ်းတင်ခဲ့ပြီး။ အဲဒီသီအိုရီဟုတ်မှန်ကြောင်း သက်သေပြတဲ့တခြား
အချက်အလက်တွေထဲမှာ ကောင်လေးတွေ လက်ထဲရှိသေနတ်မှ မတော်တဆထွက်သွားတဲ့ကျည်ဆံက
ဗန်းဂိုး ရဲ့ဝမ်းဗိုက်အထက်နားသို့ရွှဲ့စောင်းပြီးဝင်သွားကြောင်း၊
အဆုံးစီရင်မှုမှာတွေ့နိုင်ဖွယ်ရှိတဲ့ ကျည်ဆံတည့်တည့် ဝင်သွားခြင်းမဟုတ်ကြောင်း၊
အခိုင်အမာတင်ပြချက်တွေ ပါဝင်ပါတယ်။
'ကောင်လေးနှစ်ယောက်အနက် တစ်ယောက်က အမေရိကန်မြင်းစီးနွားကျောင်းသားလို ဝတ်ဆင်ထား
ပြီး ချွတ်ယွင်းချက်ရှိတဲ့ ခြောက်လုံးပြူးသေနတ်တစ်လက်ကိုင်ထားတယ်။ အဲဒီနေ့က
ဗင်ဆင့်ဗန်ဂိုးနဲ့သူတို့ နှစ်ယောက်အရက်အတူသောက်ကြတယ်။ ကဲ….ပျက်နေတဲ့
သေနတ်တစ်လက်ပါတဲ့ ဆယ်ကျောက်သက် ကောင်လေးနှစ်ယောက်ရယ်၊ ကောင်းဘွိုင်လုပ်ချင်တဲ့
ကောင်လေးတစ်ယောက်ရယ် အရက်မူးနေတဲ့ လူသုံးဦး ရယ်ရှိနေတယ်။
အဲဒီမတော်တဆလူသတ်မှုဖြစ်ဖို့ ဖြစ်နိုင်ခြေပိုရှိတာပေါ့' လို့ စတီဗင်က
ရှင်းပြပါတယ်။
` 'ကောင်လေးနှစ်ယောက်အနက်တစ်ယောက်က သေနတ်ကိုင်ထားတယ်ဆိုတာ
စိတ်ကူးကြည့်ဖို့မလွယ် ဘူး။ သူတို့နှစ်ယောက် ဗင်ဂိုးကို သတ်ဖို့
ရည်ရွယ်ထားဖို့ကလည်းသိပ်မဖြစ်နိုင်ဘူး' လို့စတီဗင်က ဖြည့်စွပ်ပြော ပါတယ်။
ဗင်ဂိုးသေကြောင်းကြံချင်တာမဟုတ်ဘူး။ ဒါပေမယ့် သူသေဖို့အကြောင်းဖန်လာတော့
အဲဒါကို သူက ကြိုဆိုလက်ခံလိုက်တာပဲ' လို့ ဂရက်ဂိုရီဝှိုက်စမစ်က ပြောပါတယ်။

မရဏကို ဗန်ဂိုး လက်ခံခြင်းဟာ သူ့ကြောင့် ဝန်ပိနေတဲ့ သူ့ညီ 'သီအို'
ကိုချစ်လို့လုပ်လိုက်တာဖြစ်တယ်။ အဲဒီအချိန်တုန်းက ဗန်ဂိုးပန်းချီကားတွေ
မရောင်းရလို့ သီအိုက သူ့ကိုထောက်ပံ့ထားရတယ် လေ' လို့ ဂရက်ဂိုရီက ပြောပါတယ်။
စတီဗင်နဲ့ ဂရက်ဂိုရီတို့ရဲ့ တခြားဖွင့်ချချက်တွေထဲမှာ အောက်ပါအချက်တွေလည်း
ပါဝင်ပါတယ်။
-ဗန်ဂိုးဟာ နောင်အခါမှာ စိတ်ရောဂါကုဆေးရုံ သူ့ဘာသာမတတ်ခင် သူ့မိသားစုက သူ့ကို
အဲဒီဆေးရုံး အတင်း အဓမ္မပို့ဖို့ ကြိုးစားခဲ့ပါတယ်။
-ဗန်ဂိုးဟာ တရားဟောဆရာဖြစ်တဲ့ သူ့ဖခင်ကြီးနဲ့
ဒေါသတကြီးရန်ဖြစ်ခဲ့လို့၎င်းကိုသတ်ဖြတ်သူအဖြစ် သူ့မိသား
စုဝင်တစ်ချို့ကစွပ်စွဲကြတယ်။
-ရှုးသွပ်မှုနဲ့ စိတ်ကျဝေဒနာတို့ ကူးစက်နေတဲ့ ဗန်ဂိုးရဲ့ရောဂါဟာ
အတတ်ရောဂါအမျိုးအစား တစ်ခုရဲ့ရလာဒ်ဖြစ် ပါတယ်။
၁၇-၁၀-၁၁နေ့က ဖြန့်ချီတဲ့ Van Gogh: The Life စာအုပ်ဟာ ကျုံလှီပြီး
ချွတ်ယွင်းချက်ရှိတဲ့ ဗန်ဂိုး အပေါ်ပိုပြီးနားလည်ပေးနိုင်ဖို့
နောက်ပြီးသူရဲ့အနုပညာကို အောင်မြင်မှုအဖြစ် ပိုပြီးသဘောထားဖို့ အထောက်
အကူပြုကြောင်း ဂရက်ဂိုရီက ပြောပါတယ်။ စတီဗင်နဲ့ ဂရက်ဂိုရီတို့ဟာ မှတ်စုပေါင်း
၂၈၀၀၀ပါဝင်တဲ့ ကွန်ပျူတာ data base တစ်ခု ဖန်တီးဖို့အတွက် ယခင်က
ဘာသာပြန်ခဲ့ခြင်းမရှိတဲ့ ဗန်ဂိုးရဲ့ပေးစာတွေ ထောင် ချီပြီး လေ့လာခဲ့ကြရကြောင်း
သိရပါတယ်။

ဘီဘီစီအနုပညာဏ္ဍ အယ်ဒီတာဝီလ်ဂွမ်းပါ့ဇ်ရဲ့ Van Gogh: The Life
စာအုပ်နဲ့ပတ်သက်လို့ဆန်းစစ် လေ့လာချက်အကျဉ်းကို ဆက်လက်ဖော်ပြပါတယ်။ Van Gogh:
The Life စာအုပ်ဟာ စာမျက်နှာ ၉၀၀ကျော် ရှိပြီး ပန်းချီအနုပညာကို
ထာဝရပြောင်းလဲပေမယ့် ပန်းချီရေးဟန်လို့ မိတ်ဆက်ခဲ့တဲ့ပန်းချီဆရာတစ်ယောက်ရဲ့
အတ္ထုပ္ပတ္တိကို အသေးစိတ်သုတေသနပြုပြီး ရေးသားထားပါတယ်။ ဗန်ဂိုးဟာ ၁၀
နှစ်တာအတွင်း ပန်းချီကားများ ကိုရေးဆွဲခဲ့သူပါ။
စာအုပ်အဆုံးပိုင်းအခန်းတို့်မှာ စာရေးဆရာနှစ်ဦးက အတိဒုက္ခရောက်နေတဲ့
ဗန်ဂိုးကို မကြာခဏနှိပ်စက်ခဲ့တဲ့ 'ရီနီးစီးကရီတန်' ဆိုသူ ၁၆ နှစ်သားကလေးက
သေနတ်နဲ့ပစ်ခတ်ခဲ့ပုံကို အစပျိုးရေး သားထားပါတယ်။ ဗန်ဂိုးဟာ
၎င်းစက်ဆုပ်ရွံမုန်းတဲ့ ကောင်လေးအပြစ်မတင်ခံရအောင် ဘာကြောင့်ဖုံးကွယ် သလဲဆိုတာနဲ့
ပတ်သက်လို့ ဗန်ဂိုးက သေမင်းကိုကြိုဆိုလို့ဖြစ်ကြောင်း၊ သူကိုသေခွင့်ပေးတဲ့
အဲဒီကောင်လေး အပြစ်တင်မခံရအောင်ဘာကြောင့် ဖုံးကွယ်သလဲဆိုတာနဲ့ပတ်သက်လို့
ဗန်ဂိုးက သေမင်းကို ကြိုဆိုလို့ဖြစ် ကြောင်း၊ သူ့ကိုသေခွင့်ပေးတဲ့
ဒီကောင်လေးနှစ်ယောက်ကို လူသိရှင်ကြားအရေးယူစစ်ဆေးမှာကို မလိုလား ကြောင်း၊
စာရေးဆရာနှစ်ဦးက ရှင်းပြထားပါတယ်။
'ဘယ်သူကိုမှမစွပ်စွဲပါနဲ့ သတ်သေချင်တဲ့လူက ကျွန်တောပါ'လို့ဗင်းဆင့်ဗန်ဂိုးက
ပြောခဲ့ပုံကိုတော့ ၎င်းတို့က သိပ်အလေးမထားကြပါဘူး။
ဗန်ဂိုးသေဆုံးမှုနဲ့ပတ်သက်တဲ့အမှန်တရားကတော့ အဲဒီအဖြစ်အပျက်နဲ့
ပတ်သက်လို့အံ့သြစရာကောင်းလောက်အောင် အနည်းငယ်မျှသာ လူတွေသိရှိခြင်းဖြစ်တယ်လို့
စတီဗင်နဲ့ ဂရက်ဂိုရီ တို့က စာအုပ်ထဲမှာရေးသားပါတယ်။ အဲဒါကြောင့်
ထင်ကြေးပေးခွင့် အများကြီးဆက်ရှိနေအုံးမှာပါ။
Ref: BBC news.17.10.11
**စိုးသိဏ်း**
**ဗင်းဆင့်ဗန်းဂိုး(၁၈၅၃-၁၈၉၀)**
*အသက်ရှင်နေစဉ်ကာလအတွင်း သိပ်တန်ဖိုးထားခြင်းမခံရသော ဒတ်ခ်ျ လူမျိုးပန်းချီဆရာ။
*ပန်းချီဆရာသက်တမ်း ၁၀ ခန့်သာရှိ။ ၁၈၉၀ပြည့်နှစ် အသက်၃၇နှစ်အရွယ်၌ကွယ်လွန်။
*Sunflower နှင့် Starry Night ကဲ့သို့ အရောင်အသွေးစုံလင်သော အင်ပရက်ရှင်းနစ်
ပန်းချီကားများကြောင့် ၎င်းကွယ်လွန်ပြီးနောက်ပိုင်း၌ မြတ်နိုးကြည်ညိုခြင်း ခံရ။
(ပြည်သူ့ခေတ်၊ အတွဲ(၂)၊ အမှတ်(၆၆) မှ)
--
Posted By လူဗိုလ်
**From--မာမာ**
ကမ္ဘာကျော်ပန်းချီဆရာ 'ဗင့်ဆင့်ဗန်းဂိုး' ဟာ အဆုံးစီရင်ခဲ့ခြင်းမဟုတ်ကြောင်း၊
တကယ်တော့ ၎င်း နဲ့ သိကျွမ်းတဲ့ လူငယ်လေးနှစ်ယောက်ရဲ့ လက်ချက်ကြောင့်

No comments:
Post a Comment