ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 10, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>
**ဆူမတြားကျွန်းတွင် ကလေးငယ်တစ်ဦး ကျားကိုက်ခံရ**

အင်ဒိုနီးရှားနိုင်ငံ ဆုမတြားကျွန်းတွင် နိုဝင်ဘာ ၇ ရက်က ကျားတစ်ကောင် ကိုက်ဖြတ်ခဲ့ရမှုကြောင့် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက သတင်းထုတ်ပြန်သည်။ ဖစ်ရီးယားဘင်တီဂျူဒင်အမည်ရှိ အဆိုပါမိန်းကလေးငယ်သည် ကီပါဟိုင်ခရိုင်အတွင်းရှိ သစ်တောတစ်ခုအနီး သူမ၏ ညီအစ်ကိုမောင်နှမများနှင့် ဆော့ကစားနေစဉ် ကျားတစ်ကောက်ရုပ်တရက် ထွက်ပေါ်ကာ သူမအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာသဘာဝသစ်တော ထိန်းသိမ်းရေးအကြီးအကဲတစ်ဦးက ပြောကြားသည်။ အဆိုပါ တောရိုင်းဒေသတွင် ဆူမတြားကျားအကောင် ၄၀၀ ကျော်ရှိကြောင်း သိရသည်။ (အင်တာနက်)

**ဗီယက်နမ်နိုင်ငံ၌ မိုးသည်းထန်ပြီး ရေကြီး သေဆုံးသူ ခုနှစ်ဦးနှင့် ပျောက်ဆုံးသူ သုံးဦးရှိ**
(ဟနွိုင်း၊ နိုဝင်ဘာ ၈)
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရက်ဆက်ရွာနေသဖြင့် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်နေသည်။ နိုဝင်ဘာ ၈ ရက်တွင် ထိုသဘာဝရေဘေးကြောင့် သေဆုံးသူ အနည်းဆုံးခုနုစ်ဦးရှိပြီး သုံးဦးပျောက်ဆုံးလျက်ရှိသည်။ ကုန်းမြင့်ဒေသပိုင်းရှိ ကားလမ်းများစွာမှာ ရာသီဥတု အခြေအနေဆိုးရွားမှုကြောင့် ပိတ်ဆို့မှုများဖြစ်ကာ နယ်မြေများစွာ အဆက်အသွယ်ပြတ်တောက်နေသည်။ အလယ်ပိုင်း ကွမ်နင်းပြည်နယ် မြေနိမ့်ပိုင်းတွင် နေထိုင်သူ ပြည်သူ ၁၀၀၀၀၀ ခန့်ကို ရေကြီးမှုမှ ဝေးရာသို့ ပြောင်းရွှေ့ပေးထားရသည်။ ယင်းသို့ ကယ်ဆယ်ပြောင်းရွှေ့ပေးရသည့် ဦးရေအရေအတွက် ဆက်လက်များပြားလာနိုင်ဖွယ်ရှိကြောင်း လေမုန်းတိုင်းနှင့် ရေကြီးမှုဘေးထိန်းသိမ်းရေး ဌာနက ပြောကြားသည်။ အလယ်ပိုင်းပြည်နယ်များတွင်မိုးဆက်လက်ရွာသွန်း နေမြဲဖြစ်ရာ မိုးရေချိန်သည် ပျှမ်းမျှ ၂၀၀ မီလီမီတာနှင့် ၃၀၀ မီလီမီတာကြားသို့ ရောက်ရှိနေသည်။ ထိုထက်ပို၍ မိုးရေချိန်မြင့်တက်လာပါက အရေးပေါ်အဆင့် ၃ သတိပေးချက်ထုတ်ပြန်၍ မြို့အားလုံးတွင် ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ရတော့မည်ဖြစ်ကြောင်း အဆိုပါဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။(အင်တာနက်)

**တရုတ်နိုင်ငံတွင် အင်းအားပြင်ငလျင်လှုပ် ရစ်ခ်ျတာစကေးခုနစ်အဆင့်ရှိ**
(ပေကျင်း၊ နိုဝင်ဘာ ၈)
အရှေ့တရုတ်ပင်လယ်တွင် အင်္ဂါနေ့ နံနက် ၁၀ နာရီ ၅၉ မိနစ်က ရစ်ခ်ျတာစကေး ၁၀ နာရီ ၅၉ မိနစ်က ရစ်ခ်ျတာစကေး ၇ ဒသမ ၀ ရှိ အင်အားပြင်း ငလျင်လှုပ်သွားကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာက ကြေညာသည်။အဆိုပါ ငလျင်သည် မြှောက်လတ္တလီတွဒ် ၂၇ ဒသမ ၂ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၁၂၅ ဒသမ ၉ ဒီဂရီအကြား မြေအောက်အနက် ၂၂၀ ကီလိုမီတာအကွာတွင် လှုပ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြသည်။ (အင်တာနက်)

**ဖိလစ်ပိုင်တောင်ပိုင်း၌ ငလျင်လှုပ် အဆောက်အအုံအချို့ပျက်စီး**
(ဒါဗာရိုစီးတီး၊ နိုဝင်ဘာ ၈)
အဆိုပါ ငလျင်သည် ဘူကစ်နွန်ပြည်နယ် မင်ဒါနာရိုမြို့ ဗလင်စီယာအရပ်နှင့် မာလေဘာလေမြို့များတွင် ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က လှုပ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်မှုကြောင့် အိမ်နှင့်အဆောက်အအုံများ လှုပ်ခါခဲ့ပြီး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ငလျင်ဗဟိုမှာ မင်ဒါနာရိုမြို့ မြောက်ပိုင်း ၈၅ ကီလိုမီတာခန့်အကွာ မြေအောက်အနက် ၈၆ ဒသမ ၅ ကီလိုမီတာကို ဗဟိုပြုလှုပ်သွားခြင်းဖြစ်သည်။ ထို့ကြောင့် မင်ဒါနာရိုမြို့တွင် နေအိမ်များပျက်စီးခဲ့ရသည်။ ငလျင်လှုပ်မှုကြောင့် ၄င်းမြို့တွင် မြေပြိုမှုများလည်းဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်ငလျင်ရပ်ဝန်းအတွင်း ကျရောက်နေသဖြင့် ငလျင်မကြာခဏလှုပ်မှု ဖြစ်ပွားလေ့ရှိသည်။ (အင်တာနက်)

**ကမ္ဘာမြေအနီး ဂြိုဟ်သိမ်တစ်ခုဖြတ်သန်း**
(နာဆာ၊ နိုဝင်ဘာ ၈)
ပေ ၁၃၀၀၀ အကျယ်ရှိ ဂြိုဟ်သိမ်တစ်ခုသည် အင်္ဂါနေ့က ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားခဲ့ကြောင်း၊ ယင်းဂြိုဟ်သိမ်မှာ လကမ္ဘာထက်ပင်ပို၍ ကမ္ဘာနှင့် နီးကပ်ခဲ့ကြောင်း နာဆာတာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ ဂြိုဟ်သိမ်ကို 2005 YU551J ဟု အမည်ပေးထားပြီး ကမ္ဘာမြေနှင့် ကီလိုမီတာ ၃၂၅၀၀၀ အကွာအဝေးမှ ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ၂၈ မိနစ်တွင် ဖြတ်သန်းသွားခဲ့ကြောင်း၊ ယင်းဂြိုဟ်သိမ်မှာ နှစ်ပေါင်း ၂၀၀ အတွင်း ကမ္ဘာမြေနှင့်အနီးဆုံးဖြတ်သန်းသွားခဲ့သည့် ဂြိုဟ်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ၊မိုးမြင့်လင်းလက်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)