ငါနဲ့ဝေးရာအရပ်ကို ငါပြေးနေတယ်
ငယ်ငယ်ရွယ်ရွယ်နဲ့အမှန်တရားကိုရှာဖွေတွေ့ရှိခြင်းဟာ အမှန်တရားတစ်ခုမဖြစ်နိုင်ဘူး။
လွယ်လွယ်နဲ့ပြေးလို့မလွတ်ပါဘူး။ထိုမှတဖန် ရိုးတွင်းချဉ်စီများအားလုံး မိုက်မိုက်မဲမဲ
ပိုးလိုးပက်လက်လန်သေဆုံးသွားပြီ။ငါ့ကိုကယ်ပါ ငါ့ကိုသတ်ပါ ဒီအိမ်မည်းကြီးဟာ
ပစ်စလက်ခတ် ကြောက်စရာကောင်းချင်တိုင်းကောင်းနေတယ် ဝေးဝေးပြေးလို့မရပါဘူး။
မှတ်သားဖွယ်ရာအခြေအနေဟာအရင်နဲ့မတူဘူး။ဇောက်ကို နက်သထက်နက်အောင်တူးပါ။
ပြီးရင် ငါ့ကိုမြေမြုပ်ပါ။မဆိုင်းမတွခံယူချက်ဟာ ရှေ့ပြေးနိမိတ်မဟုတ်ဘူး မနီ။
ဒီလက်နှစ်ဖက်ဟာ မနီကိုသတ်ဖို့ မွေးဖွားလာခြင်းဖြစ်တယ်၊ကိုယ့်ကိုကိုယ် မလိုတမာစွာ ကိုက်ခဲပစ်။
ထိတွေ့ဆော့ကစားဖို့အတွက် မနီ ရင်သားဟာကြီးမားပါတယ်။ချွတ်ချွတ်တွန့်လိန်နေတဲ့ အမှောင်ထဲမှာ
ထားခဲ့ပါ။ဝေးဝေးကြီးပြေးပါ။ကုတ်ကပ်တွယ်ကပ်မိပြီး ဒီနေရာမှာပဲထားပစ်ခဲ့ပါ။
သံမဏိကြိုးနဲ့ချည်ပြီး ရေထဲမှာတွဲလောင်းချိတ်ထားပါ။
အစစ်အမှန် အမှန်တရားဟာလူယုတ်မာတွေအတွက် မလိုအပ်ဘူး မနီ။
ချော့သိပ်ပါ ငါဟာ မနီကို အလှပဆုံးဖန်ဆင်းပြနိုင်မယ့်တစ်ဦးတည်းသော လူသားတစ်ယောက်ဖြစ်တယ်။
ရင်ချင်းအပ်ထားပါ၊တဖိတ်ဖိတ်တောက်နေတယ် မနီ မျက်လုံးသေတွေ၊ချွေးစေးတွေပျံနေပြီ
မနီဟာ လှလှပပလူးလူးလွန့်လွန့် တုန်ယင်နေပြီ မနီကို သတ်မှဖြစ်တော့မယ်၊
ငါ့ကို ကိုးကွယ်ပါ မပြီးဆုံးတော့တဲ့ ပစ္စုန်ပန်ဟာ မနီရဲ့ ရင်သားမြတ်ပဲ
လေးတွဲ့တဲ့ အသံတွေပတ်ပတ်လည်ကိုဖြန့်ကျဲချလိုက်တယ်
တစ်ကိုယ်လုံးဟာ ရစရာမရှိတော့အောင်ပျောက်ပျက်လွင့်စင် ဟိုး....အဝေးသို့။
အိုး............အရာခတ်သိမ်းဟာ ငါ့ကိုနှိပ်စက်ဖို့အတွက် ပေါ်လာခြင်းပဲဖြစ်
ဒါပေမယ့် အရိပ်ဟာ ဘယ်တော့မှအကောင်အထည်ဖြစ်လာမှာမဟုတ်ဘူး မနီ။
(ကဗျာဆရာ=အနုပညာ) (ဘာသာစကားများဖျက်စီးခံရခြင်း)
(ဘာသာစကားများလွတ်လပ်ရိုင်းစိုင်းစွာထွက်ပေါ်လာခြင်း)
(ဘာသာဗေဒများစော်ကားခံရခြင်း)
ဝမ်းနည်းပါတယ်။ထပ်ပိုပြီးဝမ်းနည်းပါတယ်။တွန့်လွန့်တွန့်လွန့်နဲ့ထွက်ကျလာတာ ဘာလဲ မနီ။
ကမ္ဘာ့လူဦးရေများပြားလာခြင်းနဲ့ကိုယ်ကိုကိုယ် သတ်သေမှုများပြားလာခြင်း
မနီနဲ့ငါနဲ့တွေ့ဆုံပြီးနောက်ပိုင်း ပိုအဖြစ်များလာတယ်။
မနီ . . . ငါ့ကိုသတ်ပါ အစွန်းရောက်ဝါဒီသမားတွေကိုသတ်ပါ နိုင်ငံတော်ကိုသတ်ပါ
ဘာသာခြားတွေကိုသတ်ပါ ကဗျာဆရာတွေကိုသတ်ပါ စောက်သုံးမကျတဲ့ဆရာတွေကိုသတ်ပါ
အားလုံးကိုပျော်ရွှင်စွာသတ်ဖြတ်သုတ်သင်ပြီးနောက် မနီ ကိုယ့်ကိုကိုယ်ပါသတ်သေပါ။
အဖွဲ့အနွဲ့ဟာဘာသာစကားသုံးစွဲမှုကိုလိုတာထက်ပိုပြီးမချိတင်ကဲဖြစ်စေလောက်အောင်မုန်းသွားပြီ။
ရေရှည်ဟာရေတိုထက်ပိုပြီးရှည်တယ်။လို့ဆိုရမလား။
အချိုးအကွေ့တွေပြောင်းလဲမှုနိမိတ်တွေကိုစောင့်ကြည့်ပြီးအပြီးအပိုင်ကျောခိုင်းလိုက်တယ်။
ငါနဲ့ဝေးရာကိုငါပြေးတယ်။ပြေးတယ်။လေဟာတိုက်ချင်သလိုငါ့ကိုပစ်တိုက်တယ်။
ခန္ဓာကိုယ်ကြီးဟာကြီးကောင်ကြီးမားနဲ့ ငါ့လက်တွေက ငါ့အသက်ကိုဒရွတ်ဆွဲခေါ်သွားတယ်၊
ဘယ်ဆီကိုလဲ။ကြမ်းခင်းဟာ သွေးအလိမ်းလိမ်းနဲ့ကျန်ရစ်ခဲ့တာ၊(အားလုံးမသေခင်အားလုံးမသေပါဘူး)
လှောင်အိမ်ထဲကငါးတွေကိုလွှတ်ပေးပါ။လှောင်အိမ်ထဲကခွေးတွေကိုလွှတ်ပေးပါ။တိရိစ္တာန်ရုံကြီးတစ်ခုလုံး
ပေါက်ကွဲလွင့်စင်ပါစေ။လှောင်အိမ်ထဲကလူတစ်ချို့ကိုလွှတ်ပေးပါ။ဘယ်တော့မှမတည်မြဲတာ လူတွေမှာပဲရှိတယ်။
လူတွေပဲ သိတယ်၊အခြေအနေဟာခံရခက်စေတယ်။မဟုတ်ဘူးအခြေအနေဟာ ခံယူမှုသက်သက်ပဲ၊
မနီရေ ကမ္ဘာကြီးမှာလူသားမျိုးနွယ်များပျက်စီးပျောက်သုဉ်းသွားတဲ့အခါ ငါ့ဘေးနားမှာရပ်ပါ။
ငါ့ပုခုံးကိုမှီပါ။ဆာလောင်မွတ်သိပ်လာရင် လက်မောင်းသွေးကိုကိုက်ဖောက်သောက်ပါ။
လက်ဖျံသားကိုလှီးစားပါ။ရင်ခွင်ကျယ်ကိုခင်းအိပ်ပါ။လျှို့ဝှက်မှုတွေပြည့်နေတဲ့ ငါ့ခန္ဓာဟာ မနီ အတွက်ပဲဖြစ်လိမ့်မယ်။
ကမ္ဘာကြီးဟာ မရိုးသားဘူးလို့ သူ့ကိုသူမြည်တမ်းရွတ်ဆိုနေလိမ့်မယ်။ ငါဟာအရှင်သခင်ပဲ မနီ၊
ငါဟာကျေးပိုင်ကျွန်စနစ်မှာ မွေးဖွားလာတဲ့တစ်ဦးတည်းသောလူသားပဲ၊
လုံလုံခြုံခြုံနေပါ မနီ။လည်ချောင်းဝကထွက်ပေါ်လာမယ့် မလိုတမာအသံတွေကို ရင်ခေါင်းထဲထိပြန်ဆွဲသွင်းပါ။
ခေတ်အခြေအနေဟာ အရင်အတိုင်းပဲ မနီ။မလိုအပ်ပဲမျက်လုံးတွေ မဖွင့်ပါနဲ့ နားတွေမဖွင့်ပါနဲ့။
တဖြည်းဖြည်း စိတ်ဝိဥာဉ်ဟာ ခန္ဓာကိုယ်ကို ရှောင်ဖယ်ခွာသွားတော့မယ်။
ငါနဲ့တူတူဝေးဝေးပြေးကြမယ် မနီ၊ငါ့ကိုထားခဲ့ပါ၊နင်လဲနေခဲ့ပါ၊
ဘာမှထပ်မဖြစ်လာတော့မယ့်ထူးခြားမှုဟာ ငါ့ကိုငါဘာများလဲ။
**ဇာတိ(ဖျာပုံ)**
2011

No comments:
Post a Comment