ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 15, 2011

သင့်ဘ၀ရဲ့ အိပ်မက်ကို တွေ့ရှိဖို့

>
မေးခွန်းတစ်ခုလောက် မေးချင်ပါတယ်။ ကျနော် သင့်ကို မေးနိုင်သမျှ မေးခွန်းတွေထဲမှာ ဒီမေးခွန်းဟာ အရေးအကြီးဆုံးပါပဲ။ ဒီမေးခွန်းကို သင် ၁၀ စက္ကန့်အတွင်း ဖြေနိုင်မယ်ဆိုရင်တော့ ကျနော် အံ့သြမိမှာပဲ။ လူအများစုက မဖြေနိုင်ကြဘူးလေ။ အဲဒီမေးခွန်းကတော့ – ဘ၀မှာ သင်ဘာကို အမှန်တကယ် လိုချင်သလဲ ? အတိအကျ ဖြေပေးပါ။
အတိအကျဆိုတာဟာ- ဘ၀မှာ သင်အလိုချင်ဆုံး ရည်မှန်းချက်တစ်ခု အပါအ၀င် သင့်ရဲ့ ဘ၀ကို သင် ဘယ်လိုနေထိုင်ချင်တယ်ဆိုတာကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ပါပဲ။ ဒီတော့ ” ပိုက်ဆံတွေအများကြီး လိုချင်တယ်” တို့၊ “အိမ်ကြီးကြီးမှာ နေချင်တယ်” ဆိုတဲ့ အဖြေတွေကို ဆိုလိုတာမဟုတ်ပါဘူး။ လူအတော်များများကတော့ အဲဒီလို ယောင်တိယောင်ဝါးအဖြေတွေကို ပေးကြပါတယ်။ အဲဒါက သူတို့ဟာ သူတို့ဘ၀မှာ ဘာကို အမှန်တကယ်လိုချင်တယ်ဆိုတာ တိတိကျကျ မသတ်မှတ်ရသေးဘူးလို့ ဖော်ပြနေတဲ့ သဘောပါပဲ။
အဖြေကို သိဖို့ ဘာကြောင့် သိပ်အရေးကြီးရသလဲဆိုတော့- အဲဒီအဖြေက သင့်ရဲ့ အိပ်မက်ကို လှစ်ဟပြမှာမို့လို့ပါပဲ။ သင့်ရဲ့ အိပ်မက်ဆိုတာ သင့်အတွက် အရေးအကြီးဆုံးအရာတစ်ခုပါပဲ။ အဲဒါက သင့်ကို လူသားတစ်ယောက်အနေနဲ့ရော၊ ပြီးတော့ သင့်ရဲ့ ပျော်ရွှင်မှုအတွက် အလွန်အရေးပါတဲ့ တစ်စုံတစ်ရာကို ဖော်ပြပေးပါလိမ့်မယ်။ ဒါဟာ သင့်ကိုယ်သင် စစ်မှန်တဲ့ ဖော်ပြချက်တစ်ခု ဖြစ်သလို၊ သင့်ဘ၀အတွက် ကြီးမားတဲ့ အဓိပ္ပါယ်နဲ့ ရည်မှန်းချက်ကိုလည်း ပေးပါလိမ့်မယ်။ ဒီတော့ သင့်ရဲ့ အိပ်မက်က ဘာလဲဆိုတာ သင် ဘယ်လိုသိနိုင်မလဲ။ လူတော်တော်များများက ပြောကြတယ် ” ကျနော့်ရဲ့ အိပ်မက်ကိုသာ စောစောစီးစီး သိခွင့်ရခဲ့မယ်ဆိုရင်ဗျာ … ” တဲ့။ သင့်မှာလည်း အဲလိုအတွေးမျိုး ရှိနေပြီဆိုရင်တော့ ဟောဒီမှာ- သင့်ရဲ့ အိပ်မက်ကို တိတိကျကျ သတ်မှတ်နိုင်ဖို့ ကျနော့်ရဲ့ ထိပ်တန်း အကြံပြုချက် (Top Tips) တွေကို ပေးလိုက်ချင်ပါတယ်။
၁။ သင့်ဘ၀မှာ သင်ဘာကို အမှန်တကယ် လိုချင်တယ်ဆိုတာ လေးလေးနက်နက်စဉ်းစားဖို့ အချိန်ယူပါ။ သင့်ကိုယ်သင် မေးပါ- ” ငါ လွတ်လွတ်လပ်လပ် ရွေးချယ်ရမယ်ဆိုရင်၊ ငါ့ဘ၀ရဲ့ နေ့ရက်တိုင်းကို ငါ ဘယ်လိုမျိုး ရှင်သန်ချင်သလဲ” ဒါဟာ တကယ်ကို လေးလေးနက်နက်စဉ်းစားရမယ့်အချိန်ပါ။ ဒီတော့ အဲဒီမေးခွန်းရဲ့ အဖြေကို မရမချင်း သင်ဟာ နေ့စဉ် အနည်းဆုံး တစ်နာရီလောက်တော့ အသုံးပြုသင့်မှာပေါ့။
၂။ စာရွက်တစ်ရွက်မှာ သင် မြတ်နိုးတဲ့၊ စိတ်ဝင်စားတဲ့၊ သင်အမှန်တကယ်လုပ်ချင်တဲ့ အရာတွေအားလုံးကို ချရေးပါ။ သင် စမ်းကြည့်ချင်တဲ့ ထူးထူးဆန်းဆန်းအရာတွေ အားလုံးကိုလည်း ချရေးကြည့်ပါ။ ဥပမာ- ကျနော့်ရဲ့ စာရင်းထဲမှာဆိုရင် ဒါတွေပါတယ်။ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်ခြင်း၊ စာရေးခြင်း၊ အခြားသူတွေ အောင်မြင်ဖို့ စိတ်ဓာတ်ခွန်အားတွေ မြှင့်တင်ပေးခြင်း၊ ဂစ်တာတီးခြင်း၊ သီချင်းနားထောင်ခြင်း၊ ချက်ပြုတ်ခြင်း၊ ခရီးသွားခြင်း၊ သမိုင်းလေ့လာခြင်း၊ အနုပညာကို ခံစားခြင်း၊ အဲဒါတွေ ပါဝင်ပါတယ်။

၃။ နောက်ထပ် စာရွက်တစ်ရွက်မှာတော့- သင့်ဘ၀မှာ သင်အမှန်တကယ် လုံးဝ မလိုချင်တဲ့အရာတွေအားလုံးကို ချရေးပါ။ အဲဒါဟာ အလွန်ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ သင့်ကိုယ်သင်လည်း ကြည်လင်ပြတ်သားစွာ တွေ့မြင်လာပါလိမ့်မယ်။ အဲဒါတွေကို ချရေးတဲ့အခါ သင့်ကိုယ်သင် ရိုးသားဖို့ လိုပါတယ်။ သင် တစ်စုံတစ်ခုကို လုပ်ရတာ မကြိုက်ဘူးဆိုပါစို့။ အဲဒါကို ချရေးပါ။ ဒါဟာ တာဝန်ကြီးတစ်ရပ်တော့ မဟုတ်ပါဘူး။ သင့်အတွက်ပါပဲ။ သင် တစ်စုံတစ်ခုကို လုပ်ရတာမကြိုက်ဘူးဆိုရင်၊ အဲဒါဘာလဲ။ ချရေးလိုက်ပါ။

၎။ “‘ဒါက ဘယ်သူ့အတွက်လဲ ” လို့ သင့်ကိုယ်သင် မေးကြည့်ပါ။ တခြားသူတွေ သဘောတူတဲ့ အိပ်မက်မျိုးကို ရွေးချယ်မှာလား။ သင့်အတွက် ” သင် ” အမှန်တကယ်လိုချင်တဲ့ အိပ်မက်မျိုးကို ရွေးချယ်မှာလား။ သင့်ရဲ့အိပ်မက်ကို တခြားသူတွေ သဘောကျ ထောက်ခံဖို့ မလိုအပ်ပါဘူး။ ဒါက သင့်ရဲ့ဘ၀လေ။ သူတို့တွေရဲ့ ဘ၀မဟုတ်ဘူး။ တခြားသူတွေရဲ့ ဘဘောကျထောက်ခံမှုကို အလိုရှိခြင်းဟာ ခြိမ်းခြောက်မှုတစ်ခုကို ဖြစ်ပေါ်လာစေတယ်။ အဲဒါကတော့- ” တခြားသူတွေက သဘောမကျဘူးဆိုရင် ဘာဖြစ်မလဲ” ဆိုတဲ့ အတွေးတွေပါပဲ။ သင်က သူတို့ကို ပျော်အောင်လုပ်မှာလား ဒါမှမဟုတ် သင့်ကိုယ်သင် ပျော်ရွှင်အောင် လုပ်မှာလား။ တခြားသူတွေရဲ့ သဘောကျ ထောက်ခံမှုကို ရတာဟာ ကောင်းပါတယ်။ အဲဒါအမှန်ပါပဲ။ ဒါပေမဲ့ တခြားသူတွေက သင်ရွေးချယ်လိုက်တဲ့ Lifestyle ကို သဘောမကျဘူးဆိုတာနဲ့ပဲ အဲဒါကို ပြောင်းမပစ်လိုက်ပါနဲ့။ သင်ဟာ သင်အဖြစ်ပဲ ရှိနေဖို့ သတ္တိမွေးပါ။ သင်ကိုယ်တိုင်က သင့်အတွက် သင့်တော်တယ်လို့ထင်တဲ့ ဘ၀မျိုးကိုပဲ နေထိုင်ပါ။ တခြားသူတွေက ရွေးချယ်ပေးတဲ့ ဘ၀မျိုးကို မနေထိုင်ပါနဲ့။
၅။ သင့်ရဲ့ အိပ်မက်ဟာ အလွန် ထူးခြားကောင်းမွန်တဲ့ အရာတစ်ခုပါပဲ။ သင့်ရဲ့အိပ်မက်က သင့်ကို စိတ်လှုပ်ရှားစေတယ်၊ စိတ်အားတက်ကြွနေစေတယ်။ အဲဒါကို အောင်မြင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း သင် ချမှတ်မှာပါပဲ။ အဲဒါကို သင် အမှန်တကယ် နှစ်နှစ်ကာကာ မရှိဘူးဆိုရင်တော့ သင်အကောင်းဆုံးမလုပ်သေးလို့ပါပဲ။ သင့်ရဲ့အိပ်မက်ဆိုတာ သင် အမှန်တကယ် လုံးဝ အောင်မြင်လိုတဲ့ အရာတစ်ခုပါပဲ။ ဆုံးရှုမှုဆိုတာအတွက် နေရာမရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက သင်လိုချင်တာမရရင် သင့်ကို စိတ်ဆင်းရဲအောင်၊ မပျော်ရွှင်အောင် လုပ်မှာမို့လိုပဲ။ ဒါကြောင့် သင့်ရဲ့အိပ်မက်ကို အောင်မြင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် သင့်မှာရှိဖို့ လုံးဝ အရေးကြီးပါတယ်။ လိုချင်ရုံမျှနဲ့တော့ မဖြစ်ပါဘူး။ စဉ်းစားပါ၊ အစီအစဉ်ဆွဲပါ၊ အားလုံးကို ချရေးပါ၊ ရည်မှန်းချက်တွေ သတ်မှတ်ပါ။ သင့်ရဲ့ အိပ်မက်ကို ရောက်ရှိဖို့ နေ့စဉ်နေ့တိုင်း တစ်နေ့ချင်းစီမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားပါ။

ကျေးဇူးပြုပြီး၊ ဒီစာကို ဖတ်ရုံပဲမဖတ်ပါနဲ့။ လက်တွေ့ဆောင်ရွက်ပါ (Take Action)။ ဘ၀မှာ သင်ဘာကို အမှန်တကယ်လိုချင်တယ်ဆိုတာ တိတိကျကျသတ်မှတ်ဖို့ ဖော်ပြခဲ့တဲ့ အကြံပြုချက်တွေကို သုံးပါ။ ဒီမေးခွန်းကို သတိရပါ- ” ဘ၀မှာ သင် ဘာကို အမှန်တကယ်လိုချင်ပါသလဲ ” ဒီမေးခွန်းရဲ့ အဖြေကို တိတိကျကျ ပေးနိုင်တဲ့သူကတော့ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

Ref: 5 Top Tips To Discover Your Dream by Christopher Green

Your Life Success ( အောင်မြင်ပျော်ရွှင်ရေး ဘလော့ဂ် )
What's more on Your Life Success ? Click on each title.

**Hlyan Htet Oo**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)