ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, November 2, 2011

ငရဲ နဲ့ နတ်ပြည်

>
တချို့က လောကကြီးကို “အကောင်း”လို့ မြင်တတ်ကြပြီး တချို့က လောကကြီးကို “အဆိုး” လို့ မြင်တတ်ကြပါတယ်။ တကယ်တော့ လောကကြီး ကို လွှမ်းမိုးအုပ်စိုး နေတာဟာ အကောင်း နဲ့ အဆိုး မဟုတ်ဘဲ “အကြောင်း နဲ့ အကျိုး “သာ ဖြစ်ပါတယ်။

အကောင်းမြင်သူတွေက လောကြီးမှာ တရားမျှတမှုတွေ ကြီးစိုး လာလိမ့်မယ်လို့ မျှော်လင့် တတ်ကြပြီး၊ အဆိုးမြင်သူတွေက လောကကြီးကို မတရားမှုတွေ လွှမ်းမိုးသွား လိမ့်မယ်လို့ ထင်တတ် ကြပါတယ်။ အမှန်မှာတော့ လောကကြီးဟာ သူတို့ထင်မြင် မျှော်လင့်နေကြသလို မဟုတ်ဘဲ “ရေများ ရေနိုင်၊ မီးများ မီးနိုင်” ဆိုသလို အကြောင်း ရှိသလောက် အကျိုး သက်ရောက် နေခြင်းသာ ဖြစ်ပါတယ်။ အကောင်း အဆိုးဆိုတာ အကြောင်း အကျိုးရဲ့ လက်အောက်ခံပဲ ဖြစ်ပါတယ်။

အကြောင်းနဲ့ အကျိုးကို မှန်မှန် ကန်ကန် နားလည် လက်ခံနိုင်ရင် အကောင်းနဲ့ အဆိုး အဖြစ် အပျက်တွေကို အကြောင်း အကျိုး နိယာမနဲ့ ချိန်ထိုး ကြည့်လိုက်တဲ့အခါ “ကောင်းသော အကြောင်း တရားကြောင့် ကောင်းကျိုး ဖြစ်ပေါ်လာရပြီး၊ ဆိုးသော အကြောင်း တရားကြောင့် ဆိုးသော အကျိုးတရား ဖြစ်ပေါ်လာရတယ်” ဆိုတဲ့ ဥပဒေသဟာ အမှန်တရားကို မြတ်နိုး သူတိုင်းရဲ့ လောက ဖွဲ့စည်းအုပ်ချုပ်ပုံ(Universal Law) ဖြစ်လာပါတော့တယ်။

အကြောင်း-အကျိုးနဲ့ အကောင်း- အဆိုးကို နားလည်လက်ခံ နိုင်သူဟာ ကုသိုလ်- အကုသိုလ်နဲ့ သုခ-ဒုက္ခကိုလည်း နားလည်လက်ခံ နိုင်ပါတယ်။ ကုသိုလ်ဟာ သုခရဲ့ အကြောင်းဖြစ်ပြီး၊ ဒုက္ခဟာ အကုသိုလ်ရဲ့ အကျိုးဖြစ်ပါတယ်။ ဒီလိုပဲ ကုသိုလ်- အကုသိုလ်နဲ့ သုခ-ဒုက္ခကို နားလည် လက်ခံနိုင် သူဟာ နတ်ပြည်နဲ့ ငရဲကိုလည်း နားလည် လက်ခံ နိုင်ရပါမယ်။ အကြောင်းကတော့ နတ်ပြည်ဆိုတာ ကုသိုလ်နဲ့ သုခတို့ရဲ့ ကိုယ်ထင်ပြမှု တစ်ခု ဖြစ်ပြီး ငရဲဆိုတာက အကုသိုလ်နဲ့ ဒုက္ခတို့ရဲ့ ကိုယ်ပွားတစ်ခုပဲ ဖြစ်ပါတယ်။

တချို့ကတော့ “ဘုံခန်းနဲ့မြှောက်၊ ငရဲခန်းနဲ့ ခြောက်”ဆိုသလို နတ်ပြည်နဲ့ငရဲဆိုတာ လူတွေကို မြှောက်ပင့်ဖို့နဲ့ ခြိမ်းခြောက်ဖို့ ဖန်တီးထားတဲ့ ဒဏ္ဍာရီတွေလို့ ထင်တတ်ကြပါတယ်။ အဲဒါ လုံးဝ မဟုတ်ပါဘူး။ အကြောင်း-အကျိုးနဲ့ ကုသိုလ်- အကုသိုလ်ကို လက်မခံ လိုကြသူ လူ့ဗာလ တချို့ရဲ့ မူမမှန်မှု၊ သူတို့ရဲ့ မိစ္ဆာဝါဒထဲကို ကျုံးသွင်း မောင်းချလို မှုတွေသာ ဖြစ်ပါတယ်။

“ကိုယ့်အမှုကြောင့်၊ အထက်ရောက်ခဲ့၊ အောက်ကျသူမှာ၊ ကိုယ့်မှုသာတည်း။ပမာနှိုင်းထောက်၊ တံတိုင်းဆောက်သူ၊ တွင်းတူးသူ၊ နှစ်မူစံထား ကျင့်လေလော့” ဆိုတဲ့ ရှေးဟောင်း နီတိစကားအတိုင်းပါပဲ။

လူသားတွေ အထက်တန်း (နတ်ပြည်) ရောက်ရတာတွေ၊ အောက်တန်း(ငရဲ) ကျရတာတွေဟာ ကိုယ့်အမှု၊ ကိုယ်ကံကြောင့်သာ ဖြစ်ရတာပါ။ ဘယ်သူ့ ပယောဂမှ မပါပါဘူး။ ကုသိုလ်ကောင်းမှု ပြုတဲ့ သူတွေဟာ နံရံ၊ တံတိုင်း ဆောက်တဲ့ ပန်းရံဆရာတွေနဲ့ တူပါတယ်။ တစ်ချပ် ချင်းစီ ထပ်သွား တဲ့ အုတ်ချပ်တွေနဲ့ အတူ သူတို့ရဲ့ အခြေအနေဟာ လည်း အထက်ကို မြင့်တက်လာရပါတယ်။ ဒါဟာ သူ့လုပ်ငန်းရဲ့ သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ရ တာပါ။

မကောင်းမှု အကုသိုလ် လုပ်တဲ့ သူတွေဟာ တွင်းတူး သမားတွေနဲ့ တူပါတယ်။ တစ်လက်မချင်း တူးထုတ်သွားတဲ့ မြေသားတွေနဲ့ အတူ သူတို့ရဲ့ အခြေအနေဟာ မြေကြီးထဲကို နိမ့်ကျ နစ်ဝင်သွားပါတယ်။ အောက်ခံ မြေသားကို (၁၀)ပေလောက် တူးမိရင် သူတို့လည်း မြေကြီးထဲကို (၁၀)ပေ နစ်ဝင် သွားတော့တာပါပဲ။ ဒါဟာ သူ့လုပ်ငန်းရဲ့ သဘာဝ ဖြစ်စဉ်အတိုင်း ဖြစ်ရတာပါ။

ဒီဥပမာ အတိုင်းပဲ သူတော်ကောင်းတွေဟာ ဘ၀ခန္ဓာကို ငြမ်းပမာ တပ်ဆင်ပြီး မိမိတို့ရဲ့ ကုသိုလ် ပါရမီ အဆောက်အဦးကို မြင့်သည်ထက် မြင့်အောင် တည်ဆောက်ရင်း အထက်တန်း ကျ မြင့်မြတ်သွားကြပါတယ်။ လူမိုက် တွေကတော့ မိမိတို့ရဲ့ ဘ၀ခန္ဓာကို မိမိတို့ဘာသာ တူးဖြို ပစ်ပြီး အောက်တန်းကျ နစ်ဝင်သွား ကြပါတယ်။ တကယ်တော့ နတ်ပြည်နဲ့ ငရဲအပါအ၀င် (၃၁)ဘုံသော သြကာသ လောကကြီးဟာ လူသားတွေ ကိုယ့် ဘာသာကိုယ် တည်ဆောက်ထားတဲ့ နေရာဌာနကြီး တစ်ခုသာ ဖြစ်ပါတယ်။

အခု ဒီအကြောင်းနဲ့ ပတ်သက်တဲ့ ပုံပြင်ကလေး တစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ဒီပုံပြင် ကလေးဟာ ဂျပန်ရိုးရာ ပုံပြင်တစ်ခုကို အခြေခံထားတာပါ။

ငရဲ နဲ့ နတ်ပြည်

တစ်ခါတုန်းက ကျေးလက်က တောရွာတစ်ရွာမှာ တောရဆောက်တည်နေတဲ့ ဆရာတော် တစ်ပါး ရှိခဲ့ဖူးတယ်။ ဆရာတော်ဟာ အရပ်တော်က ပုပြီး ကိုယ်ခန္ဓာကလည်း သေးသေး ကွေးကွေးလေး ဖြစ်တာမို့ ရွာထဲက လူတွေ “ဘုန်းဘုန်းလေး”လို့ ခေါ်ကြတယ်။ ဘုန်းဘုန်းလေး ဟာ ခန္ဓာကိုယ်က ပုပုသေးသေးလေး ဖြစ်ပေမယ့် တန်ခိုးကတော့ အင်မတန်ကြီးမားသတဲ့။

ဘုန်းဘုန်းလေးဟာ တစ်ခါတစ်ရံ တောအုပ်တွေပေါ်က ကျော်ပြီး ဆွမ်းခံကြွလာ တတ်သလို တစ်ခါတစ်ရံ မြစ်ပြင်ပေါ်မှာ လမ်းလျှောက်ပြီး တော့လည်း ဆွမ်းခံကြွလာ တတ်တယ်။ ဒီရွာမှာ အမြဲတမ်းလိုလို ဆွမ်းခံကြွနေပေမယ့် ဘုန်းဘုန်းလေး ဘယ်နေရာမှာ သီတင်းသုံးတယ်ဆိုတာ ဘယ်သူမျှ မသိရဘူးတဲ့။ ဘုန်းဘုန်းလေးဟာ စကားနည်းပြီး ပြောရင်လည်း တိုတို ကျဉ်းကျဉ်း ဖြစ်ပေမယ့် အနက် အဓိပ္ပာယ်ကတော့ အင်မတန် ကျယ်ပြန့်သတဲ့။

ဥပမာ ဆိုရရင် တစ်ခါက အသက်(၈၀)လောက်ရှိပြီး အငြိမ်းစား ယူထားတဲ့ အစိုးရ အရာရှိကြီး တစ်ဦးဟာ ဘုန်းဘုန်းလေးရဲ့ အင်မတန် ကျော်ကြားလှတဲ့ ဂုဏ်သတင်းကြောင့် ဆွမ်းခံကြွမယ့်လမ်းမှာ တမင်လာရောက် စောင့်မျှော်ပြီး ဖူးတွေ့ ကန်တော့သတဲ့။ လှူဖွယ်တွေလှူဒါန်း ပြီးတဲ့အခါ “ဆရာတော်ဘုရား တပည့်တော် အတွက် တစ်သက်တာ မှတ်လောက်စရာ သြ၀ါဒစကား ဟောကြား ချီးမြှင့် ပေးတော်မူပါ”လို့ လျှောက်ထားတဲ့ အတွက် ဆရာတော်က “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”လို့ မိန့်ကြားလိုက်ပါတယ်။

ဘုန်းဘုန်းလေးရဲ့ ရိုးစင်းလှတဲ့ သြ၀ါဒ စကားကို နားကြား လိုက်ရတဲ့ အရာရှိကြီး ဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်သလို ပုံစံမျိုးနဲ့ “အရှင်ဘုရား၊ ဒီလိုတရား စကားမျိုးတော့ တပည့်တော် (၈)နှစ်သား အရွယ်ကတည်းက ကြားဖူးပါတယ် ဘုရား”လို့ ပြန်လည် လျှောက်ထားသတဲ့။ အဲဒီအခါ ဘုန်းဘုန်းလေးက “ရှစ်နှစ်သား အရွယ်ကတည်းက ကြားဖူးပြီးသား တရားစကားကို အသက်ရှစ်ဆယ် အရွယ်ရောက် တာတောင် လက်တွေ့ လိုက်နာဖို့ မလွယ်ကူသေးဘူး မဟုတ်လား”လို့ ထပ်ဆင့် မိန့်ကြားတော်မူပါတယ်။ အဲဒီ အခါကျမှ အရာရှိကြီးဟာ “မှန်လှပါ၊ မှန်လှပါ၊ တပည့်တော် နားလည် ပါပြီဘုရား”လို့ ပျာပျာသလဲ ၀န်ခံရသတဲ့။

ဒီလိုနဲ့ တစ်နေ့တော့ ဘုန်းဘုန်းလေးထံ ဓားပြဗိုလ်ကြီး တစ်ယောက်လာတယ်။ အဲဒီ ဓားပြဗိုလ်ကြီးက လုယက် သတ်ဖြတ်ရာမှာ အညှာအတာကင်း ရက်စက်လွန်းလို့ အင်မတန် နာမည်ကြီးပြီး လူတိုင်းက ကြောက်ရွံ့ရသတဲ့။ ဘုန်းဘုန်းလေးထံ ရောက်လာတဲ့ ဓားပြဗိုလ်ကြီးက “ဆရာတော်ဘုရား၊ လောကမှာ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ် ရှိပါသလား၊ ရှိရင် ငရဲ နဲ့ နတ်ပြည် အကြောင်း တပည့်တော်ကို သင်ပြ ပေးပါဦး”လို့ မေးမြန်းလျှောက်ထားသတဲ့။

အဲဒီအခါ ဘုန်းဘုန်းလေးက ဓားပြဗိုလ်ကြီးရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး “မင်းလို သူတစ်ပါးတွေရဲ့ အသက်ကို ရက်ရက် စက်စက် သတ်ဖြတ်ပြီး သူများ စည်းစိမ် ချမ်းသာတွေကို လုယက်ခိုးယူနေသူ တစ်ယောက်ကို နတ်ပြည်အကြောင်း သင်ပြပေးလို့ ဘာအဓိပ္ပာယ်ရှိမှာလဲ၊ အပိုပဲပေါ့”လို့ မိန့်ကြားလိုက်ပါတယ်။ ဘုန်းဘုန်း လေးရဲ့ မထောက်မညှာ မိန့်ကြားတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ ဓားပြဗိုလ်ကြီး ဟာ တစ်ခါတည်း မျက်စိ မျက်နှာပျက်ပြီး လက်တွေ တဆတ်ဆတ် တုန်လာအောင် ဒေါသတွေ ထွက်လာတယ်။

ပြီးတော့ ပွက်ပွက်ဆူနေတဲ့ သူ့စိတ်ကို သူမထိန်းနိုင်တော့ဘဲ “ ဒီလောက် မိုက် ရိုင်း တဲ့ ကိုယ်တော်ကို ခေါင်းဖြတ် သတ်ပစ်တာပဲ နားအေးတယ်” ဆိုပြီး ဆောင်ဓားကို ထုတ်ကာ ဘုန်းဘုန်းလေးရဲ့ ဦးခေါင်းထက်မှာ ချိန်ရွယ်လိုက်သတဲ့။

အဲဒီအခါ ဘုန်းဘုန်းလေးက “အဲဒါ ငရဲပဲ၊ မင်းအတွက် ငရဲတံခါးကြီးပွင့်သွားပြီ” လို့ အမိန့်ရှိလိုက်ပါတယ်။

အဲဒီတော့မှ ဘုန်းဘုန်းလေးဟာ အသက်နဲ့ရင်းပြီး သူနားလည်အောင် ငရဲရဲ့ သဘာဝကို သင်ပြ ပေးလိုက်လို့ ဓားပြဗိုလ်ကြီး သဘောပေါက် သွားတယ်။ ဒါကြောင့် မြှောက်ချီ ထားတဲ့ ဆောင်ဓားကို မြေကြီးပေါ်မှာ အသာ အယာချပြီး လက်အုပ် ချီကာ “ ကျေးဇူးကြီး လိုက်တာ အရှင်ဘုရား။ ခွင့်လွှတ်တော်မူပါ အရှင်ဘုရား”လို့ လျှောက်ထား တောင်းပန်ရင်း ဦးသုံးကြိမ်ချ ကန်တော့လိုက်ပါတယ်။

အဲဒီအခါ ဘုန်းဘုန်းလေက “အဲဒါ နတ်ပြည်ပဲ၊ ဒကာကြီးအတွက် နတ်ပြည် တံခါးကြီး ပွင့်သွားပြီ”လို့ ထပ်မံပြီး အမိန့်ရှိလိုက်ပါတယ်။

ဒီဓမ္မပုံပြင်လေးဟာ ငရဲ နဲ့ နတ်ပြည်ရဲ့ သဘာဝကို လူပြိန်း နားလည်အောင် တစ်စိတ်တစ်ဒေသ ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ ငရဲနဲ့ နတ်ပြည် ရဲ့ သဘာဝ အတိအကျ ကိုတော့ အဘိညာဉ် ရသူများသာ အပြည့်အစုံ သိနိုင်ကြမှာပါ။

နတ်ပြည်နဲ့ ငရဲဆိုတာ ဘုံ၊ နေရာ၊ ဌာနတွေရဲ့ အခေါ်အဝေါ်တွေ ဖြစ်ပေမယ့် ဒီနာမည်တွေမှာ ခံစားမှုပိုင်းဆိုင်ရာ စိတ်ရဲ့ အခြေအနေတွေက အများကြီး လွှမ်းမိုးနေပါတယ်။ ချမ်းသာမှု ကင်းမဲ့တဲ့ အခြေအနေ၊ ဖြစ်ရာဋ္ဌာနဟာ ငရဲဖြစ်ပြီး ချမ်းသာမှု ပြည့်စုံတဲ့ အခြေအနေ ၊ ဖြစ်ရာဋ္ဌာနဟာ နတ်ပြည်ပဲ ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ် ဖော်ဆောင်မှုဟာ ငရဲနဲ့ နတ်ပြည်ဆိုတာ သေလွန်ပြီးနောက် တမလွန် ဘ၀ရောက်မှ တွေ့ကြုံခံစားရမယ့် အရာတွေလို့ လွဲမှားစွာတွေး ခေါ်နေသူတွေကို အမြင်မှန် ရစေမှာ ဖြစ်သလို “ဒီဘ၀ ဒီကိုယ်စံ၊ နောက် ဘ၀ နောက်ကိုယ်ခံ လိမ့်မယ်” ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိ ၀ါဒကိုလည်း စင်ကြယ်စေ နိုင်ပါလိမ့်မယ်။

တကယ်တော့ “ငရဲကျတယ်”ဆိုတာ မကောင်းမှု အကုသိုလ် ဒုစရိုက်ကို လွန်ကျူး မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့ အဲဒီမကောင်းမှု အကုသိုလ်ရဲ့ အပြစ်ကို မုချ ဆတ်ဆတ် ခံစားရတာကို ဆိုလိုတာပါ။ အဲဒီလိုပါပဲ “နတ်ပြည်ရောက်တယ်”ဆိုတာ လည်း ကောင်းမှုကုသိုလ် သုစရိုက်ကို အားထုတ်ပြုလုပ်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာ တော့ အဲဒီကောင်းမှု ကုသိုလ်ရဲ့ အကျိုးကို မုချဆတ်ဆတ် ခံစားရတာကို ဆိုလိုတာပါ။

နတ်ပြည်နဲ့ ငရဲဟာ တမလွန်ဘ၀နဲ့ အကျုံးဝင်သလို ပစ္စပ္ပန် ဘ၀နဲ့လည်း သက်ဆိုင်ပါတယ်။ ကုသိုလ်ကောင်းမှုကြောင့် ဒီဘ၀ ကျေနပ် ကြည်နူးရတဲ့ပီတိ ဟာ ပစ္စုပ္ပန် နတ်ပြည်ဖြစ်ပြီး၊ နောက်ဘ၀ ကောင်းစားရတဲ့ အခြေအနေဟာ တမလွန် ဘ၀ နတ်ပြည်ဖြစ်ပါတယ်။ အကုသိုလ် မကောင်းမှုကြောင့် ဒီဘ၀ ပူပန် ဆင်းရဲရတဲ့ နောင်တ ဟာ ပစ္စပ္ပန်ငရဲဖြစ်ပြီး ၊ နောက်ဘ၀ တွေ့ကြုံရမယ့် ဆိုးဝါးလှတဲ့ အခြေအနေဟာ တမလွန်ဘ၀ ငရဲဖြစ်ပါတယ်။

ပုံပြင်ထဲက ဘုန်းဘုန်းလေး ပြောပြသလိုပဲ နတ်ပြည်နဲ့ ငရဲမျိုးစေ့ဟာ မိမိတို့ရဲ့ နှလုံးသားမှာ ကိန်းအောင်း နေတာမို့ မိမိတို့နဲ့ အနေဝေးလှတာ မဟုတ်ပါဘူး။ ရင်ထဲမှာ ရှိတဲ့ ဒီမျိုးစေ့ကိုပဲ ကုသိုလ်ရေစင်နဲ့ သွန်းဖျန်း လိုက်တဲ့အခါ နတ်ဘုံဗိမာန်တွေ ပေါ်ပေါက်လာပြီး အကုသိုလ်အဆိပ် ရေတွေနဲ့ လောင်းထည့်လိုက်တဲ့အခါ ငရဲကြီးရှစ် ထပ် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

အကြောင်းရှိမှ အကျိုးထင်တတ်တဲ့ လောကကြီးမှာ အကျိုးတရား သက်သက်ဖြစ်တဲ့ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ်တော့ ဘာမျှ ပြဿနာ မဟုတ်ပါဘူး။ အကြောင်း အကျိုးကို ကိုယ်လိုသလို ဆွဲယူချင်တာကသာ ပြဿနာ ဖြစ်ပါတယ်။ “စိတ္တေန နီယတေ လောကော= လောကကြီးကို စိတ်က ဖန်ဆင်းတယ်”ဆိုတဲ့ မြတ်စွာ ဘုရားရှင်ရဲ့ ဆိုမိန့်ချက်ရှိပါတယ်။ ဒါကြောင့် နတ်ပြည်ရော ငရဲပါ(၃၁)ဘုံသော လောကကြီးဟာ လူ့စိတ်တွေ ဖန်ဆင်းထားတဲ့ တကယ့်အရှိတရားတစ်ခု ဖြစ်တယ် ဆိုတာ လွတ်လပ် ပွင့်လင်းတဲ့ စိတ်ထားနဲ့ ရိုးသားစွာ လက်ခံလိုက်ရင် ပြဿနာအားလုံး ရှင်းလင်းသွားလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။

**တော်ဝင်နွယ်**
်http://ashinsirinda.com/index.php/2009-07-18-17-32-10/dhamma-

**From-ko pae lay**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)