ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 7, 2011

ငကြောက်

>
ကျွန်တော်က ကြောက်တတ်ပါသည်။ အလွန့်အလွန်ကို ကြောက်တတ်ပါသည်။ ငယ်ငယ်က စာမရမှာ၊ ဆရာမအရိုက်ခံရမှာ ကြောက်ခဲ့ပါသည်။ သို့သော် ကြောက်ကြောက်နှင့်ပင် စာမကျက်ဘဲ နေနိုင်သမျှ နေခဲ့ပါသည်။ ကြောက်ကြောက်နှင့်ပင် အရိုက်ခံခဲ့ရပါသည်။ မိဘများ အဆူအပူခံရမှာ ကြောက်ပါသည်။ ဆိုးသည်ဟု မိဘများက သတ်မှတ်မည်ကို ကြောက်ပါသည်။ ထို့ကြောင့် တတ်နိုင်သမျှ လိမ္မာချင်ယောင်ဆောင်ပါသည်။ “ငါ့သားလေးက လိမ္မာတယ်” ဟူသော မေမေ့စကားကို သာယာခဲ့ပါသည်။ သူငယ်တန်းအသေး (မူကြို) တွင် “သုံးလူ့ရှင်ပင်” ကို အာဂုံဆောင်နိုင်ခဲ့ပါသည်။ (ဤ ၀ါကျကိုပင် ကိုယ်ရည်သွေးသည်ဟု စွပ်စွဲချက်များထွက်ပေါ်လာမည်ကို “ကြောက်” သဖြင့် ဖျက်ပစ်လိုက်ပြန်ထည့်လိုက် ဝေခွဲမရဖြစ်နေပါသည်။ နောက်ဆုံး အခြားသူများ၏ အထင်ကို ကြောက်သည်ထက် မိမိကိုယ်ကိုယ် ထင်သောအထင်ကို ကြောက်သည်က ပိုသဖြင့် ထည့်လိုက်ပါသည်)

လူပျိုပေါက်အရွယ်ရောက်တော့ မိဘက ဆိုးသည်ဟုသတ်မှတ်ခံရမှာ ကြောက်သည်ထက် ရွယ်တူအပေါင်းအသင်းများက “ငကြောက်” ဟု အထင်ခံရမှာ ပိုမိုကြောက်လာသည်။ အဆိုပါ နှိုင်းရသဘောတရားကြောင့် ကွမ်းယာ၊ ဆေးလိပ်၊ အရက်၊ မူးရစ်ရန်ဖြစ် စသည်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ခဲ့ပါသည်။ ငကြောက်အဖြစ်မှ လွတ်ကင်းခွင့်ရမည့် အဆင့်တစ်နေရာတွင် မိမိကိုယ်ကိုယ် ထားရပါသည်။ နားရွက်တံတွေးလာဆွတ်လျှင် ၀ိတ်တန်းမတူလည်း ရှုံးမယ်မှန်းသိသိ၊ ကြောက်ကြောက်ကြီးနှင့်ပင် ထိုးရပါသည်။ နာမှာကြောက်သည့် အကြောက်သည် “ငကြောက်” ဖြစ်မှာကြောက်သည့်အကြောက်ကို လက်မြှောက်လိုက်ရခြင်းမျှသာ ဖြစ်ပါသည်။ ဤထက် မပိုပါ။ ယခုသော် သူငယ်ချင်းများအမြင်တွင် ငကြောက်ဖြစ်မှာ၊ ယောက်ျားတစ်ယောက်၏ သူရသတ္တိ မပြည့်ဝဟု အထင်ခံရမှာကြောက်သည့် အကြောက်ထက်၊ လူတကာအမြင်တွင် “သေရမှာကြောက်သည်” ဟု အထင်ခံရမည်ကို ပိုမိုကြောက်ရွံ့လာ ပြန်သည်။ သေရမှာ လူတိုင်းကြောက်ကြသည်ဟူသည့် အချက်မှာ ရှင်းလင်းလှသည့် တိုင်အောင် ဘာကြောင့် ဤသို့ဖြစ်နေရသနည်း...။
ပထမတစ်ချက်မှာ ဖတ်ခဲ့ဖူးသော သူရဲကောင်းဝါဒအသားပေး ပုံပြင်ဝတ္ထုများ၏ လွှမ်းမိုးမှုကို နုံနုံအအဖြင့် လက်ခံခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။ ဆားပုလင်းနှင်းမောင်၊ စနေမောင်မောင်၊ ဇော်ဝိတ်၊ ပထမံဆရာသိန်းပါ မကျန် ချီခွေဗားရား၊ မာရှယ်တီတိုးအထိ လွှမ်းမိုးမှုရှိခဲ့သည်။ ပုဂံသူရဲကောင်းလေးယောက်အကြောင်း အနည်းအကျဉ်းပါချင် ပါမည်။

မောင်နှင်းဆွေ၏ ၀တ္ထုများထဲမှ သိုင်းလောကသားများ ပါချင်ပါမည်။ ထို့ကြောင့် ကြောက်တာကို အသာထား မကြောက်ချင်ယောင် ဆောင်ရခြင်းသည် အကျင့်ပါနေခဲ့သော ပုံမှန်အလုပ်ပမာ ဖြစ်ခဲ့သည်။ ကြာလာတော့ ကိုယ့်ကိုယ်ကိုယ်ပင် မကြောက်ချင်ယောင်ဆောင်နေတာလား တကယ်မကြောက်တာလား ဝေခွဲမရတော့။ ကိုယ်လိမ်သောအလိမ်ကို ကိုယ့်ဘာသာကိုယ် ပြန်ယုံချင်သလိုလို ဖြစ်လာသည်။ မည်သို့ပင်ဆိုစေ ကျွန်တော် ကြောက်ခဲ့ပါသည်။

ဒုတိယအချက်အနေဖြင့် ယနေ့လူ့ယဉ်ကျေးမှုတွင်ပင် “အကြောက်တရား” ကို အသရေယုတ်သည့်အလား ထင်မြင်နေကြဆဲ ဖြစ်ပါသည်။ ရှေးဦးလူသားများအဖို့ နေ့စဉ်နှင့်အမျှ စစ်တိုက်၊ အမဲလိုက် စသည့် အရဲကိုးရသည့်အလုပ်များကို နိစ္စဓူဝ လုပ်ကြရသည်။ မိမိလူမျိုးစုကို ကိုယ်စားပြု၍ အန္တရာယ်များကို ရင်ဆိုင်ကာကွယ်ကြရသည်။ ထို့ကြောင့် အဆိုပါ သူရသတ္တိသည် တန်ဖိုးမြင့်သည့်နေရာတွင် ရှိပေလိမ့်မည်။ ထိုင်ကြောက်နေလျှင် မျိုးနွယ်စုကို ကာလွယ်ဖို့မပြောနှင့် မိမိကိုယ်တိုင်ပင် ဆက်လက်အသက်ရှင်ရပ်တည်ဖို့ လွယ်မည်မဟုတ်ပါ။ ထို့ကြောင့် သတ္တိရှိသောသူသည် စင်ပေါ်ရောက်ရပေလိမ့်မည်။

ယနေ့ယဉ်ကျေးမှုသည်လည်း ရှေးဦးယဉ်ကျေးမှုနှင့် အခြေခံအားဖြင့် ဘာမျှထူးသည်မဟုတ်ပါ။ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် မရှိဘူးဟု သတ်မှတ်ခံရလျှင် သစ္စာဖောက်ဟု စွပ်စွဲပေလိမ့်မည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ဘာသာရေးအရ၊ လူမှုရေးအရ မတူညီသည့်အရာများအပေါ် ဥပဒေဘောင်အတွင်းမှ ယဉ်ယဉ်ကျေးကျေး တိုက်ပွဲဆင်ရသည်။ ထမင်းတစ်လုပ်ရှာစားရသည့် အရေးသည် ရှေးဦးလူသား အမဲလိုက်ပုံနှင့် ပုံသဏ္ဍာန်အားဖြင့် များစွာကွာခြားခဲ့ပြီဖြစ်သော်လည်း အနှစ်သာရ အားဖြင့် ထပ်တူထပ်မျှ တူသည်။

ဤတွင် “သတ္တိ” ၏ ပုံသဏ္ဍာန်လည်း ပြောင်းလဲလာသည်။ သတ်ရဲဖြတ်ရဲသည့် တိုက်ပွဲဝင်သတ္တိထက် ဉာဏ်ရည်သတ္တိဟု ဆိုရမည့် “ပါးရည်နပ်ရည်ရှိခြင်း”၊ “အကွက် ရွှေ့တတ်ခြင်း”စသည့် Business Man တစ်ယောက်၏ သတ္တိများ အစားထိုးဝင်ရောက်လာသည်။ အသက်ရှင်ရပ်တည် (Survive) နိုင်ရန်အတွက် “သူရဲကောင်းဝါဒ” သည် ဒီမိုကရေစီနည်းကျ လူပြိန်းကြိုက်ဝါဒအဖြစ် ယနေ့တိုင်အောင် တည်ရှိနေပါသည်။ ထို့ကြောင့် အခြားတစ်ဘက်တွင် “အကြောက်တရား” သည် အသရေယုတ်သည်ဟု ထင်မြင်နေရပါသည်။ ထို့ကြောင့်ပင် အသရေယုတ်ခြင်းကို ရှောင်ရှားနိုင်ပြီး ဂုဏ်ကျက်သရေရှိသည့် အဖြစ်သို့ ရောက်နိုင်ရန်အတွက် ကျွန်တော်၏ “အကြောက်စိတ်” က ကျွန်တော့်ကို ကြောက်ကြောက်ကြီးနှင့် မကြောက်ချင်ယောင်ဆောင်ရန် မောင်းနှင်နေပါသည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့သည် သဘာဝအားဖြင့် ကြောက်နေကြဆဲ ဖြစ်ပါသည်။ တကယ်တော့ အကြောက်တရားသည် အားကောင်းမောင်းသန် ဗီဇစိတ် (Instinct) တစ်ခု ဖြစ်ပါသည်။ အားနည်းချက်တစ်ရပ် မဟုတ်ပါ။ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် သဘာဝကပေးထားသည့် စက်မှုဗေဒတစ်ရပ် ဖြစ်ပါသည်။ ကြောင်ကလေးတွေလည်း ကြောက်ကြပါသည်။ လင်းနို့များလည်း ကြောက်ကြသည်။ ၀ံပုလွေများလည်း ကြောက်ကြသည်။ ထို့အတူ လူတို့လည်း ကြောက်ကြပါသည်။ တောတွင်းသားရဲ အရိုင်းအစိုင်းများ၏ နိုင်ရာစားဥပဒေတွင် ရှင်သန်နေထိုင်နိုင်ရန် အကြောက်တရားသည် သဘာဝကာကွယ်ရေးစနစ်တစ်ရပ် ဖြစ်ပါသည်။ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော သမင်တစ်ကောင်သည် ကျားသစ်အစားခံရရန် ပိုမိုနီးစပ်ပါသည်။ အဆိုပါကျားသစ်သည်လည်း ခြင်္သေ့ကြီးတစ်ကောင်ကို ခုန်အုပ်ရဲသည်အထိ ရဲရင့်နေလျှင် ဒုက္ခတွေ့နိုင်သည်။ လူတို့တွင်လည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။

ကျွန်တော့်အတွက်မူ မိန်းကလေးတစ်ယောက်နောက်သို့ လိုက်ရမှာ ကြောက်ပါသည်။ ထို့အတူ ထိုအချက်ကို သူငယ်ချင်းများ ပြက်ရယ်ပြုကြမည်ကိုလည်း ကြောက်ပါသည်။ ကျွန်တော် သေရမှာကို ကြောက်ပါသည်။ ထို့အတူ ထိုအချက်ကို လူများ ပြက်ရယ်ပြုမှာလည်း ကြောက်နေပါသည်။ ကျွန်တော် ယုံကြည်ချက်အတွက် ထောင်ထဲဝင်ရမှာ ကြောက်ပါသည်။ ထို့အတူ ထိုအချက်ကို နောင်လာနောက်သားများ ပြက်ရယ်ပြုကြ မည်ကိုလည်း ကြောက်နေပါသည်။

Posted by တေဇာ (လရောင်လမ်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)