ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 24, 2011

ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ

>
**ဦးခင်ရွှေနဲ့စစ်အစိုးရ ဆက်ဆံရေး**

ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကြီးပွားချမ်းသာလာခြင်းဟာ စစ်အစိုးရက သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပီး ချမ်းသာလာသူဖြစ်ပါတယ်။ နအဖ န၀တ စစ်အစိုးရအဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကို စစ်အစိုးရကလဲ ထိုက်ထိုက်တန်တန် အသုံးချခဲ့ပါတယ်။

၁၉၉၇ ခုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီတွေကို ဇေကမ္ဘာကုမ္ဗဏီပိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်အစောပိုင်းကစပီး Jafferson Waterman International ဆိုတဲ့ ကုမ္ပဏီကို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုးရက ငှားပီး လော်ဘီလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒိနောက်မတော့ Bain & Associates ကုမ္ပဏီကို တနှစ် ဒေါ်လာ ၂ သိန်းခွဲကျော်ပေးပီး ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားခဲ့ပါတယ်။ ဒါလဲ မအောင်မြင်ခဲ့ပါဘူး။

ဒိနောက် Atlantic Group ကုမ္ပဏီကို ဒေါ်လာအမြောက်အများပေးငှားပေမဲ့လဲ စစ်အစိုးရ သိက္ခာတက်မလာခဲ့ပါဘူး။ ဒိနောက် ၂၀၀၂ ခုမှာ DCI Group ဆိုတဲ့ အမေရိကန် ကုမ္ဗဏီကို ရှစ်လတွက် ဒေါ်လာ ၃ သိန်းခွဲနဲ့ ငှားခဲ့ပေမဲ့ နောက်ဆုံး ဒီကုမ္ပဏီနဲ့လဲ စစ်အစိုးရ ခွဲပြဲခဲ့ပါတယ်။

ဒီအခြေအနေတွေကိုကြည့်ရင် ဦးခင်ရွှေဟာ စစ်အစိုးရလက်ထက်ကထဲက ဘယ်လောက် အတိုင်အတာထိ အရေးပါနေသလဲ သိသာပါတယ်။

အမေရိကန် ဆန်ရှင်ပြန်ဖွင့်နိုင်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာတက်လာရေးစီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး စစ်ဗိုလ်တွေလုပ်ခဲ့တာမို့ ဦးခင်ရွှေဟာ ထောက်လှမ်းရေးအဖွဲ့က လက်ရင်းထား အားကိုးခံခဲ့ရသူ လုပ်ငန်းရှင်ကြီး တဦးဆိုလဲ မမှားပါဘူး။ ဒီစီမံကိန်းသာအောင်မြင်ခဲ့ရင် ဦးခင်ရွှေဟာ ဒိထက်ပိုပီး သူကောင်းပြုခံရမှာ ဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို အနောက်နိုင်ငံ စာနယ်ဇင်းတွေက ဖော်ထုတ်ခဲ့တဲ့အတွက် ဦးခင်ရွှေပါ စစ်အစိုးရနဲ့အတူ ရောပီး သိက္ခာကျခဲ့ပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဦးခင်ရွှေကို သုံးပီး အမေရိကန်ကို လိမ်ဖို့ ထောက်လှမ်းရေးအဖွဲ့က ကြိုးစားခဲ့တာတွေကို အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်ရသွားတဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကလဲ ခုထိ ဖော်ထုတ်ခြင်း မပြုဘဲ ငြိမ်နေပါတယ်။

**ဦးခင်ရွှေ ဒေါက်တာဘွဲ့အတု ဘယ်လိုရသလဲ**

စစ်အစိုးရဟာ တဘက်က ဦးခင်ရွှေကို အသုံးချပီး အမေရိကန် PR ကုမ္ဗဏီတွေနဲ့ သိက္ခာတက်အောင် ကြိုးစားနေချိန်မှာ တဘက်ကလဲ ဦးခင်ရွှေကို ဒေါက်တာဘွဲ့တခု ရအောင် ဖန်တီးပေးပီး PR ကမ်ပိန်း အရှိန်ရအောင် ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးခင်ရွှေရတာ ဒေါက်တာဘွဲ့အတုဖြစ်ကြောင်း ဖော်ထုတ်ခဲ့တဲ့ အမေရိကန်တွေဘက်က မြင်ပါတယ်။

ဦးခင်ရွှေဟာ စစ်အစိုးရ သိက္ခာတက်ရေးအတွက် Bain & Associates ကုမ္ပဏီနဲ့ အလုပ်များနေတုံးမှာ ဦးခင်ရွှေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်က ပေးအပ်တဲ့ Business Administration ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်တဲ့အခမ်းအနားလုပ်တဲ့အကြောင်း စစ်အစိုးရသတင်းကို ကိုးကားပီး အမေရိကန် Washington Post သတင်းစာက ဖော်ထုတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ကောလိပ် တက္ကသိုလ်တွေကို ပိတ်ထားတာ တနှစ်ကျော်နေတဲ့အချိန်မှာ စစ်အစိုးရက ဦးခင်ရွှေသတင်းကို ထုတ်ပြန်လိုက်လို့ ပြည်ပရောက် ဒီမိုကရေစီရေး မြန်မာအတိုက်အခံတွေလဲ အံ့အားတသင့် ဖြစ်ကုန်ပါတယ်။

စစ်အစိုးရ သတင်းစာတွေအရဆိုရင် ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့အခမ်းအနားမှာ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ကမကထနဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal နဲ့ ၀ါရှင်တန် တက္ကသိုလ် ဂုဏ်ထူးဆောင် သုတေသန ကော်မီတီ ဥက္ကဌ ဒေါက်တာ Jom Lim တို့ကနေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

တကယ်တော့ ဦးခင်ရွှေဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်က အငြိမ်းစားယူခဲ့သူဖြစ်ပီး အတန်းပညာ အထက်တန်းတောင် မအောင်ခဲ့ဘူးလို့ အမေရိကန် သတင်းစာတွေက ရေးပါတယ်။

**မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ**

ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-

၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။

၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့ တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင် နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့ စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ပီး တရားစွဲဘို့ ပြင်ဆင်ခဲ့ပါတယ်။

(ပင်ဆယ်ဗေးနီးယားအခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့ ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပီး Federal District တရားရုံးကနေ တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ပုံးတလုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့ တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါတယ်)

၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ တွေ့ရပါတယ်။

၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို ဦးခင်ရွှေကဘဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။

၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့ မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့ ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့ ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။

ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲအတုရအောင် စစ်အစိုးရက ဘာကြောင့် လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန် တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။

**နိဂုံး**

ဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုးရက ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ် ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုခွင့်ရှိပါတယ်။

**ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်**

** From-မာဃလုလင်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)