ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 24, 2011

တခုခုကို အောင်မြင်အောင်ဘယ်လိုလုပ်မလဲ...

>
သင်ဟာ သင့်ရဲ့ အခြေခံကျတဲ့ ဓနဥစ္စာ၊ ချမ်းသာကြွယ်ဝမှု၊ ဆက်ဆံရေးနဲ့ အလုပ်အကိုင်မှာ အောင်မြင်ဖို့ ကြိုးစားတာ ရလား မရလားဆိုတာ အရေးမကြီးပါဘူး။ တရားဝင်အသိအမှတ် ပြုထားတဲ့ အာဟာရဗေဒပညာရှင်နဲ့ ဇီဝကမ္မဗေဒပညာရှင် Caitlin Reid က ဘယ်လိုအခြေအနေဖြစ်ဖြစ် လက်တွေ့အသုံးဝင်တဲ့ အကြံပေးစကား ၆ချက်နဲ့ အောင်မြင်အောင် ကူညီနိုင်လိမ့်မယ်လို့ ပြဌာန်းထားပါတယ်။

(၁) သင်ဘာလိုချင်တယ်ဆိုတာ သိပါ။

သင့်မှာ အောင်မြင်ဖို့ ဆန္ဒရှိရမယ်။ ဘဝမှာ ဘာလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ သင့်ရဲ့ပန်းတိုင်ကို အောင်မြင်အောင်ရောက်ဖို့ လိုအပ်မယ့် အလုပ်တွေကို ခွဲခြားနိုင်ဖို့ လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်ဆိုတာ ဘဝမှာ သင်သွားမယ့်နေရာကို ဦးဆောင်လမ်းပြပေးမှာပါ။ ရည်မှန်းချက်မရှိရင် ဘယ်နေရာမှာ အဆုံးသတ်ရမယ်ဆိုတာ ဆုံးဖြတ်လို့ရမှာမဟုတ်ဘူး။

(၂) ဘယ်တော့မှ အရှုံးမပေးပါနဲ့။

ကြံ့ကြံ့ခံနိုင်မှုဟာ အောင်မြင်မှုအတွက် နံပါတ်တစ်ဖြစ်ပါတယ်။ လူတွေဟာ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ကြိုးစားနေရင်း အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒါမှမဟုတ် အပြစ်ရှာ ဝေဖန်မှုတွေ ရှိလာတဲ့အခါ စိတ်ပျက်အားလျော့မှု ဖြစ်ဖို့ လွယ်ကူကြတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အောင်မြင်မှုတခုဖြစ်လာဖို့ဆိုရင် ဝေဖန်မှု၊ ပယ်ချမှု၊ ဖိအားပေးမှုနဲ့ ကျရှုံးမှုတွေကို ကျော်ဖြတ်ပြီး မလျှော့တမ်း လုပ်ရမယ်။ ရဲရင့်တက်ကြွတဲ့တိုက်ပွဲက အောင်မြင်မှုကို တည်ဆောက်ပေးလိမ့်မယ်။

(၃) သင့်ကိုယ်သင် ယုံကြည်ပါ။

အောင်မြင်ဖို့ဆိုရင် သင့်မှာ ကောင်းတဲ့အမြင် ရှိဖို့လိုပါတယ်။ ပြီးတော့ သင့်ရဲ့ရည်မှန်းချက် အောင်မြင်နိုင်တယ် ဆိုတာ ယုံကြည်ဖို့ လိုပါတယ်။ သင့်ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ဆိုရင် စွမ်းဆောင်နိုင်တဲ့ ယုံကြည်မှုနဲ့ တိုးတက်မှုရှိတဲ့ အလားအလာ၊ သဘောထား ရှိဖို့ လိုပါတယ်။ သင့်အကြောင်း သင့်ကိုယ်သင် သတိပြုမိတဲ့အခါ၊ ဘဝရဲ့ စိမ်ခေါ်မှုတွေကို ပိုပြီး ယုံကြည်စိတ်ချမှုရှိစွာနဲ့ တုံ့ပြန်လာနိုင်မှာပါ။ ရှက်ရွံ့မှုနဲ့ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ဖို့ သင့်ကိုယ်သင် တွန်းအားပေးတာက အမှန်လို့ လက်ခံမယ်ဆိုရင် သင်ဟာ အောင်မြင်မှုနဲ့ ပိုဝေးပြီး ကျရှုံးသွားလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ သင်အောင်မြင်ပါလိမ့်မယ်။

(၄) လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါနဲ့။

အောင်မြင်မှု ရှိတဲ့ လူတွေဟာ လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါဘူး။ သူတို့ဟာ တခြားသူတွေရဲ့ အတွေ့အကြုံသစ်တွေကို လေ့လာသင်ယူတယ်၊ ပြီးတော့ သူတို့ရဲ့ အမှားတွေကနေ သင်ခန်းစာ ယူကြတယ်။

အခွင့်အလမ်းတိုင်း အခွင့်အလမ်းတိုင်းကို လေ့လာသင်ယူတာဟာ သင့်ရဲ့ အသိပညာတွေ တိုးပွားစေဖို့ဖြစ်ပါတယ်။ သင်ရောက်နေတဲ့ နေရာ၊ နယ်ပယ်ကိုလည်း ဦးဆောင်နိုင်ပါလိမ့်မယ်။ စာအုပ်စာပေ များများဖတ်ပါ၊ အရည်အသွေး အသစ်တွေကို ဆည်းပူးပါ၊ လေ့ကျင့်သင်ကြားမှု အသစ်တွေကို ရှာယူပါ။ ကျန်တဲ့အပိုင်းတွေမှာ သေချာပေါက် သာလွန် အောင်မြင်လာပါလိမ့်မယ်။

(၅) သင်နှစ်သက်တာကို သင်လုပ်ပါ။

တခုခုကို ကောင်းကောင်း လုပ်တော့မယ်ဆိုရင် အနည်းဆုံး နှစ်သက်မှု ရှိရပါမယ်။ သင်ပိုင်ဆိုင်တဲ့ အချိန်တွေကို နှစ်သက်သလို အားထုတ်တာဟာ အောင်မြင်ဖို့ တွန်းအားတခုပဲဖြစ်ပါတယ်။ သင်နှစ်သက်တာကို သင်လုပ်ပါ၊ အောင်မြင်မှု ရလာပါလိမ့်မယ်။

(၆) အပျော်အပါးကို ရှောင်ကျဉ်ပါ။
ကျွန်ုပ်တို့ အများစုဟာ ပြဿနာတချို့ကို ကိုယ်တိုင် ဖြေရှင်းမယ်ဆိုရင် နောက်ဆုံးမှာ ပျော်ရွှင်နိုင်မယ်လို့ ယုံကြည် ပါတယ်။ ဒါပေမယ့် သက်တောင့်သက်သာ မရှိပဲ ပျော်ရွှင်မှုအတွက် ကြိုးပမ်းတာ၊ တဦးချင်းသီးသန့် အချက်တွေမှာ ပျော်ရွှင်မှုကို ရှာဖွေခြင်း မပြုတာဟာ ဘဝရှင်သန်ဖို့ နည်းလမ်း မဟုတ်ပါဘူး။ အောင်မြင်မှု ရှိတဲ့ လူတွေက အချိန်ဆွဲတာကို ရှောင်ကျဉ်ကြတယ်။ ပြဿနာတွေ အတွက် ဆုံးဖြတ်ချက် ချဖို့ စောင့်စားမနေပါဘူး။

အောင်မြင်မှုရှိတဲ့ လူတွေဟာ ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်းမှာ ပျော်ရွှင်မှုကို ရှာဖွေကြပါတယ်၊ သူတို့ဟာ သူတို့အတွက် မှန်ကန်တဲ့ လမ်းကြောင်းကို တရားနည်းလမ်း ကျကျ စဉ်းစားကြတယ်။

www.funzug.com မှ ( How To Succeed At Anything) ကို ဘာသာပြန်ပါသည်။

**ရေးသားသူ -သဒ္ဓါလှိုင်း**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)