**အင်္ဂလန်နှင့်စပိန် ချစ်ကြည်ရေးကစားမည်**
(လန်ဒန်၊ နိုဝင်ဘာ ၈)
အင်္ဂလန်အသင်းနှင့် စပိန်အသင်းတို့သည် လာမည့်နိုဝင်ဘာ ၁၂ ရက်တွင် ၀င်ဘလေကွင်းကြီး၌ ချစ်ကြည်ရေး ခြေစမ်း ကစားကြမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် စပိန်အသင်းအတွက် ပရီးမီးယားလိဂ်၌ ကစားနေသောကစားသမားလေးဦး ပါဝင်ကစားပေးမည်ဖြစ်သည်။ ယင်းကစားသမားလေးဦးမှာ ချယ်လ်ဆီးအသင်းမှ တောရက်စ်နှင့် မာတာ၊ မန်စီးတီးအသင်းမှဒေးဗစ်ဆေးလ်ဗား၊ လီဗာပူးအသင်းဂိုးသမား - ဂျို့စ်ရေနာတိုဖြစ်ကြသည်။ ယင်းတို့သည်။ ကလပ်အသင်းကစားဖော်များနှင့် ပြန်လည်ကစားကြရမည်ဖြစ်သည်။
(Spain Vs England)

အာဆင်နယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်သည်လည်း စပိန်အသင်းတွင် ပါဝင်ကစားမည်ဖြစ်သည်။ ဘာစီလိုနာကွင်းလယ်ကစားသမား အင်နီယေစတာအား တံကောက်ကြောထိခိုက်ဒဏ်ရာရထားရာမှ ပြန်ခေါ်ထားသည်။
ထို့အပြင် စပိန်အသင်း၏ အဓိကကစားသမားများဖြစ်ကြသော ကားဆီးလက်၊ ဇာဗီ၊ ပူယိုးလ်နှင့် အလွန်ဆိုတို့လည်း ပါဝင်ကစားကြမည်ဖြစ်သည်။ (အင်တာနက်)
**အားကစားသတင်းအတိုအထွာ**
မန်ယူတိုက်စစ်မှူး ဘာဘာတော့ဗ်အား တူရကီကလပ် ဂါလာတာစာရေးက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိသည်။
ဂျူဗင်တပ်စ် တိုက်စစ်မှူး အမာယူရီအား စပါးအသင်းက လာမည့်ဇန်န၀ါရီလ အပြောင်း အရွှေ့ရာသီတွင် ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူရန် သဘောတူထားသည်။
(ပက်ဂျီဆန်)

မန်ယူကွင်းလယ်ကစားသမား ပက်ဂျီဆန်က ယခုနှစ်ရာသီတွင် ပုံမှန်ပွဲထွက်ကစားခွင့် မရသော်လည်း သူ၏ဘောလုံးကစားဘ၀ကို မန်ယူတွင် အဆုံးသတ်ရန် လိုလားကြောင်း အခိုင်အမာပြောဆိုလိုက်သည်။
မန်ယူက ပီအက်စ်ဗွီအိုင့်ဟိုဗင် ကွင်းလယ်ကစားသမား အန်ဒရီရပ်ပီရိရာအား ခေါ်ယူစာချုပ်ရန် ကြိုးစားလျက်ရှိသည်။
ဘရာဇီးဆော်ပေါလိုတိုက်စစ်မှူး လူးကက်အား လီဗာပူးက ခေါ်ယူရန် ကမ်းလှမ်းထားသ်ည။
ရီးရဲမက်ဒရစ်ကွင်းလယ်ကစားသမား ဆာမိခီဒီရာအား မန်စီးတီးက ခေါ်ယူရန် စဉ်းစားနေသည်။
ဖူလ်ဟမ်တိုက်စစ်မှူး မောက်ဆာဒမ်ဘီလီအား စပါးအသင်းက ပေါင် ၁၀ သန်းဖြင့် ခေါ်ယူရန် သဘောတူထားသည်။
(ရော်ဂျာဖက်ဒဲယား)

ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာဖက်ဒဲယားသည် ဆွစ်အင်ဒိုးတင်းနစ်ပြိုင်ပွဲတွင် ကိနိရှိကိုရီအား ၆-၁၊ ၆-၃ဖြင့် နိုင်ပြီး ချန်ပီယံဆုဖလား ဆွတ်ခူးရရှိသွားသည်။ ကမ္ဘာကျော် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒဲယားသည် ယင်းဆုဖလား ဆွတ်ခူးနိုင်ခြင်းမှာ ဆယ်လအတွင်း ပထမဆုံးအကြိမ် ဖလားဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

လာမည့် ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲတွင် အင်္ဂလန်အသင်းအနေဖြင့် အကြိုဗိုလ်လုပွဲအထိ ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း လီဗာပူး ကွင်းလယ်ကစားသမား စတီဗင်ဂျရတ်က ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
**စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment