အရမ်းချမ်းသာတဲ့ အမျိုးသမီးတစ်ယောက် တစ်နေ့မှာ ပန်းချီဆရာ ဆီ လာပြီး သူ့ရဲ့ပုံတူကို ဆွဲခိုင်းပါတယ်။
သူ့ခင်ပွန်းအတွက် လက်ဆောင်ပေါ့။ ပန်းချီဆရာက ပန်းချီဆွဲဖို့ သူ့ကို ထိုင်ခိုင်းလိုက်ပါတယ်။ အဲဒီမှာ အမျိုးသမီးက "ဆရာရေ ...ကျွန်မကို ခုအနေအထားအတိုင်း တစ်ပုံစံတည်းတူအောင်ဆွဲပေးပါနော်။ ကျွန်မ မျက်နှာကအရေးအကြောင်းတွေရော၊ ဟော့ဒီပါးထက်က မှဲ့လေးရော၊ တစ်ခုပဲ...။ ကျွန်မရဲ့ လည်ပင်းနဲ့ လက်တွေမှာ စိန်လည် ဆွဲတွေ၊ ဘယက်တွေ၊လက်ကောက်ကြီးတွေနဲ့စိန်လက်စွပ်ကြီးတွေ များများသာ ထည့်ပေးပါနော်"လို့ ပြောပါတယ်။
ဒါနဲ့ ပန်းချီဆရာလည်း နားမလည် နိုင်အောင်ဖြစ်ပြီး ဘာကြောင်လဲလို့ မေးတော့အမျိုးသမီးပြန်ဖြေတာက "တကယ်လို့ ကျွန်မသေပြီး ကျွန်မ ယောက်ျားနောက်အိမ်ထောင်ပြုခဲ့ရင် အဲဒီမိန်းမက ဒီလက်ဝတ်ရတနာ တွေ လိုက်ရှာရင်းနဲ့ ရူးမှာလေ"တဲ့။
အားလုံးပျော်ရွင်ပါစေ
**မာမာ**

No comments:
Post a Comment