ဘုရားတရားအရမ်းကြည်ညိုတဲ့အဘွားကြီးတစ်ယောက်ရှိတယ်။
တစ်နေ့ရေကြီးလို့ လူတွေထွက်ပြေးကြတယ်။
အဘွားကြီးကငါ့ကိုဘု၇ားကယ်လိမ့်မယ်ဆိုပြီး ဘုရားပဲရှိခိုးနေတယ်။
ရေတက်လာတာ ခြေမျက်စိရောက်တော့၊လှေငယ်တစ်စီးနဲ့လူတစ်ယောက်က“
အဘွားမြန်မြန်လာ ရေတက်လာပြီ”ဆိုတော့“ သွား...သွား...ငါ့ကို
ဘုရားကယ်လိမ့်မယ်” ဆိုပြီ ပြန်ပြောလိုက်တယ်။
ရေခါးလောက်ရောက်တော့ မော်တော်ဘုတ်တစ်စီး ရောက်လာတယ်“
အဘွား၊မြန်မြန်လာ...ရေအရမ်းတက်လာပြီ” ဆိုတော့” သွား..သွား..ငါ့ကို
ဘုရားကယ်လိမ့်မယ်” လို့ပြောလိုက်ပြန်တယ်။
ရေက လည်ပင်းလောက်ရောက်တော့ ရဟတ်ယာဉ်တစ်စီးရောက်လာတယ်။
ကြိုးချပေးတော့“ သွား..သွား..ငါ့ကို ဘုရားကယ်လိမ့်မယ်လို့”
ပြောလွှတ်ပြန်တယ်။
ရေက ဆက်တက်လာတော့ အဘွားကြီးလည်းရေနစ်သေရော...။
ယမမင်းနဲ့တွေ့တော့ “ငါ့ဒီလောက် ဘုရားရှိခိုးတာတောင် ဘုရားက ငါ့ကို
မကယ်ဘူး”လို့အဘွားကြီးကပြောတယ်။
ယမမင်းက “သင့်ကို ကယ်ဖို့သုံးကျြိမ်လွှတ်လိုက်တယ်.... သင်ဟာ
အခွင့်အလမ်းကို မသိဘူး” လို့ ပြန်ပြောလိုက်တယ်။
ရည်ညွှန်း-
-အခွင့်အလမ်းကို အခွင့်အလမ်းမှန်းသိဖို့ အလွန်လိုအပ်ပါတယ်။
(shine hope ပတ်ဝန်းကျင်ကသိသည်များကို members အားမျှဝေပါတယ်)
**tha dasoe**

No comments:
Post a Comment